Monday, May 14, 2012

ဆုတ်လဲစူးစားလဲရူးဘ၀ရောက်နေတဲ့ KIA တပ်ဖွဲ့ဝင်များ

Posted by မျိုးချစ်သူရဲကောင်းများ On 3:30 AM 1 comments

KIA တပ်မဟာ ၃ လက်အောက်ခံ ရင်း ၁၅၊ ရင်း၂၁ နဲ့ တပ်မဟာ ၅ လက်အောက်ခံရင်း ၂၅ မှ အင်းအား ၃၀အား မေ ၇ ရက်နေ့မှစ၍ ဗန်းမော်မြို့သစ်လမ်းပေါ်ရှိ ၀၀မ်ရွာ နဲ့ ၁၇မိုင်ရွာ ၁၄မိုင်ရွာ တို့ကြားထဲက ငှက်ပျောခြံတွင် အစိုးရတပ်လာရင် ခြုံခိုတိုက်ခိုက်ရန် ဗဟိုကညွှန်ကြား ထားပြီး တပ်မဟာ၊ တပ်ရင်းမှပြန်လည်ညွှန်ကြားခဲ့သော်လည်း ၎င်းအဖွဲ့မှ လုပ်ဆောင်ခြင်းမရှိသည့် အတွက် အဖွဲ့ခေါင်းဆောင် ၇ဦးအား ရင်းများကိုခေါ်ယူကြောင်းသိရပါတယ်။ ပြန်ခေါ်ပြီးတော့ ရင်းများတွင် ၎င်းအဖွဲ့ ခေါင်းဆောင်များကို သေဒဏ်ချမှတ်ရန် ဗဟိုမှညွှန်ကြားထားပြီးဖြစ်တယ်။
ချက်မာ နားမှာလဲ ရင်း ၂၅ နဲ့ ၂၁ မှ မိုးမောက်မှဒေသခံ KIA တပ်သား ၂၅ ဦးကို နန့်ကျရီ ချောင်းနဲ့ ဒဂေါ် တို့တွင် တာဝန်ထမ်းဆောင်ရန်နဲ့ မိုးမောက်မြို့ပေါ်တွင် မိုင်းဖောက်ခွဲရန်အတွက် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးကို ၎င်းလူများကိုကွပ်ကဲပြီးလုပ်တောင်သွားရန်ညွှန်ကြားထားခဲ့ပါတယ်။ လုပ်ဆောင်မှုမရှိတဲ့အတွက် ၎င်းဗိုလ်ကြီးအား ဖြေရှင်းချက်တင်ပြရန် တပ်မဟာ ၃မှတဆင့် ဗဟိုမှ ညွှန်ကြားထားခဲ့ပါတယ်။



လက်အောက်ငယ်သားတွေကိုလဲ သက်သာချောင်ချိလဲမလုပ်ပေးဘဲ။ မသေရုံထမင်းလေး စားရရုံလေးစားရနေပြီး ပြည်သူလူထုတွေကိုအဖျက်အမှောင့်လုပ်ခိုင်းတယ်။ ဒါကြောင့် အဓမ္မ စုဆောင်း ထားခြင်းခံရတဲ့ ရဲဘော်လေးတွေက ထွက်ပြေးဒါတွေဖြစ်ကုန်တယ်။ နောက်ပြီးတော့ ရဲဘော်လေးတွေက ကလေးသာသာလောက်တာရှိတဲ့အတွက် ပင်ပန်းဆင်ရဲတဲ့ဒဏ်တွေကိုမခံနိုင် တာလဲပါတာပေါ့။ KIA ခေါင်းဆောင်ကြီး တွေက လိုင်ဇာမြို့ပေါ်မှာ ဟိုတယ်ကြီးတွေ၊ အိမ်ကြီး အိမ်ကောင်းတွေမှာ စားကောင်းသောက်ဖွယ်တွေနဲ့စားသောက်နေပေမယ့် လက်အောက်က ငယ်သားတွေကတော့ တောထဲမှာပင်ပန်းဆင်းရဲစွာလုပ်ကိုင်နေရပေမယ့် အစားအသောက်က ပုံမှန်မရှိဘဲ မလုံမလောက် စားသောက်နေရတယ်။ ခေါင်းဆောင်ကြီးတွေက လိုင်ဇာမြို့ပေါ်မှာ တစ်တောင်လောက်ရှိတဲ့ မှို့ယာပေါ်မှာ ကိုယ်ရံတော်ကိုယ်လုပ်တော်ကောင်းမလေးတွေနဲ့ စည်းစိမ် ခံစားနေပေမယ့် အောက်က လူတွေ ကတော့ မြေကြီးပေါ်မှာ ဆင်းရဲစွာအိပ်နေရပါတယ်။


လက်အောက်ငယ်သားတွေကဆင်းရဲစွာနေရပြီး ပြည်သူတွေထဲကလာပြီး ပြည်သူတွေ ဒုက္ခရောက်မယ့် လုပ်ရပ်တွေကိုပါ လုပ်ဆောင်ခိုင်းနေတဲ့အတွက်ကြောင့်လုပ်ဆောင်ချင်စိတ်မရှိကြ ပါဘူး။ ဒါကိုKIA ဗဟိုကလည်း အတင်းလုပ်ခိုင်းနေတော့ လက်အောက်မှာနေတဲ့ ခေါင်းဆောင် ငယ်လေး တွေက အောက်ကမလုပ်ချင်တဲ့သူနဲ့ အပေါ်ကအတင်းခိုင်းတဲ့ ဖြစ်ရပ် ၂ ရပ်ကြားထဲမှာ စိတ်ဒုက္ခရောက်နေရ ပါတယ်။ မလုပ်ပြန်ရင်းလဲသေဒဏ်ပေးခံရတယ်လေ။ ဒါကြောင့် မြေပြင်မှာ လုပ်နေတဲ့အဖွဲ့ခေါင်းဆောင်တွေ အနေနဲ့ ဆုတ်လဲစူးစားလဲရူး ဘ၀ကိုရောက်နေရတယ်လို့ KIA တပ်ဖွဲ့ဝင်တစ်ဦးမှပြောပါတယ်။

1 comments:

ကေအိုအေ ကေအိုင်အို ကို ဘာကြောင့်ဒီလောက်တောင် အလေးထားဂရုပြုနေရလဲ ကြောက်နေကြလို .လား
ဗမာတပ်က သူတို .ထက် အဆအများကြီးပါ လက်နက်လား စစ်သားလား ဘက်စုံလေ နည်းတဲ့သူတွေကို ဘာဖြစ်လို.များဒီလောက်ကြောက်ပြီး လျှောက်ရေးနေရလဲ နိုင်ငံတော်ရဲ့ သ တင်းစာမှာလည်း မမှန်သတင်းတွေထည်. တော်ရုံရေးကြပါ တဖက်သတ်ကြီး
နိုင်နိုင်ရင်လည်း ချကြလေဟာ
ခုလည်း ကန်ပိုင်တီဘက်မှာ လေယာဉ်နဲ့ ကို ချရတဲ့ အဆင့်လုပ်နေပြီး
ရင်းမှူးတစ်ယောက်ကျလို့ မဟုတ်လား
ငယ်နိုင်ဆိုပြီး သဘောထားတဲ့ သူတွေကို ဘာဖြစ်လို.များ ----

Post a Comment

LIKE BOX