Thursday, May 17, 2012

ကချင်ပြည်နယ်ရှိ ပြည်သူလူထု၏ စကားသံများ

Posted by မျိုးချစ်သူရဲကောင်းများ On 11:54 AM 0 comments


မြစ်ကြီးနား မေ ၁၄

နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံတော်အတွင်း ဆက်သွယ်မှုလွယ်ကူစေဖို့ CDMA ဖုန်းတွေ တနိုင်ငံလုံးနီးပါးရောင်း ချပေးလျက်ရှိပါတယ်။ နန်းယွန်းမြို့နယ်ခွဲနဲ့ ပန်ဆောင်မြို့နယ်ခွဲတို့မှာ ချပေးထားတဲ့ CDMA ဖုန်းတွေဟာမနက်(၆)နာရီ က နေ ည(၁၀)နာရီအထိ ဆက်သွယ် အသုံးပြုလို့ရအောင် စီစဉ်ပေးထားပါတယ်။ ဒါပေမဲ့ မိုးပြင်းပြင်းထန်ထန်ရွာတဲ့နေ့တွေမှာ တော့ ဖုန်းဟာလုံးဝဆက်သွယ်လို့မရဖြစ်နေပါတယ်လို့ ဒေသခံကုန်သည်တစ်ဦးကပြောပါတယ်။သူကဆက်ပြောရာမှာ တော့ရာသီဥတုမကောင်းလို့ ဖုန်းပြောမရတာ ကိစ္စမရှိပေမဲ့ ရာသီဥတုသာသာယာယာရှိတဲ့နေ့တွေမှာလဲ ဖုန်းဆက်သွယ်မှု မရခြင်း၊ ဖုန်းလိုင်းပြတ်တောက်ခြင်းတွေနဲ့ကြုံတွေ့နေရတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကွင်းဆင်း စစ်ဆေး ပေးစေလိုကြောင်း ပြောပြခဲ့ပါတယ်။
ဗန်းမော်မြို့နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ဗန်းမော်အမှတ်(၂)ဈေး အတွင်းမှာ ကေအိုင်အေလက်နက် ကိုင်အဖွဲ့တွေအနေနဲ့ လူသစ်စုဆောင်းမှုတွေပြုလုပ်နေတာမို့ မိဘတွေအနေနဲ့သူတို့ရဲ့သားသမီးတွေကို အပြင်ကို စိတ်ချ လက်ချ သွားလာခိုင်းလို့ မရဘူး ဖြစ်နေပါတယ်။ KIA အဖွဲ့တွေအနေနဲ့ ကချင်ပြည်နယ်ရဲ့နေရာဒေသတော်တော်များများမှာ အစိုးရတပ်တွေ မရှိတဲ့ အချိန်မျိုးမှာ ရွာတွေဆင်းပြီး လူသစ်စုဆောင်းမှုတွေလုပ်ဆောင်နေပါတယ်။ အထူးသဖြင့် ရွှေမှော် ဒေသမှာ အလုပ်လုပ်နေကြတဲ့ နေ့စားအလုပ်သမားတွေအနေနဲ့ လူသစ်စုဆောင်းမှုတွေကြောင့် အလုပ်မဆင်းတော့ပဲ အလုပ်လက်မဲ့အဖြစ်နဲ့ပဲ ရရာအလုပ်ကို ကောက်လုပ်နေကြရပါတယ်။ ကချင်ပြည်နယ်မှာရှိနေကြတဲ့ လူထုတွေအားလုံးက တော့ အစိုးရနဲ့ KIAတပ်တွေ အမြန်ဆုံးငြိမ်းချမ်းရေး ရရှိဖို့ မျှော်လင့်တောင့်တနေတယ်လို့သိရပါတယ်။
မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာအုပ်စု အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ စာသင်ကျောင်းတွေ မကြာ ခင်မှာ ပြန်ဖွင့်တော့မှာဖြစ်ပေမယ့် KIA တပ်တွေအနေနဲ့ သူတို့ရွာဝန်းကျင်မှာ မိုင်းထောင်ခြင်း၊ တိုက်ပွဲတွေဖြစ်နေခြင်းတို့ ကြောင့် သားသမီးတွေရဲ့ ကျောင်းသွား၊ကျောင်းပြန်လမ်းခရီးအတွက် စိတ်မအေးနိုင်ဖြစ်နေကြပါတယ်။ မန်စီမြို့မှာနေထိုင် ကြတဲ့ ဒေသခံတွေအနေနဲ့လည်း သူတို့မြို့မှာ အစိုးရတပ်တွေရှိနေပေမဲ့ KIA နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်တဲ့ အတွက် သူတို့နယ်မြေမှာ အေးချမ်းမှုမရှိဖြစ်နေပါတယ်။KIA တပ်တွေ အနေနဲ့လည်း အစိုးရတပ်တွေကို ချောင်းမြောင်း တိုက်ခိုက်မှုတွေရှိနေတာမို့ ဒေသခံပြည်သူတွေအတွက်တော့ တကယ့်ကို ရင်နာစရာဖြစ်နေတဲ့အကြောင်း မောရ၀တီ ရပ်ကွက်မှာနေထိုင်တဲ့ ကချင်ဆရာမတစ်ဦးကပြောပါတယ်။
တနိုင်းမြို့ရှိ ချစ်ကြည်ရေးကားဂိတ်အနီး ခရီးသွားဒေသခံပြည်သူတွေကတော့ KIA ကချင်လက်နက်ကိုင်တွေ တနိုင်း-နမ္မတီး-မြစ်ကြီးနားသွားတဲ့လမ်းမကို မကြာခဏပိတ်ပင်တားဆီးနေတဲ့ အတွက် ခရီးသွားတဲ့သူတွေကို အနှောင့်အယှက်ဖြစ်နေတဲ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုကိုဖြစ်ပေါ်စေတဲ့ အကြောင်းပြောဆိုနေကြပါတယ်။ ဒါ့အပြင် ခရီး သည်အဖြစ်ကားပေါ်မှာ ပါလာတဲ့ အသက်ငယ်ငယ်ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေဆိုရင်လဲ ဖမ်းဆီးခေါ်ဆောင် သွားပြီး KIA တပ်တွေမှာ အမှုထမ်းခိုင်းနေတဲ့အတွက် မိဘတွေအနေနဲ့ သားသမီးတွေ ခရီးသွားတိုင်း မအိပ်နိုင်မစားနိုင် ဖြစ်နေကြရတယ်လို့လဲ ပြောပြပါတယ်။
ဒီလိုမျိုးအဖြစ်အပျက်တွေဟာ ကချင်ပြည်နယ်ရဲ့နေရာအနှံ့မှာ ဖြစ်ပေါ်နေပါတယ်။ လွယ်ဂျယ်ဒေသခံလူထုတွေ အနေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အနိုင်ကျင့်တဲ့ ဒဏ်ခံစားနေရတဲ့အကြောင်းပြောပြပါတယ်။ သူတို့မြို့နယ်မှာရှိတဲ့ လွယ်ဂျယ်-မိုးမောက်-ဗန်းမော်သွားတဲ့လမ်းကြောင်းမှာ KIA တပ်တွေကမိုင်းထောင်ဖောက်ခွဲဖျက်ဆီးပစ်လို့ လမ်းတံတား တွေအားလုံးနီးပါးဟာအကောင်းပကတိမရှိတော့ဘူးလို့ပြောပါတယ်။ တရုတ်နိုင်ငံ လားရင်းကျေးရွာဘက်မှာ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ကချင်လူမျိုးတွေအနေနဲ့ လွယ်ဂျယ် ဘက်ကိုပြန်လာချင်ပေမယ့် နယ်မြေဒေသ မအေးချမ်းတာ ကြောင့် ပြန်လာလို့မရ ဖြစ်နေပါတယ်။
ရွှေကူမြို့နယ်အတွင်းမှာ နေထိုင်တဲ့ဒေသခံတွေအနေနဲ့ သူတို့ဒေသမှာ အရင်နှစ်တွေတုန်းက လုပ်ကိုင်စားသောက် ရတာ အဆင်ပြေပြေရှိလှပေမယ့် အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်တွေ တိုက်ပွဲ မကြာခဏဖြစ်နေလို့ လုပ်ကိုင် စားသောက်ရာမှာ အဆင်မပြေတော့ဘူးလို့ပြောပါတယ်။ သူတို့အနေနဲ့ ခရီးသွားလာရာမှာလည်း ဘယ်အချိန်၊ဘယ်နေရာ မှာ ဘယ်လိုပုံစံမျိုးနဲ့ မိုင်းထောင်မလဲ၊ သေနတ်နဲ့ဘယ်သူ့ကိုများပစ်သတ်သွားဦးမလဲ၊ ဆက်ကြေးတောင်းခံပြီး လူသစ် အဖြစ် ဘယ်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားမလဲစသည်ဖြင့် ကျီးလန့်စာစားနေကြရတယ်လို့ ပြောပါတယ်။ သူတို့အနေနဲ့ ကချင်လက်နက်ကိုင်တပ်တွေနဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ပြီဆိုတဲ့ သတင်းကိုပဲမျှော်လင့် နေကြတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်ရဲ့ နေရာတော်တော်များများမှာ KIA ကချင်လက်နက်ကိုင်အဖွဲ့တွေရဲ့လမ်း၊ တံတားဖောက်ခွဲဖျက် ဆီးမှုတွေ၊ မီးရထားတွေသွားလို့မရအောင် ရထားလမ်းကိုမိုင်းထောင်ဖျက်ဆီးနေ တာတွေကြောင့် ပြည်သူတွေမှာစိုးရိမ် သောကဗျာပါဒနဲ့ အသက်ရှင်နေကြရပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ KIA /KIO နဲ့ထာဝရငြိမ်းချမ်းရေးရဖို့ လုပ်ဆောင်ပေးစေလိုကြောင်း၊ ဒါမှမဟုတ်ရင်လဲ KIA ကို နလန်မထူနိုင်အောင် စစ်ရေးအရ တိုက်ခိုက်ပေးစေ လို ကြောင်းဖြင့် ပြောဆိုလျက်ရှိပါတယ်။

0 comments:

Post a Comment

LIKE BOX