Saturday, May 19, 2012

မိုးညှင်းမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ရထားလမ်းနဲ့ တံတားများကို မိုင်းခွဲရန် KIA စီစဉ်

Posted by မျိုးချစ်သူရဲကောင်းများ On 3:33 PM 0 comments


KIA က မိုးညှင်းမြို့ အရှေ့တောင်ဘက် ၇ မိုင်လောက်မှာရှိတဲ့ တောင်ကြောတွေပေါ်မှာ လူအင်အား ၅၀

 လောက်နေပြီး ရွာသားလိုညဘက်ဆိုရင် မြို့ထဲသို့လာပြီး အစိုးရ အဆောက်အဦး၊ ရထားလမ်းနဲ့

 တံတားတွေကိုဖောက်ခွဲဖို့ ကြံဆောင်နေပါတယ်။ ရွာကလူတွေ ၀ါးခုတ်၊ သစ်ခုတ်သွားနေတဲ့သူတွေကိုလဲ

 အခွန်ကောက် ဆန်၊ ဆီ၊ ဆားတွေ အတင်းအဓမ္မတောင်း နေတယ်။ သူတို့ကတောင်းနေတာနဲ့မတူဘဲ

 ဒမြတိုက်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့ မနေ့က တောထဲမှာ ၀ါးသွားခုတ်ခဲ့တဲ့ ရွာသားတွေကပြောပါတယ်။
  
KIA က အခုလို မိုးညှင်းမြို့နားမှာရောက်နေတဲ့အတွက် မိုးညှင်းမြို့ကလူတွေကစိုးရမ်နေ ကြပါတယ်။

 သူတို့ရောက်လာရင်တံတားတွေကိုမိုင်းထောင်ဖောက်ခွဲ၊ လူတွေကိုဒုက္ခပေးဖို့ဘဲ ကြံဆောင်လုပ်နေကြ

 တာဘဲ KIA အဖွဲ့က ကချင်ပြည်သူတွေကို ဒုက္ခသာပေးနေပြီး ကောင်းကျိုးမပေးသော အဖွဲ့ဖြစ်တယ်လို့

 မိုးညှင်မှကချင်တစ်ဦးက KDN သတင်းဌာနသို့ ပေးပို့လာ ပါတယ်။

0 comments:

Post a Comment

LIKE BOX