Sunday, May 13, 2012

မီဒီယာ သမားများမှ NLD သို့ ပေါက်ကွဲသံစဉ်များ

Posted by မျိုးချစ်သူရဲကောင်းများ On 2:51 PM 0 comments


အဘ ဥက္ကာကိုကို - (7 Day Journal သတင်းထောက်) : ဒေါ်စုကို Lobby လုပ်ပေးခဲ့တာ မီဒီယာတွေပါလို့ အပြောအဆိုခံရပြီးပြီ။ အခု ဒေါ်စုကို လုပ်ကြံနေတာ မီဒီယာတွေပါလို့ ပြောလာပြန်ပြီ။ အန်အယ်လ်ဒီဟာ စွမ်းအားရှင်လား။ အာဏာရှင်လား။ ဒီမေးခွန်းကို စိတ်ဆိုးတယ်ဆိုရင် မတတ်နိုင်ဘူး။ အန်အယ်ဒီရဲ့ မီဒီယာနဲ့ ဆက်ဆံရေးဟာ အရင်တုန်းကနဲ့ မတူတော့တာတော့ သေချာတယ်။ ဒေါ်စု ဒေါ်စုဆိုပြီး ချစ်ကြ လေးစားကြတာက ကျုပ်တို့အလုပ်မဟုတ်ဘူး။ ဒေါ်စုကိုလေးစားတယ်။ ရင်ထဲမှာပဲရှိတယ်။ အလုပ်က အလုပ်ပဲ။ ဒေါ်စုဆိုပြီး ဒေါ်စု ဒေါ်စုလုပ်ရမယ့်အထဲမှာ ကျုပ်တို့မပါဘူး။ အခု ဒီမိုဖက်တီးရေးသားနေတာတွေဟာ တစ်ဖက်စောင်းနင်းဆန်လွန်းလာတယ်။ အန်အယ်ဒီနဲ့ ပတ်သက်လာရင် ဆတ်ဆတ်ထိမခံဖြစ်နေတယ်။ စိတ်ဆိုးလွန်ပြီးလည်း သေသွားဦးမယ်။ ဒေါ်စုကိုထိလို့ စိတ်ဆိုးပြီးသေတဲ့မသာဆိုပြီး နာမည်ကျော်နေဦးမယ်။ နည်းနည်းလည်းလျှော့ဦး။

(စိတ်ကြိုက်ဆဲ။ စိတ်ကြိုက်ပုတ်ခတ်။ စိတ်ကြိုက်တုံ့ပြန်။ စိတ်ဆိုးမယ်မထင်နဲ့။)

အဘ ဥက္ကာကိုကို ( 7 Day Journal သတင်းထောက်) : NLD ဖက်က တရားဝင်ထုတ်ဖော်သင့်တယ်။ မီဒီယာဖက်ကမှားရင် တရားစွဲလိုက်။ကိုယ့်ဖက်ကမှားရင်တော့ ၀န်ခံလိုက်။

ရဲဘော် သူရိန် ( TNMM သတင်းထောက် ) : ဒီအတိုင်းသာ တကယ်ဖြစ်ခဲ့ ပြောခဲ့တယ်ဆိုရင်... စိတ်ပျက်စရာပဲ...

ဒေါ်အေးအေးဝင်း ( AP သတင်းဌာန သတင်းထောက် ) : တစ်ဦးနဲ့တစ်ဦး တွန်းထိုးတဲ့ အထိ ဖြစ်ရတာ မကောင်းပါဘူး။ အဲဒါအပြင် မီဒီယာသမားတွေကို နှိမ့် ချပြောသွားတာမကောင်းဘူး၊ တကယ်တမ်းပြောရင် ဒီလိုသိမ်းကြုံး ပြောတယ်ဆိုတာတွေဟာ မီဒီယာ သမားတွေကို စော်ကားသလိုပါပဲ။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိအောင် ဖြေရှင်းသင့်တယ်

Ei Khin Thandar Kyaw : ငါးခုံးမတွေက ဘယ်အဖွဲ့ အစည်းမှာဖြစ်ဖြစ် ရှိတယ်..ခုအချိန်မှာ... ငါနဲ့မတူလို့ငါ့ရန်သူဆိုတဲ့သဘောထားက ခေတ်မမှီတော့ပါဘူး... ဘယ်သူ့ကျေးဇူးကြောင့်မှလဲဒီလို...မြင်သာပွင့်လင်းလာတာမဟုတ်ပါဘူး။ ကျမတို့တွေ..တာဝန်ကျေကျေ vote လုပ်ခဲ့လို့...ဒီအခြေနေရောက်လာတာပါ။ ပါတီတွေက ပြည်သူတွေရဲ့ ကျေးဇူးရှင်မဟုတ်ပါ။ သူရဲကောင်းလုပ်ချင်...လုပ်ကြပါ။ ကျေးဇူးရှင်တော့ ဟုတ်မယ်မထင်ပါ။....မူကိုးကွယ်တဲ့ ၀ါဒကို welcome ပါ။ လူကိုးကွယ်တဲ့ဝါဒကိုတော့ sorry ပါ..။

Clapping Crab ( Express Times ဂျာနယ် သတင်းထောက် ) : ``မင်းတို့က ပိုက်ဆံလိုချင်လို့ မီဒီယာလုပ်ငန်း လုပ်နေတာကွ၊ ငါတို့က ထောင်ကျခံပြီး နိုင်ငံရေးလုပ်နေတာ´´

ထောင်ထဲသွားပြီး စာဖတ်ခိုင်းတာကို ဥာဏ်ရည်က တက်မလာရှာဘူး ထင်တယ်.. :(

ဦးဟိန်းကိုစိုး ( Express Times ဂျာနယ် သတင်းထောက် ) : အိမ်သာထဲကို ခေါ်ပြီး ကျွန်တော့်ရင်ဘတ်ကို စောင့် တွန်းတယ်။ ပြီးတော့ မင်းကဘာကောင်လဲ၊ ငါတို့က နိုင်ငံရေးကို ထောင်ကျခံပြီးလုပ်တာ၊ မင်းတို့ ဂျာ နယ်လစ်တွေဆိုတာ ပိုက်ဆံရဖို့လုပ်နေတာ၊ မင်းတို့ အယ်ဒီတာချုပ်ကို ဒီအတိုင်းပြောလိုက်လို့ပြောပြီး ကျွန် တော့်ကို ဆဲဆိုကြိမ်းမောင်းဓာတ်ပုံ ရိုက်သွားတယ်

ရဲရင့် လှိုင်း ( Public Modern Media ) : ``မင်းတို့က ပိုက်ဆံလိုချင်လို့ မီဒီယာလုပ်ငန်း လုပ်နေတာကွ၊ ငါတို့က ထောင်ကျခံပြီး နိုင်ငံရေးလုပ်နေတာ´´

ထောင်ထဲသွားပြီး စာဖတ်ခိုင်းတာကို ဥာဏ်ရည်က တက်မလာရှာဘူး ထင်တယ်.. :(


သတင်းသားမား အား "ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူး ငါ -ိုး မှ သားရဲ့"
ဟု ဆဲဆိုခဲ့သူ ဦးကျော်စိုးနိုင် (ခ) အမေစု ရဲ့ ဘောကြီး

Yangon Press International : ယခု အဖြစ်အပျက်သည် သတင်းမီဒီယာနှင့် အန်အယ်လ်ဒီပါတီတို့ အကြားဖြစ်ပွားသည့် အဖြစ်အပျက်မဟုတ်ပဲ သတင်းထောက် တဦး၏ အခွင့်အရေးနှင့် သတင်းမီဒီယာများအပေါ် ဆက်ဆံပြုမူပုံ ကိစ္စ၊ ပြဿနာတရပ်အဖြစ်ရှုမြင်ပါသည်။

Messenger News Journal : သတင်းထောက်နှစ်ဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ပါတီဝင်တစ်ဦးက ဥပဒေမဲ့ ရိုင်းပြစွာ ပြုမူဆက်ဆံခဲ့ခြင်း၊ ``မင်းတို့က ပိုက်ဆံလိုချင်လို့ မီဒီယာလုပ်ငန်း လုပ်နေတာကွ၊ ငါတို့က ထောင်ကျခံပြီး နိုင်ငံရေးလုပ်နေတာ´´ ဟူသော မီဒီယာသမား များအပေါ် ဂုဏ်သိက္ခာညှိုးနွမ်းစေရန် တစ်ဖက်သတ် ပုတ်ခတ်စော်ကားသည့်စကားများ ပြောဆိုခဲ့ခြင်းအပေါ် The Messenger ဂျာနယ်မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။

Weekly Express Times Journal : "မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ အလုပ်လုပ်နေတာ ငါတို့က ဘာစောက်တစ်ပြားမှမရဘဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကိုပြောလိုက် ငါ -ိုး မှ သားရဲ့.." ဟုတ် ပြောဆိုကာ လက်ရောက် ကျူးလွန်စောက်ကားသော NLD အား လုံးဝ ကန့်ကွက်ရှုတ်ချပါကြောင်း။

Myanmar Journalist Network : NLD ၏ လုပ်ဆောင်ချက်အပေါ် များစွာ စိတ်ပျက်ရပါကြောင်း လေးနက်စွာ ထုတ်ပြန်သည်။

0 comments:

Post a Comment

LIKE BOX