၁၉၁၅ ဖေဖော်ဝါရီ ၁၃ - မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် မွေးဖွားခဲ့သည်။
၁၉၃၂ - မက်ထရစ်စာမေးပွဲကို မြန်မာနှင့် ပါဋ္ဋိ နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
၁၉၃၅ မှ ၁၉၃၈ - ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ အမှုဆောင်အဖြစ်
အရွေးခံခဲ့ရသည်။ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော အိုးဝေ မဂ္ဂဇင်း၏ အယ်ဒီတာ ဖြစ်လာခဲ့သည်။
၁၉၃၈ အောက်တိုဘာ - တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ခဲ့ပြီး သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။
၁၉၃၈ မှ ၁၉၃၉ - ၁၃၀၀ပြည့် အရေးတော်ပုံကို ကူညီအားပေးခဲ့သည်။
၁၉၃၈ မှ ၁၉၄၀ သြဂုတ် - တို့ဗမာအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၃၉ - မော်လမြိုင်တွင် ကျင်းပခဲ့သော တို့ဗမာအစည်းအရုံး ညီလာခံတွင် စစ်အတွင်း ဗြိတိသျှကို
မကူညီရေး အဆိုကို တင်သွားခဲ့သည်။
၁၉၄၀ - ဗြိတိသျှ အစိုးရ၏ ဖမ်းဆီးအမိန့်ကြောင့် မြေအောက်လှုပ်ရှားမှုအတွက် ပုန်းနေခဲ့သည်။
၁၉၄၀ သြဂုတ် ၈ - တရုတ်နိုင်ငံ အမွိုင်မြို့သို့ ထွက်ခွာခဲ့သည်။ ထို့နောက် ဆက်လက်၍ ဂျပန်နိုင်ငံ
တိုကျိုမြို့သို့ ထွက်ခွာခဲ့သည်။
၁၉၄၁ မတ်လ ၃ - မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခဲ့သည်။ ဂျပန်နိုင်ငံမှ ငွေကြေးနှင့် လက်နက်
အထောက်အပံ့များ ရခဲ့သည်။
၁၉၄၁ - ရဲဘော် သုံးကျိပ်နှင့် ဂျပန်ပြည်သို့ ထွက်ခွာခဲ့သည်။
ဟိုင်နန်ကျွန်းတွင်ရဲဘော်သုံးကျိပ်ကို ခေါင်းဆောင်၍ စစ်ပညာသင်ယူခဲ့သည်။
၁၉၄၁ ဒီဇင်ဘာ ၂၆ - ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေး တပ်မတော်
ဘီအိုင်အေကို ဖွဲ့စည်းခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာခဲ့သည်။
၁၉၄၂ မတ် - ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ခေါင်းဆောင်ကာ ဂျပန်နှင့်အတူ မြန်မာနိုင်ငံကို ချီတက်
တိုက်ခိုက်ခဲ့သည်။
၁၉၄၂ မတ် ၈ - ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သည်။
၁၉၄၂ ဇူလိုင် - ဗမာ့လွတ်လပ်ရေး တပ်မတော် ဘီအိုင်အေကို ဗမာ့ကာကွယ်ရေး တပ်မတော် ဘီဒီအေ
အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
၁၉၄၂ စက်တင်ဘာ ၈ - ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။
၁၉၄၃ မတ် - ဘီဒီအေ၏ ဗိုလ်ချုပ်ဖြစ်လာခဲ့သည်။
၁၉၄၃ သြဂုတ် ၁ - ဂျပန် အစိုးရက မြန်မာနိုင်ငံကို ရွှေရည်စိမ် လွတ်လပ်ရေး ပေးခဲ့ပြီး
ဗိုလ်ချုပ်အောင်ဆန်းက ကာကွယ်ရေး ၀န်ကြီး ဖြစ်လာခဲ့သည်။
၁၉၄၃ - ဘီဒီအေကို ဗမာ့အမျိုးသားတပ်မတော် ဘီအန်အေ အဖြစ် အမည်ပြောင်းခဲ့သည်။
၁၉၄၄ သြဂုတ် - ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့ချုပ်ကို လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။
၁၉၄၅ မတ် ၂၇ - ဗမာ့တပ်မတော်ကို ဦးဆောင်ပြီး ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။
၁၉၄၅ သြဂုတ် - ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့ကို ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့
လွတ်လပ်ရေးအဖွဲ့သို့ အမည်ပြောင်းခဲ့သည်။
၁၉၄၅ - ဘီအန်အေကို ပီဘီအက်ဖ် မျိုးချစ် ဗမာ့တပ်မတော်အဖြစ် အမည်ပြောင်းခဲ့သည်။
၁၉၄၆ ဇန်န၀ါရီ - ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး၏ ဥက္ကဌအဖြစ် ရွေးချယ်ခံရသည်။
၁၉၄၆ စက်တင်ဘာ - အစိုးရ၀န်ကြီးများအဖွဲ့၏ ဒုဥက္ကဌ နှင့် ပြည်ပဆက်ဆံရေးတာဝန်များ ယူခဲ့သည်။
၁၉၄၇ ဇန်န၀ါရီ ၂၇ - အောင်ဆန်းအက်တလီစာချုပ် ချုပ်ပြီး တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန်
ကတိရခဲ့သည်။
၁၉၄၇ ဖေဖော်ဝါရီ ၁၂ - ပင်လုံစာချုပ် ချုပ်ဆိုပြီး တိုင်းရင်းသားများ၏ စည်းလုံးမှုနှင့်
လွတ်လပ်ရေးကို ပြည်နယ်ပြည်မ မခွဲခြားပဲ လိုအပ်ကြောင်း သက်သေပြခဲ့သည်။
၁၉၄၇ ဇွန် ၁၆ - ပထမတိုင်းပြုလွှတ်တော်တွင် အချုပ်အခြာ အာဏာပိုင်သမ္မတ မြန်မာနိုင်ငံတော်ကို
ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့သည်။
၁၉၄၇ ဇူလိုင် ၁၃ - မြို့တော်ခန်းမတွင် နောက်ဆုံးမိန့်ခွင်းကို ပြောကြားခဲ့ရာ လူထုကို
စည်းကမ်းလိုက်နာရန်
မှာကြားခဲ့သည်။
၁၉၄၇ ဇူလိုင် ၁၉ - ၀န်ကြီးများရုံးတွင် နံနက် ၁၀နာရီ ၃၇ မိနစ်၌ အစည်းအဝေးကျင်းပနေစဉ်
ဝန်ကြီးချုပ်ဟောင်း ဦးစော၏ ဦးဆောင်လုပ်ကြံမှုဖြင့် ကျဆုံးခဲ့သည်။
Remark: နေ့စွဲနေ့ရက်များကို တိကျမှန်ကန် စေလိုသဖြင့် mmcp မှ Theory တင်ပြမှုကို ပြန်လည် မျှဝေ လိုက်သည်။
0 comments:
Post a Comment