Saturday, September 3, 2011

တောင့်တင်းခိုင်မာတဲ့ ဗမာပြည် ဖြစ်ဖို့လိုတယ်

Posted by မျိုးချစ်သူရဲကောင်းများ On 7:31 PM 0 comments

အရှေ့အာရှကာကွယ်ရေးနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ အချက် ၃ ချက် နားလည်ရမယ်။ အဲဒီအချက်တွေက

ဘာတွေလဲ။ ပထမအချက်က မဟာအရှေ့အာရှ 

အတူကြီးပွားရေးနယ်အတွင်းရှိ နိုင်ငံအားလုံး တောင့်တင်းရမယ်။ ဒုတိယအချက်က

အရှေ့အာရှထူထောင်ရေးနဲ့ အရှေ့အာရှကာကွယ်ရေးမှာ နိပွန်နိုင်ငံဟာ ခေါင်းဆောင်အနေနဲ့ 

အရေးကြီးအခန်းကနေ လုပ်ဆောင်နေတယ် ဆိုတာကို ကျွန်တော်တို့ အပြည့်အ၀ နားလည်ရမယ်။ 

ဒီအချက်ကတော့ အကျယ်ချဲ့ရှင်းပြနေစရာ မလိုဘူး။ အရှေ့အာရှ နင်းချေခံနေရတဲ့အချိန် အရှေ့အာရှဟာ 

ဥရောပထက် မသာလွန်နိုင်ဘူးလို့ အားလုံးကထင်နေကြတဲ့ အချိန်မှာ နိပွန်နိုင်ငံဟာ ရုရှ-နိပွန် စစ်ပွဲမှာ

နိပွန်က အောင်ပွဲဆင်ပြီး ရှေ့တန်းတက်လာတယ်။ အဲဒီအချိန်ကစပြီး အရှေ့အာရှမှာ လျင်မြန်စွာ

တိုးတက်လာပြီး ပြည်သူများလည်း နိုးကြားလာတယ်။ အိန္ဒိယနိုင်ငံဟာလည်း 

ဗမာပြည်လိုပဲ နိုးကြားလာတယ်။ ဒါဟာ ရန်သူများကို မောင်းထုတ်ရာမှာ နိပွန်ဟာ 

အရှေ့အာရှမှာ ခေါင်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်တချက် မဟုတ်လား။ ဒါ့ကြောင့် နိပွန်ဟာ 

အနာဂါတ်မှာလည်း ခေါင်းဆောင်ရမယ်။ တဖန် နိပွန်ဟာ အရှေ့အာရှနဲ့ အရှေ့ဘက် တံတိုင်းကြီးဖြစ်တယ်။ 

အပြောမဟုတ်ဘဲ အင်အားအတောင့်ဆုံး ကာကွယ်ရေးအဆင့်မျိုးဖြစ်ဖို့ အဲဒီလို စစ်ပရိယာယ်

သဘောအားဖြင့် တံတိုင်းတစ်ခု ရှိဖို့လိုတယ်။ တတိယအချက်ကတော့ ဗမာပြည်ဟာ ဘာ့ကြောင့် 

အရှေ့အာရှမှာ အရေးကြီးသလဲ။ ဘာကြောင့်လဲဆိုတော့ ဗမာပြည်ဟာ အနောက်ဘက် တံတိုင်းဖြစ်လို့ဘဲ။

ဗမာပြည်ဟာ စစ်ပရိယာယ်အားဖြင့် အရေးကြီးတဲ့လမ်းတွေ၊ ရေတပ်အခြေခံစခန်းတွေနဲ့ 

ဆက်သွယ်နေတယ်။ တကယ်လို့ ဗမာပြည်ကျသွားရင် ကျန်တဲ့ အရှေ့အာရှနိုင်ငံတွေ ထိခိုက်ကုန်လိမ့်မယ်။ 

ဒါကြောင့် တောင့်တင်းတဲ့ ဗမာပြည် ဖြစ်ဘို့လိုတယ်။ ဗမာပြည်ဟာ မကြာခင်

ဒီအဆင့်ကို ရောက်အောင်လုပ်ရမယ်။ ဒီလိုဖြစ်ဖို့ ကျွန်တော်တို့ တခြားနိုင်ငံတွေထက် နှစ်ဆ၊ သုံးဆ

ကြိုးစားကြရလိမ့်မယ်။ ကျွန်တော်တို့ ရှူံးရင် ကျွန်တော်တို့ အကုန်လုံး ပျက်သုဉ်းမှာဘဲ။

ဒီခေတ်ကြီးမှာ စစ်ပွဲတွေဟာ ရုတ်တရက် ပေါက်ကွဲလာနိုင်တယ်။ ထုံးစံအတိုင်း စစ်ကြေညာမှုတွေဟာ 

မရေရာဘူး။ ဒီတော့ လူ၊ လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ အခြား စစ်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေ 

အသင့်ရှိကြရမယ်။ ငြိမ်းချမ်းတဲ့ အချိန်မျိုးမှာတောင် ဒါတွေဟာ အသင့်ရှိထားဘို့ လိုတယ်။ စစ်ဖြစ်နေတဲ့ 

အချိန်မှာဆိုရင် ဘယ်လိုနှုန်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ ဖြစ်နိုင်သလောက် ကြိုးပမ်းအားထုတ်ပြီး

ဒါတွေလုပ်ကြရမယ်။ ငြိမ်းချမ်းတဲ့ ကျွန်တော်တို့ကာလမှာတောင် အေးအေးဆေးဆေး ချောင်ချောင်ကလေး 

မနေနိုင်ဘူး။ ဒါ အမှန်ပဲ။ အချမ်းသာဆုံးဖြစ်တဲ့ အမေရိကန်နဲ့ အကြီးဆုံး အင်ပိုင်ယာရှင်ဖြစ်တဲ့

ဗြိတိန်တို့ဟာ အေးအေးဆေးဆေး လွယ်လွယ်ချောင်ချောင်ကလေး နေခဲ့ကြလို့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း 

ကျဆုံးခဲ့ကြရတယ်။ လက်တွေ့အားဖြင့် စက်မှုလက်မှုလုပ်ငန်းမရှိ၊ လူဦးရေ နည်းနည်းလေးရှိတဲ့ 

ဗမာနိုင်ငံလို နိုင်ငံငယ်လေးအဖို့ ကျွန်တော်တို့ အစွမ်းရှိသလောက် ကြိုးပမ်းအားထုတ်ကြရမယ်ဆိုတာ

ကျွန်တော်တို့ နားလည်ကြရမယ်။ ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ဟာ တနည်းနည်းနဲ့ 

ကျဆုံးပျက်ဆီးခြင်းနဲ့ ရင်ဆိုင်ကြရမှာပဲ။

0 comments:

Post a Comment

LIKE BOX