Saturday, September 3, 2011

ထကြွလုံ့လရှိသော စိတ်၊ သူရသတ္တိရှိသော စိတ်၊ အလုပ်၌ စိတ်ဝင်စားသော စိတ်၊ အကျိုးဆောင်လိုသော စိတ်တို့ကို ပြုစုပျိုးထောင်၍ အားပေးကြရမည်။

Posted by မျိုးချစ်သူရဲကောင်းများ On 7:19 PM 0 comments

ဗမာတို့သည် ပင်ကိုယ်ကပင် သူရသတ္တိနှင့် ပြည့်စုံသော လူမျိုးဖြစ်သည်။ ထကြွလုံ့လရှိ၍ 

တိုးတက်ကြီးပွားလိုသော လူမျိုးလည်းဖြစ်သည်။ လူတမျိုးတမျိုး၏ တိုးတက်ခြင်း၊ လျော့ကျခြင်းတို့သည် 

ထိုလူမျိုး၏ ပစ္စည်းအင်အားအပေါ်မှာသာ တည်ရှိနေသည် မဟုတ်၊ စိတ်ဓာတ် အင်အားအပေါ် 

တည်ရှိနေသည်။ ဗမာသမိုင်းကို ပြန်လှန်၍ ကြည့်ရှုလျှင် ဗမာတို့၏ စိတ်ဓာတ်အင်အား ကြီးမားကြောင်းကို 

ထင်ရှားစွာ တွေ့မြင်ရလိမ့်မည်။ အသင်တို့သည် ဗမာတို့သတ္တိကို ပြန်လှန်၍ ခေါ်ပါလော့၊ ပေါ့ပေါ့ဆဆ 

မနေစေဘဲ၊ ပျင်းရိစွာမနေစေဘဲ အကျိုးဆောင်လိုသော စိတ်ဓာတ်၊ အလုပ်လုပ်လိုသော စိတ်ဓာတ်တို့ကို 

သွင်းပေးသင့်လေသည်။ ယင်းသို့ စိတ်ဓာတ်သစ်သွင်းပေးနိုင်လျှင် ဗမာနိုင်ငံသည် အမှန်မုချ ကြီးမား 

တိုးတက်မည်ဖြစ်သည်။

0 comments:

Post a Comment

LIKE BOX