Saturday, September 3, 2011

နောက်ဆုံးအချိန်အထိ ကာကွယ်ရေး

Posted by မျိုးချစ်သူရဲကောင်းများ On 7:36 PM 0 comments

ဒါကြောင့် ဗမာအမျိုးသားများက ဗမာပြည်ကို ကာကွယ်ကြရမယ်။ ဗမာပြည်ကို ဘယ်လို

ကာကွယ်ရမယ်ဆိုတာ ကျွန်တော်စီစဉ်နေပါတယ်။ ဗမာပြည်သူများဟာ ဒီစစ်ပွဲကို နိုင်အောင်

ဘယ်နည်းနဲ့ဖြစ်စေ ကြိုးစားကြရမယ်။ ကျွန်တော်တို့ရဲ့မြေ တစ်လက်မကိုတောင် နောက်ထပ်တကြိမ်

ဓါးပြတိုက်ယူခွင့် မပြုနိုင်ဘူး။ ပင်လယ်ကမ်းရိုးတန်းမှာ တောင်တန်းတွေပေါ်မှာ၊ ချိုင့်ဝှမ်းတွေမှာ၊

လမ်းပေါ်မှာ၊ 

ရွာတွေမှာ၊ မြို့တွေမှာနဲ့ အိမ်တိုင်း အခန်းတိုင်းမှာ နေထိုင်ကြတဲ့ မိန်းမတွေနဲ့ ခလေးတွေ အပါအ၀င် ရှမ်း၊ 

ကရင်၊ ချင်း၊ တောင်သူ၊ ပလောင်၊ တိုင်းရင်းသားများအားလုံး ဓား၊ ဒုတ်၊ ရိုင်ဖယ်၊ 

လှံတွေစွဲကိုင်ပြီး နောက်ဆုံးအချိန်အထိ ဗမာပြည်ကို ကာကွယ်ကြရမယ်။ သေမြေကြီး၊ ရှင်ရွှေထီးဆိုတဲ့ 

စကားအတိုင်း လုပ်ကြရမယ်။ ဗမာပြည်ဟာ သစ်ပင်ဝါးပင် မပေါက်တဲ့မြေ လုံးလုံး ဖြစ်သွားပေမဲ့ 

လွတ်လပ်ရေးကိုတော့ လက်မလွှတ်။ အလျှော့ပေးလိမ့်မယ် မဟုတ်ဘူး။ စစ်နိုင်တဲ့အခါ

ကျွန်တော်တို့ ပြန်လည်ထူထောင်ကြမယ်။

ဒီနည်းအတိုင်း လုပ်သွားမယ်လို့ ကျွန်တော်ပြောတဲ့အခါ တချို့လူတွေက ကြောက်ရွံ့ထိတ်လန့်နေကြတယ်။

ဗမာပြည်ကို တဦးထဲ မကာကွယ်နိုင်ဘူးဆိုတာ အရင်က ကျွန်တော်ပြောခဲ့ပြီးပြီ။

ဒါကြောင့် ကြောက်ရွံ့ထိတ်လန့်ပြီး ပြေးမနေကြပါနဲ့။ နောက်ဆုံးအချိန်အထိ တိုက်ခိုက်နိုင်တဲ့ နိုင်ငံတနိုင်ငံဟာ 

ဘယ်တော့မှ အထိုးအနှက်မခံရတော့ဘူး ဆိုတာကို ရာဇ၀င်က ပြနေပါတယ်။

ကျွန်တော်တို့ရဲ့ တပ်များဟာ ခင်ဗျားတို့ရဲ့ တပ်များလို့ မှတ်ပါ။ ခင်ဗျားတို့ဟာလည်း ကျွန်တော်တို့ရဲ့

တပ်များအနက် တတပ်ပါပဲ။ ကျွန်တော်တို့တပ်များက ခင်ဗျားတို့ကို ညှင်းပမ်းနှိပ်စက်ဖို့ မဟုတ်ဘူး။ သူတို့ဟာ

ရှမ်း၊ ကရင်၊ ချင်း အပါအ၀င် အမျိုးသားတွေကို ညှင်းပမ်းနှိပ်စက်ဖို့ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ 

ကျွန်တော်တို့ရဲ့ အမျိုးသားတွေကို လျစ်လျူရှုမနေဘူး။ ကျွန်တော်တို့ဟာ မိသားစု 

တစုတည်းဖြစ်တယ်။ နောက်တကြိမ် ကျွန်တော်တို့ တပ်မတော်အတွက် လူစုဆောင်းတဲ့အခါ တခြားညီအကို

တိုင်းရင်းသားတွေထဲကလည်း ခေါ်မယ်။

တပ်မတော်ထဲက လူတွေဟာ ဘယ်ဘာသာကိုမဆို ကိုးကွယ်နိုင်ကြပါတယ်။ ကျွန်တော်တို့က တပ်မတော်ကို 

တိုးချဲ့မယ်။ ဒါဟာ ခင်ဗျားတို့ တပ်မတော်။ တပ်မတော်ကို ကူညီကြပါ။ လူတိုင်း လူတိုင်း 

ဗမာပြည်ကာကွယ်ရေးအတွက် အသင့်ပြင်ထားကြရမယ်။ သက်ဆိုင်သူများကလည်း ရင်မြေကတုတ်လုပ်ပြီး

တိုက်ပွဲကို နိုင်သည်အထိ ခေါင်းဆောင်သွားကြပါလိမ့်မယ်။

ဒါကြောင့် ဗမာအမျိုးသားတို့ ထကြလော့။ နိုးကြားကြလော့...။

0 comments:

Post a Comment

LIKE BOX