Saturday, September 3, 2011

မိမိတို့ အသက်အိုးအိမ် စည်းစိမ်စွန့်ခွာနိုင်မှ

Posted by မျိုးချစ်သူရဲကောင်းများ On 7:04 PM 0 comments

"ရဲဘော်တို့...


ရဲဘော်တို့သည် မိမိ၏ အသက်နှင့် သားမယား စည်းစိမ်ဥစ္စာ ပစ္စည်းတို့ကို စွန့်ခွာနိုင်ပါမှ၊ ဤလွတ်လပ်ရေး 

တပ်မတော်မှာ အမှုထမ်းကြပါ။ သည်လိုမှ မစွှန့်လွှတ်နိုင်လျှင် ယခုအချိန်ကစ၍ တပ်မတော်မှ 

ထွက်ခွင့်ပြုပါတယ်။ စစ်ဆိုသည်မှာ နိုင်မည်ရှုံးမည် မပြောနိုင်ပါ။ သေမည်၊ ရှင်မည်မသိ။ ဂျပန်နှင့် 

အင်္ဂလိပ်တို့သည် စစ်ကြေငြာ၍ တိုက်သောစစ်ဖြစ်သည်။ ဂျပန် ဖြစ်စေ၊ အင်္ဂလိပ် ဖြစ်စေ၊ သုံ့ပန်း အဖြစ် 

အဖမ်းခံရပါက သတ်ရန် ဥပဒေ မရှိခဲ့ချေ။ ရဲဘော်တို့ ငါတို့ကို ရန်သူ အင်္ဂလိပ်ဖမ်းပါက ပုန်ကန်သူ၊ 

သူပုန်အဖြစ်နှင့် ကြိုးစင်သော်၎င်း၊ 

တသက်တကျွန်းသော်၎င်း၊ ထောင်ဒဏ်သော်၎င်း ပေးမည်မှာ သေချာတယ်။ ရဲဘော်တို့ ငါတို့သည် မကြာမီ 

ဗမာပြည် လွတ်လပ်ရေးအတွက် အင်္ဂလိပ်ကို တော်လှန်တိုက်ပွဲ ၀င်ရလိမ့်မည်။ ရဲဘော်တို့ ငါတို့သည် စားရန်

စားရေရိက္ခာမရှိ၊ ၀တ်ရန် အ၀တ်မရှိ။ သို့အတွက်ကြောင့် ရဲဘော်တို့သည် အိပ်ရန်မြေကြီး၊ 

စားသောက်ရန် ကျောက်ခဲ၊ ဒါပဲ ငါ တတ်နိုင်တယ်။ ဤစစ်တပ်ထဲသို့ ၀င်ရောက်အမှုထမ်းသောကြောင့် 

ရာထူး ဋ္ဌာနန္တရ ရလိမ့်မည်။ သူဋ္ဌေးကြီး ဖြစ်လိမ့်မည် မမျှော်လင့်ပါနဲ့။


အေး... ကံအားလျော်စွာ စစ်နိုင်၍ လွတ်လပ်ရေး ရရှိပါက ဗမာပြည်ကို ဆိုရှယ်လစ် လူ့ဘောင် 

တည်ဆောက်မည်။ ဤကဲ့သို့ တိုင်းပြည်ကို ဆိုရှယ်လစ်လူ့ဘောင် တည်ဆောက်သောအခါ ရဲဘော်တို့သည် 

ကာယအား၊ ဉာဏအား စွမ်းအားရှိသရွေ့ တတ်နိုင်သည့်ဘက်က လုပ်အားပေးရမယ်။ တိုင်းပြည်က 

ထိုက်တန်သော အကျိုးခံစားခွင့်ကို ရဲဘော်တို့ကို ပေးမယ်။ အကယ်၍ အလုပ်မလုပ်နိုင်၍ 

အနားယူသောအခါ စားပြီး အိပ်၊ အိပ်ပြီး စား၊ အိုးပိုင် အိမ်ပိုင်နှင့် စိတ်ချမ်းသာစွာ နေထိုင်စားသောက်နိုင်ရန် 

ငါကတိပေးပါတယ်...။

0 comments:

Post a Comment

LIKE BOX