Saturday, September 3, 2011

စက်မှုလက်မှုမှစ၍ အခြားသက်ဆိုင်ရာ အတတ်တို့ကို တတ်မြောက်သော ဗမာတို့၏ စွမ်းရည်သတ္တိတို့ကို ကြီးထွားအောင်ပြု၍ နိုင်ငံအင်အားကို ဖြည့်ပါလော့။ တိုးပွားအောင် ပြုပါလော့။

Posted by မျိုးချစ်သူရဲကောင်းများ On 7:22 PM 0 comments

ဗမာနိုင်ငံသည် သဘာဝအလျောက် တည်ရှိနေသော ဥစ္စာရတနာ 

အပေါင်းတို့နှင့် ပြည့်စုံသည့် နိုင်ငံဖြစ်လေသည်။ ရာသီဥတု အခြေအနေကလည်း 

ထိုဥစ္စာရတနာအပေါင်းတို့ကို တိုးတက်အောင် ဖြည့်စွမ်းနိုင်သော အခြေအနေဖြစ်သည်။ ထို့ကြောင့် 

အသင်တို့သည် အထွေထွေ ပညာရေးနှင့်တကွ စက်မှုလက်မှုပညာတို့ကို အားပေး အရေးယူသင့်လေသည်။

သို့မှသာ ဗမာအပေါင်းတို့သည် ထိုဥစ္စာရတနာအပေါင်းတို့ကို တိုးတက်အောင် ဆောင်ရွက်ရာတွင် မိမိတို့ 

တတ်သိသော ပညာတို့ကို စူးဆောက်ပမာ အသုံးချနိုင်မည်ဖြစ်သည်။ တဖန် အလုပ်လုပ်လိုသော 

စိတ်ဓာတ်ကို သွင်းပေးခဲ့သော်  ဗမာဥစ္စာရတနာအပေါင်းတို့သည် တိုးတက်မည်အမှန်ဖြစ်သည်။

ထိုသို့ တိုးတက်လျှင် ဗမာတမျိုးလုံး ချမ်းသာ၍ 

ဗမာတမျိုးလုံး၏ အင်အားလည်း ကြီးမားလာလိမ့်မည်ဖြစ်သည်။

0 comments:

Post a Comment

LIKE BOX