Saturday, September 3, 2011

ဗမာပြည် ကာကွယ်ရေးသည် အရှေ့အာရှ ကာကွယ်ရေးဖြစ်သည်။

Posted by မျိုးချစ်သူရဲကောင်းများ On 7:26 PM 0 comments

အောက်ပါ မိန့်ခွန်းမှာ ဇန်န၀ါရီလ ၄ ရက်နေ့တွင် ရေဒီယိုမှနေ၍ ကာကွယ်ရေးဝန်ကြီး မေဂျာဂျင်နရယ် 

ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်၏ ကာကွယ်ရေးဟူသော ခေါင်းစဉ်ဖြင့် ပြောကြားသော မိန့်ခွန်းဖြစ်သည်။


အားလုံးသိကြတဲ့အတိုင်း ကျွန်တော်ဟာ ဗမာနိုင်ငံလွတ်လပ်ရေးကြေညာတဲ့နေ့ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ 

ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့အထိ ဗမာပြည်ကာကွယ်ရေးနဲ့ 

ပတ်သတ်လို့ ပြည့်ပြည့်စုံစုံ မပြောရသေးဘူး။ ဒါကြောင့် နှစ်သစ်အစဖြစ်တဲ့ ဒီနေ့မှာ ခင်ဗျားတို့ 

နားလည်ဖို့လိုမယ်။ ဗမာပြည်ကာကွယ်ရေးနဲ့ ပတ်သက်လို့ နည်းနည်းပြောရမယ်။


ဗမာပြည် ကာကွယ်ရေးအကြောင်း ပြောတဲ့နေရာမှာ ကျွန်တော်တို့တတွေဟာ လက္ခဏာ ၂ ရပ်ကို 

သတိပြုကြရမယ်။ အဲဒါက အမည်အားဖြင့် အကျယ်နဲ့ အကျဉ်း၊ ပထမဆုံး ကျွန်တော်တို့ ဗမာပြည် 

ကာကွယ်ရေးလို့ ပြောတဲ့အခါ တချို့ဗမာတွေက ဒီစကားလုံးကို အင်မတန် ပျော့တယ်လို့ ထင်ကောင်း 

ထင်ကြလိမ့်မယ်။ ဒါပေမဲ့ ဒီလို မဟုတ်ပါဘူး။ ဗမာပြည်၏ ကာကွယ်ရေးလို့ ကျွန်တော်တို့ 

ဘာ့ကြောင့်ပြောသလဲ၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ နိုင်ငံကို မချဲ့ချင်ဘူး။ နယ်မြေတွေကိုလည်း 

တိုက်ပြီးမယူချင်ဘူး။ ကျွန်တော်တို့နိုင်ငံ နယ်မချဲ့ချင်ဘူး။ ကျွန်တော်ဟာ ဗမာပြည်ကို ကာကွယ်ချင်တယ်။ 

ပြီးတော့ ကျွန်တော်တို့နိုင်ငံ အမြဲတမ်း တောင့်တင်းနိုင်သမျှ တောင့်တင်းအောင်လုပ်မယ်။ ဒါကြောင့် 

ကျွန်တော် လေကြီးမိုးကြီး စကားမပြောဘဲ ဗမာပြည်ရဲ့ ကာကွယ်ရေးဆိုတဲ့ 

စကားလုံးလောက်ပဲ ပြောတာဖြစ်တယ်။ ဗမာပြည် စကားပုံတခုမှာ လေကြီးမိုးကြီး ပြောဆိုလုပ်ကိုင်တဲ့ 

စီမံကိန်းတွေဟာ အဲဒီစီမံကိန်းမပြီးခင်ကဘဲ ပျက်စီး ဆုံးရှုံးရတာပဲဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တဲ့ 

စကားပုံရှိပါတယ်။ ခြိမ်းသာခြိမ်းပြီး မရွာတဲ့မိုးလိုပေါ့။ ကာကွယ်ရေးအလုပ်ဟာ ကျွန်တော်တို့ရဲ့တာဝန်ပဲ။ အခု 

ကျွန်တော်အားလုံးကို အသံလွှင့်ပြောကြားနေတဲ့ ရည်ရွယ်ချက်ဟာ ဒီတာဝန်ကို 

ဘယ်လိုဆောင်ရွက်မလဲဆိုတာနဲ့ တိုင်းပြည်က အကူအညီပေးဘို့ ပြောနေတာဖြစ်တယ်။

0 comments:

Post a Comment

LIKE BOX