Saturday, September 3, 2011

အင်္ဂလိပ်တို့၏ ဓလေ့ထုံးစံနှင့် အင်္ဂလိပ်တို့၏ စိတ်နေစိတ်ထားတို့ကို စွန့်လွှတ်ကြကုန်လော့

Posted by မျိုးချစ်သူရဲကောင်းများ On 7:18 PM 0 comments

စည်းစိမ် လောဘထွက်လိုသောစိတ်၊ မိမိကိုယ်ကို အများနှင့် သီးသန့်ခြားနားလိုသော စိတ်နှင့် အနေအထိုင်

နည်းလမ်း စည်းကမ်းများသည် အသင်တို့ကို ပျက်စီးအောင် ပြုခဲ့သည် မဟုတ်ပါလော။ ထိုအချက်တို့ကို 

အသင်တို့ကိုယ်တိုင် ပြန်လှန်၍ စဉ်းစားအပ်ပေသည်။ ထိုအချက်တို့မှာ လောက၀တ္တရားနှင့် 

ကိုယ်ကျင့်တရားကိုသာ အရေးတကြီး ဂရုပြုတတ်သော အရှေ့တိုင်းရင်းသားတို့၏ စိတ်နှင့် 

ဆန့်ကျင်လျက်ရှိသည်။ သူခပ်သိမ်းတို့ စိတ်ရွှင်လန်းမှု၊ အထူးကြီးပွားချမ်းသာမှုတို့ကိုသာ 

အရေးပေးတတ်သော အရှေ့တိုင်းသားတို့၏ ၀ါဒနှင့်လည်း ဆန့်ကျင်လျက်ရှိသည်။ အင်္ဂလိပ်တို့၏ 

စိတ်နေစိတ်ထား၊ နေနည်း ထိုင်နည်းတို့သည် အသင်တို့၌ ကိန်းအောင်းနေသေးသမျှ ကာလပတ်လုံး 

ဗမာနိုင်ငံ၏ ကြီးပွားတိုးတက်ရေးကို မျှော်မှန်းနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် လိုအပ်သော 

စိတ်နေစိတ်ထား၊ နေနည်း   ထိုင်နည်းတို့ကို မြဲမြံသောသတိဖြင့် ဖယ်ရှားသုတ်သင်ကြလေကုန်။

0 comments:

Post a Comment

LIKE BOX