Saturday, September 3, 2011

စစ်သားကို နိပွန်တို့ ရိုသေပုံ

Posted by မျိုးချစ်သူရဲကောင်းများ On 7:09 PM 0 comments

နောက်ဆုံး ကျွန်တော်ပြောဆိုချင်တဲ့ အချက်ကတော့ လူတွေက စစ်တပ်၊ စစ်သားကို 

ချီးမြှင့်ကြဖို့ ပြောလိုပါတယ်။ နိပွန်ပြည်မှာ စစ်သားကို သိပ်အရေးပေးကြတယ်။ စစ်သားတစ်ယောက်

စစ်တပ်ကို လာရမယ်လို့ အမိန့်ရတဲ့အခါ အဲဒီစစ်သားကို လူအမြောက်အမြား လိုက်ပို့ကြတယ်။ 

ချီးကျူးကြတယ်။ ဆလံပေးကြတယ်။ စစ်မြေပြင်ထွက်တဲ့ စစ်သားဆိုရင် ဘယ်လောက်ပင် ရာထူးကြီးတဲ့ 

လူဖြစ်ဖြစ် အလေးပြုကြတယ်။ ဘယ်လောက် အားကျဖို့ ကောင်းသလဲ။ နိပွန် ရှင်ဘုရင်မင်းကြီး ကိုယ်တိုင်က 

စစ်သားတွေကို လေးစားတယ်။ နိပွန်ရှင်ဘုရင်ကြီးဆိုတာ တခြားတိုင်းပြည် ရှင်ဘုရင်တွေနဲ့ တူတာ 

မဟုတ်ဘူး။ နိပွန်ဘုရား အစစ်ပဲ။ အဲဒီ ဘုရားရှင်ဘုရင်ကြီး ကိုယ်တိုင် ကျဆုံးတဲ့ စစ်သားများအတွက် 

ရည်စူးပြီး ဋ္ဌာပနာတဲ့ အရိုးအိုးစေတီကို ဦးခိုက်ရတယ်။ ကိုင်းညွှတ်ရတယ်။ မြန်မာပြည်မှာတော့ 

မဟုတ်ပေါင်။ မြန်မာ့လွတ်လပ်ရေး တပ်သားတွေ အသက်လည်း သေရသေးတယ်၊ အဆင်းရဲလည်း 

ခံရတယ်။ ဒီအလောင်းကောင်တွေကို နင်းပြီး တက်လည်း သွားကြသေးတယ်။ အကောင်း မပြောချင်ကြဘူး။


ခေတ်ပျက်ကြီးတုန်းက သူခိုးဓားပြတွေထူလို့ လူတွေခိုကိုးရာမဲ့ဖြစ်တုန်း ကာကွယ်ပေးခဲ့တာတွေကိုမေ့၊ 

ကိုယ့်ပစ္စည်းကလေးတွေ သိမ်းဆည်းထားတာ ဗာရဏသီချဲ့ပြီး မချီးမြှင့်ကြဘူး။ ရှက်ဖွယ်... ရှက်ဖွယ်။ 

ဒို့မြန်မာတွေ မရှက်ဖူးလား။ ကိုယ့်ကိုယ်ကို ပြန်ရှက်ကြပါဦး။ မြန်မာပြည်မှာရှိတဲ့ လူတွေထဲမှာ စစ်တပ် 

စစ်သားဟာ ထိပ်ဆုံးပဲ။ သူတို့ထက် မြတ်တာမရှိဘူး။ ခင်ဗျားတို့ ဘာထင်ထင် ခင်ဗျားတို့ထက် 

တိုင်းပြည်ကို ဆောင်ရွက်နိုင်တဲ့ လူတွေ။ ဆောင်လည်း ဆောင်ရွက်ခဲ့ကြပြီ။ ကျုပ်တို့ စစ်သားတွေကို 

အားပေးကြ၊ လေးစားကြပါ။ ဒါမှ မြန်မာပြည် ချမ်းသာမယ်။ အခု စစ်သားတွေ စုဆောင်းပြီး ဆိုင်ရာ 

တပ်စခန်းသွားကြတဲ့အခါ ဆိုင်ရာ ဒေသက မြန်မာတွေအားလုံး တံခွန်ကုက္ကား မုလေးပွားနဲ့ စစ်တံခွန်၊ 

စစ်သီချင်း၊ စစ်သံတွေပေးပြီး လိုက်ပို့ကြစမ်းပါ။ ကြည့်ရသေးတာပေါ့လေ။ ကိုင်း... အခုညအဘို့ 

ဒါပါဘဲ။ တော်သေးပြီ။ မြန်မာတွေ အဝေရာဟောန္တု။

0 comments:

Post a Comment

LIKE BOX