Saturday, September 3, 2011

ကျန်းမာရေးနှင့် ညီညွတ်အောင် နေလိုသော စိတ်ဓာတ်နှင့် လူအင်အား တိုးပွားအောင် ဆောင်ရွက်ကြလော့

Posted by မျိုးချစ်သူရဲကောင်းများ On 7:24 PM 0 comments

လူဦးရေ များပြားခြင်းသည် နိုင်ငံနှင့်တကွ လူတမျိုးလုံး၏ ကြီးပွားတိုးတက်ရေးတွင် 

အခြေခံဖြစ်သည်ကို ပြောပြရန် လိုမည်မထင်ပါ။ သို့ရာတွင် ဗမာနိုင်ငံတွင် ယခုထက်တိုင် 

ကူးစက်တတ်သော ကပ်ရောဂါ ထူပြောနေသေးသဖြင့် များစွာကုန်သော လူ့တန်ဖိုးတို့သည်

ထိုကပ်ရောဂါတို့ကြောင့် အသက် ဆုံးရှုံးကြရလေသည်။ မစွမ်းမသန် ဖြစ်ကြရရှာလေသည်။ ဤအချက်ကား 

ဗမာနိုင်ငံသစ်တွင် ဘေးဆိုးကြီးတရပ် ဖြစ်လေသည်။ ကျန်းမာရေးနှင့် စပ်ဆိုင်သော ပညာရပ်တို့ကို 

ဗမာနိုင်ငံ၌ နှစ်သက်ဖွယ်ဖြစ်အောင် အနှံ့အပြား ဖြန့်ချီပေးလိမ့်မည်ဟု ကျွန်ုပ် မျှော်လင့်သည်။ 

စားသောက်နေထိုင်ပုံတို့ကို ပြုပြင်ပေးလိမ့်မည်ဟုလည်း မျှော်လင့်သည်။ သို့မှသာ ဗမာနိုင်ငံဝယ် 

လူဦးရေတိုးတက်၍ ဗမာတို့လည်း ကျန်းမာ သန့်ရှင်းသော လူမျိုးဖြစ်လာနိုင်ပေမည်။


ဤနေ့ထူးနေ့မြတ်တွင် ကျွန်ုပ်သည် အထက်ပါ အကြံဉာဏ်များကို ပေးခဲ့ပါ၏။ အဖသည် လူ့လောကသို့ဝင်၍ 

အလုပ်လုပ်အံ့ဆဲဆဲဖြစ်သော သားချစ်ရတနာကို အကြံဉာဏ်များ ပေးသကဲ့သို့ 

ဤအကြံဉာဏ်များကို ပေးအပ်ခြင်းဖြစ်ပါသည်။ အသင်တို့သည် ကျွန်ုပ်၏ စေတနာစိတ်ထားကို 

ယုံကြည်လေးမြတ်၍ ဤစစ်ကြီးကို အောင်မြင်ရေးနှင့် နိုင်ငံကောင်း နိုင်ငံမြတ် ထူထောင်ရေး 

လမ်းကြောင်းကို လိုက်ပါလျှင် အသင်တို့၏ လိုဘ ဆန္ဒကြီး ပြည့်စုံမည်ဟု ကျွန်ုပ် ယုံကြည်စိတ်ချပါသည်။


နိဂုံးချုပ်လိုသည်မှာ ဗမာတို့သည် နိပွန်လက်နက် နိုင်ငံတော်ကြီးနှင့်တကွ နိပွန်အရှင်ဧကရာဇ် 

တပ်မတော်ကြီးတို့နှင့် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသဖြင့် 

အထူးဝမ်းမြောက်ပါသည်။ နိပွန် လက်နက်နိုင်ငံတော်ကြီးနှင့် နိပွန်အရှင် ဧကရာဇ် တပ်မတော်ကြီး 

တို့ကလည်း အသင်တို့ကို လုံးဝယုံကြည် ကိုးစားပါသည်။ ထို့ပြင် ဗမာနိုင်ငံသစ်သည် 

အရှေ့အာရှတိုက်နှင့်အတူ ကြီးပွားရေး နယ်ပယ်ကြီးတွင် အဆက်အသွယ်ကြီးတခု အဖြစ်ဖြင့် 

ရရှိခဲ့ပြီးဖြစ်သော ဤအဆင့်အတန်းနှင့် လျော်ညီစွာ 

 အလျင်အမြန် ပေါက်မြောက်အောင် ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ကျွန်ုပ်တို့အဘို့မှာကား 

ဗမာနိုင်ငံတော်ကို တတ်အားသရွေ့ အကူအညီပေး၍ ပူးပေါင်း ဆောင်ရွက်ရန် 

လိုလားကြောင်း ကြေညာလိုက်ပါသတည်း။

0 comments:

Post a Comment

LIKE BOX