Friday, May 11, 2012

ဗြိတိန်လွှတ်တော်တွင် ရွေးကောက်ခံ မဟုတ်သော ကိုယ်စားလှယ်များ အတွက် အခြေခံဥပဒေ ပြင်ရမည်

Posted by မျိုးချစ်သူရဲကောင်းများ On 4:46 PM 0 comments

source : Guradian.co.uk



ရွေးကောက်တင်မြှောက်ခြင်း မပြုသည့် ဗြိတိန်ရှိ တော်ဝင် ပါလီမန် အတွင်း အပြောင်းအလဲများ ပြုလုပ်ရန် အဲလီဇဘက် ဘုရင်မကြီးမှ ပြောကြားလိုက်ကာ တိုးတက်မှု ၊ တရားမျှတမှုနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေးတို့နှင့် ပတ်သက်ပြီးလည်း ပြောကြားလိုက်ပြီ ဖြစ်သည်။
ယခုလို ပြောကြားမှုကို လွန်ခဲ့သည့် ဗုဒ္ဓဟူး နေ့က ပါလီမန် အထက်လွှတ်တော် မိန့်ခွန်းအတွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ လာမည့် ပါလီမန် ရွေးကောက်ပွဲ အတွက် ဥပဒေ ပြုရေး အစီအစဉ်များကို ပြုလုပ်ရန်နှင့် မိသားစုများ ၊ ကလေးငယ်များကို အထောက်အပံ့ပေးရန် တောင်းဆိုခဲ့သည်။ ထို့အပြင် အသုံးစရိတ် လျော့ချရေးနှင့် စီးပွားရေး တည်ငြိမ်လာစေရန် အတွက် ဝန်ကြီးများ အနေဖြင့် အဓိက ဦးစားပေး အဖြစ် ပြုလုပ်ရန်လည်း ဖြစ်ကြောင်း ပြောခဲ့သည်။

ယခုလို တော်ဝင် အထက် လွတ်တော်ကို ပြန်လည် ပြုပြင်ရေးနှင့် ပတ်သက်ပြီး တော်ဝင် ပါလီမန် အဖွဲ့ဝင်များမှ ဝေဖန်ခဲ့ပြီး ဝန်ကြီချုပ် ဒေးဗစ်ကင်မရွန်းမှ အဆိုပါ အစီအစဉ်များကို အကောင်အထည် ဖော်မှု အတွက် အခက်အခဲများစွာ ရှိနိုင်ကာ တော်ဝင် ပါလီမန် အဖွဲ့များ၏ ကျောထောက် နောက်ခံပြုသူများ အနေဖြင့် ဆန့်ကျင်မှုများ ရှိနိုင်ကြောင်း Guardian သတင်းတွင် ဖော်ပြသွားခဲ့သည်။

0 comments:

Post a Comment

LIKE BOX