Friday, May 11, 2012

နိုင်ငံတော်သမ္မတ က ဥရောပသမဂ္ဂမှ ပိတ်ဆို့အရေးယူမှုများ (၁)နှစ် ဆိုင်းငံ့ခြင်းအား အပြည့်အ၀ ရုပ်သိမ်းပေးရန် ပြောပြီ

Posted by မျိုးချစ်သူရဲကောင်းများ On 11:55 AM 0 comments



နေပြည်တော်- မေ(၉)


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မွန်းလွဲ(၂)နာရီ တွင် ပိုလန်နိုင်ငံ

 နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နှင့်ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ

 နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံကြောင်းသိရှိရသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်သွားရေး၊

 ဒီမိုကရေစီစနစ် ပိုမိုဆက်လက်ရှင်သန် ပြည့်စုံစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရေး၊

 ပိုလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း စက်ရုံအလုပ်ရုံများ၊ သင်္ဘောကျင်းလုပ်ငန်း၊ ရထား

 ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြုပ်နှံမည့် အခြေအနေများနှင့်

 လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာကဏ္ဍများတွင် အကူအညီများ ပေးအပ်နိုင်ရေး

 တို့ကို ဆွေးနွေး ကြကြောင်း သိရသည်။

“ ဥရောပသမဂ္ဂမှ ပိတ်ဆို့အရေးယူမှုများ (၁)နှစ် ဆိုင်းငံ့ခြင်းသည် တံခါးချပ်အား အပြည့်အ၀ ဖွင့်လှစ်ခြင်း

 မပြုဘဲ ဟရုံသာ ဟပေးသည့် အနေအထားမျိုးဖြစ်လို့ ရေရှည်ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာ စေရန်

 အခက်အခဲဖြစ်နေကြောင်း အပြည့်အ၀ ရုပ်သိမ်းပေးရန် လိုအပ်ကြောင်း”ကို နိုင်ငံတော်သမ္မတ က

 အလေးထား ဆွေးနွေး သွားတယ်လို့ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအရာရှိကြီးတစ်ဦး က

 ပြောကြားသွားသည်။

0 comments:

Post a Comment

LIKE BOX