Friday, May 11, 2012

SNLND ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး ဥပဒေကို လေ့လာဖို့ လိုနေပြီ

Posted by မျိုးချစ်သူရဲကောင်းများ On 9:58 PM 0 comments

၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့က တောင်ကြီးမြို့၊ကန်ရှေ့ရပ်ကွက်ရှိ Classic Restaurant တွင် အောင်ဇော်ဦး ဦးစီးပြီး ကြယ်စင်ပန်းပျိုးခင်း အခမ်းအနားကို ညနေ ၂ နာရီမှ ၄ နာရီအထိ ကျင်းပခဲ့ပါတယ်။ အခမ်းအနားတွင် ဦးခွန်ထွန်းဦး၊ ဒေါက်တာ ဒေါ်နှင်းရည်အေး၊ ဦးထွန်းညိုတို့မှ ဆွေးနွေးကြပြီး ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ဂျင်မီက ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများ၏ မေးမြန်းချက်များအား ဦးခွန်ထွန်းဦး၊ ဦးထွန်းညိုနှင့် ဂျင်မီတို့က ဖြေကြားခဲ့ပါတယ်။

ဒေါက်တာ သန့်ဇင်မှ နိုင်ငံတော်အပေါ် အပြစ်တင်ဝေဖန်မည့် အစား ပြည်သူလူထု အချင်းချင်းပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံအကျိုးစီးပွားနှင့် လူနေမှုအဆင့်အတန်းများ တိုးတက်မြင့်မားလာမှာ ဖြစ်ကြောင်း၊ ပညာရေး ကျန်းမာရေး လုပ်ငန်းများတွင် ဆရာဝန်များ၊ ဆရာ/မ များသည် လူနာ/ တပည့်များအပေါ် စေတနာထား၍ ဆေးကုသပေးခြင်း၊ အတတ်ပညာ၊ အသိပညာများ၊ အသက်မွေး ၀မ်းကျောင်းလုပ်ငန်းများနှင့် အကျင့်စာရိတ္တပိုင်းမှ စတင်ပြီး အခြေခံသင်ကြားပေးနေသည်ကို တွေ့မြင်ရကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး NLD ပါတီမှ ဦးဝင်းနိုင်မှ ဥပဒေအထက်တွင် မည်သူတွေ ရှိသလဲ လို့ မေးမြန်းရာ ဦးခွန်ထွန်းဦးမှ ဥပဒေအထက်တွင် စစ်တပ်ရှိကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။

တကယ်တော့ စစ်တပ်ဆိုတာ အရပ်ဘက်ဥပဒေတွေ အပြင် စစ်ဘက်ဥပဒေများကိုပါ လိုက်နာရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် အုပ်ချုပ်မှု ကဏ္ဍတွင် စစ်တပ်ရဲ့ အခန်းကဏ္ဍ မပါဝင်ပါဘူး။ နိုင်ငံတော် ကာကွယ်ရေးကိုသာ အဓိက တာဝန်ရှိတာပါ ဒါတွေကို မသိပဲ ဥပဒေအထက်မှာ စစ်တပ်ရှိတယ် ပြောတာ ကတော့ ဥပဒေဆိုတာကို မသိလို့ ဖြစ်ပါတယ်။ ပြောရရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှာ တိုင်းပြည် အုပ်ချုပ်တဲ့ အာဏာ မရှိပါဘူး။ အာဏာ ၃ ရပ်မှာလည်း တစ်ခုမှ မပါပါဘူး။ ဒါကို သေချာမလေ့လာပဲနဲ့ အရင်က နိုင်ငံရေးသမားတွေ စားပေါက်ချောင်အောင် အော်နေတဲ့ စစ်တပ်မကောင်းဘူးဆိုတာကို ခုထိ လက်ကိုင်ထားနေတယ်ဆိုတာ သိသာပါတယ်။

အခြေခံဥပဒေကို နားမလည်ပဲနဲ့ နိုင်ငံရေးပါတီဘယ်လို ထူထောင်မှာလဲ။ ဥပဒေကိုတောင် မသိတဲ့ ပါတီကို ဘယ်လို ထောက်ခံရမှာလဲ။ ဒါတွေကိုရော ဦးခွန်ထွန်းဦးရဲ့ ဖြုတ်ဦးနှောက်သာသာလေးနဲ့ မစဉ်းစားနိုင်ဘူးလား။ အစိုးရနဲ့ စစ်တပ်ကို မကောင်းပြောမှ နိုင်ငံရေးလုပ်တယ်လို့ ထင်နေတာလား။ တကယ်တော့ ဒီလို သိသာမြင်သာပွင့်လင်းပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို ဖော်ထုတ်ပြီး အကျိုးပြုရမယ့် အချိန်ကို ရောက်နေပါပြီ။ ၈၈ တုန်းကလို မင်းမဲ့စရိုက်ဆန်ဆန် ပြောနေလို့ ဘာမှ မထူးပါဘူး။ နိုင်ငံရေးကို တကယ်စိတ်ဝင်စားပြီး ပြည်သူ့အကျိုးကို ဆောင်ရွက်ချင်စိတ်ရှိရင် ဥပဒေတွေကို အရင်လေ့လာပါ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး။

တရားသူကြီးတွေ လာဘ်စားမှုရှိနိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်နဲ့ မသက်ဆိုင်ပါဘူး။ တရားသူကြီးနဲ့ပဲ ဆိုင်ပါတယ်။ တရားသူကြီးတစ်ယောက်ဖြစ်လာဖို့ဆိုတာ တကယ် တန်းတော့ မလွယ်လှပါဘူး။ ဥပဒေဘွဲ့ကို ၅ နှစ်လောက် အချိန်ယူပြီးသင်ရပါတယ်။ နောက် လုပ်ငန်းခွင် ၁ နှစ်။ စာမေးပွဲတွေလည်း အဆင့်ဆင့်ဖြေပြီးမှ တရားသူကြီးဖြစ်လာတာပါ။ နိုင်ငံတကာမှာလဲ တရားသူကြီးတွေ လာဘ်စားတဲ့ အမှုတွေ အများကြီးပါ။ ဒါပေမယ့် တရားစီရင်ရေး မဏ္ဍိုင် ပြိုလဲ မသွားပါဘူး။ တရားသူကြီးက လာဘ်စားတယ်ဆိုရင် အထောက်အထားခိုင်လုံရင် တရားစွဲလို့ ရပါတယ်။ နိုင်ငံတော် အကြီးအကဲတွေကလည်း မှန်တယ်ဆိုရင် အရေးယူမှာပါ။ ပြည်သူ့ဆန္ဒကို အလေးထားတဲ့ ခေတ်ကိုရောက်နေပါပြီ။ အရင်တုန်းကလိုပဲ အစိုးရမကောင်းကြောင်းပြောပြီး ပြည်သူကို လိမ်နေတဲ့ ခေတ်မဟုတ်တော့ဘူးဆိုတာ ဦးခွန်ထွန်းဦး သိစေချင်ပါတယ်။

0 comments:

Post a Comment

LIKE BOX