Thursday, May 10, 2012

တပ် မ တော် သား ဆို တာ...

Posted by မျိုးချစ်သူရဲကောင်းများ On 7:10 PM 0 comments


ကမ္ဘာပေါ်ရှိတပ်မတော်သားအားလုံးသည်မည်သို့ ပင်တပ်မတော် ထဲသို့ ဝင်ရောက်လာစေကာမူ အခြေခံ ခံယူချက်ခြင်းကတော့ အားလုံးအတူတူပင်ဖြစ်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်ထဲဝင်ရောက်လာကြသည်။ ကျဆုံးသွားကြသည်၊ တာဝန်ထမ်းဆောင်လျက်ရှိကြသည်၊ အငြိမ်းစားယူသွားကြပြီ။ သို့ သော်တပ်မတော်အသီးသီး၏ တပ်မတော်သားတိုင်းသည် တာဝန်ကိုကျေ ပွန်အောင်ထမ်းဆောင်တပ်ကြသည်။ အမိန့် ကိုနာခံတတ်ကြသည်၊ ရဲဘော်ရဲဘက်ခြင်းချစ်ခင်ကူညီရိုင်းပင်တတ်ကြသည်၊ပြည်သူတွေကို ကာကွယ်ပေးကြသည်၊ တိုင်းပြည်အတွက် ကာကွယ်ရေးကိုစွမ်းစွမ်းတမံကြိုးစားရင်း တိုင်းပြည်၏လိုအပ်ချက်မှန်သမျှကို လိုအပ်သည့်အချိန် တွင်ရသည့်နေရာမှပင်ကူညီဖြည့်စွမ်းပေးကြ သည်။ စစ်သားဆိုသည်မှာ စစ်တိုက်ရန်အတွက်ပင်ဖြစ်သည်။ ခက်ထန်ရမည့်နေရာတွင်ခက်ထန် ကြမ်းတမ်းသည်၊ ပြတ်သားသည်။ စစ်သားတိုင်း၏ပင်ကိုယ်စရိုက် အရ တိကျပြတ်သားမှု့ ကိုလိုလားသည်။ ပြောဆိုလျင်လည်းတည်တည်တံ့တံ့ဖြင့်၇ဲ့ ဝံ့ပြတ်သားစွာပြောဆိုတတ်ကြသည်။ တိုင်းပြည်နှင့်ပြည်သူတို့ ၏အသက်အိုး အိမ်စည်းစိမ်ကို မိမိအသက်ဖြင့်လဲလှယ်ကာ ကာကွယ်စောင့်ရှောက်လျက်ရှိသည်။တိုင်းပြည်၏ပြည်တွင်းပြည်ပရန်ဟူသမျှကိုမားမားရပ်တည်ကာတပ်မတော်၏ ကာကွယ်စောင့်ထိမ်းမှုဖြင့်မည်သူကမျှမိမိနိုင်ငံသားမိမိနိုင်ငံအားစော်ကားဖျက်စီးမှု့ ကိုမခံရလေအောင်ကာကွယ်တတ်ကြသည်။ ကျွန်တော်တို့မြန်မာ့တပ်မတော်၏ အစဉ်ဦးထိပ်ထားလျက်ရှိသောပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု့ မပြိုကွဲရေး ၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဆိုသည့်ဒို့ တာဝန် အရေးသုံးပါးနှင့်အညီ ၎င်းတို့ အားတစ်နည်းနည်းဖြင့်ဖျက်ဆီးမည့်ပြည်တွင်းပြည်ပ ရန်သူ အမျိုးမျိုးသောရန်သူများအားတပ်မတော်သည်ကာကွယ်တိုက်ခိုက်လျက်ရှိသည်။

0 comments:

Post a Comment

LIKE BOX