Friday, May 11, 2012

မလေးရှားတွင် မြန်မာအမျိုးသမီးများအား အစုလိုက်အပြုံလိုက် မုဒိန်းကျင့်မှူဖြစ်ပွါး

Posted by မျိုးချစ်သူရဲကောင်းများ On 6:47 PM 0 comments

မလေးရှားနိုင်ငံ ဂျိုဟိုးပြည် နယ်တွင် မြန်မာ အမျိုးသမီးများအား မလေးရှားနိုင်ငံသားများမှ အဖွဲ့လိုက် မုဒိန်းကျင့်မှူ ဖြစ်ပွါးခဲ့ကြောင်း သိရပါသည် ။
Taman Putri Wangsa Jalan Istimewa 7. No-16 Kilang E.W တွင် အလုပ်လုပ်နေသော မြန်မာမိန်းကလေးများ အစုလိုက်အပြုံလိုက် မုဒိန်းကျင့်ခံမှု ဖြစ်ပွါးခဲ့သော်လည်း နိုင်ငံပိုင်သတင်းစာ တစောင်ဖြစ်သော STAR သတင်းစာကမူ ၊ အထ မမြောက်ခဲ့သော ကာယိနြေ္ဒပျက်ရုံလောက်သာ ဖြစ်ခဲ့သည့် မုဒိမ်းကျင်ရန်ကြံစီမှုအဖြစ် ရေးသားဖော်ပြခဲ့သည် ။

ဖြစ်စဉ်မှာ မနက် ၂ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး ယခင်နေ့များကတည်းကပင်အမျိုးသမီးများသီးသန့်နေထိုင်ရာ ထိုအိမ်အနီးသို့ မလေးရှားနိုင်ငံသားများ ရောက်လာပြီး ဘောင်းဘီဇစ်များ ချွတ်ပြခြင်း၊ မဖွယ်မရာများ ပြုလုပ်ခြင်းတို့ကြောင့် မိန်းကလေးများက သက်ဆိုင်ရာ အေးဂျင့်သို့ တိုင်ကြား ရာ မြန်မာအေးဂျင့်မှ ပြရင်ကြည့်လိုက်ပေါ့ဟု မချေမငံ ပြန်ပြောခဲ့ပါသည် ။

အခင်းဖြစ်သည့်ညတွင် ၎င်းအုပ်စုထဲမှ မလေးနိုင်ငံသား တယောက် ၊ အိမ်နောက်ဖေးမှ ဖျက်ဆီး ၀င်ရောက်လာပြီး လက်နက်ပြ ခြိမ်းခြောက်ကာ အိမ်ရှေ့တံခါးကို ဖွင့်စေပြီး နောက်ထပ်(၅) ယောက်ဝင်ရောက်လာ ကြပါသည် ။ ထိုအိမ်တွင်နေသူများမှာ …မခိုင်ခိုင်မာ၊ မစန်းမြင့်၊ ခိုင်သဇင်၊ ခင်သဲချို၊ မစန္ဒာထွေး၊ မပပလင်း၊ မနုနုလွင်၊ မကေသီစံတို့အပါအ၀င် မြန်မာမိန်းကလေး (၁၀) ယောက်ဖြစ်ပြီး ဓါးများဖြင့် ခြိမ်းချောက်ခံထားရ ခြင်းကြောင့် အနီးပတ်ဝန်းကျင်ကိုလည်း အော်ဟစ်အကူအညီ မတောင်းနိုင်ခဲ့ကြပါ။ ထိုသူများ အိမ်ပေါ်ရောက်သည်နှင့် မိန်းကလေးအားလုံး စုစည်းစေကာ အ၀တ်အစားများချွတ်ခိုင်းပြီး လက်ကိုင်ဖုန်းနှင့် လက်ဝတ်လက်စားများကို အရင်သိမ်းယူပြီးမှ ၎င်းတို့ကြိုက်နှစ်သက်ရာ မိန်းကလေးများကို ရွေးချယ်၍ အခန်းတခုတည်းထည့်ပြီး အဓမ္မကျင့်ကြံခဲ့ကြသည်။ အဓမ္မကျင့်ကြံခံရသူ မိန်းကလေး(၄) ဦးနှင့် ကျန်မိန်းကလေးများက အော်ဟစ်ကာ ရုန်းရင်းဆန်ခတ် ပြုလုပ်ခြင်းတို့ကြောင့် မိန်းကလေး(၂)ဦးကို ကတ်ကြေး သို့မဟုတ် စကေဘာကဲ့သို့ အသွားချွန်ထက်သော လက်နက်ဖြင့် ထိုးပြီးထိုသူများ ထွက်ပြေးသွားကြခြင်းဖြစ်သည်။

မလေးရှားရှိ အာဏာပိုင်အချို့မှလည်း ထိုကိစ္စမျိုးကဲ့သို့ ၄င်းတို့နိုင်ငံသားများနှင့်ပတ်သတ်ပြီး လက်ရှောင်၍တာဝန်ယူလိုခြင်း အလျှင်းမရှိချေ ။ ထိုသို့သော နိုင်ငံမျိုးသို့ အားကျပြီး သွားရောက်လိုသော အမျိုးသမီးများနှင့် သိလျှက်နှင့် cover မပေးနိုင်သော အေးဂျင့်များ ကို သတိပေးလိုက်ပါသည် ။မြန်မာလူမျိုးသာ မည်သည့်နေရာရောက်ရောက် မြန်မာ သာ ဖြစ်သည် ။မျိုးချစ်စိတ်ဟူသည် စာအုပ်ပေါ် ဆိုင်းဘုတ်ပေါ်တွင်သာထားရှိနေသည့် မြန်မာတို့၏ အကျင့်စရိုက်များပြင်စေလိုပါသည် ။
အိမ်ဖော်အဖြစ် အနှိမ်ခံသွားရောက်ခြင်း မရှိစေရန် တားမြစ်လိုက်သော သမ္မတကြီးနှင့်တာဝန်ရှိသူများ အားလည်း ကျေးဇူးတင်ရှိမိပြီး ယခုထက်ပို၍ ထိရောက်သော အကူအညီများ နှင့် ကာကွယ်ပေးခြင်းများ ပြု
လုပ်ပေးစေခြင်းကြောင်း တောင်းဆိုအပ်ပါသည် ။

0 comments:

Post a Comment

LIKE BOX