From : Messenger News Journal
UMFCCI အသင်းချုပ်ရုံး၌ ၉.၅.၂၀၁၂ နေ့က ကျင်းပခဲ့သော ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ၏
စတုတ္ထအကြိမ် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် သတင်းရယူရန် ရောက်ရှိလာသော Express Time
ဂျာနယ်မှ သတင်းထောက်နှစ်ဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ပါတီဝင်တစ်ဦးက
ဥပဒေမဲ့ ရိုင်းပြစွာ ပြုမူဆက်ဆံခဲ့ခြင်း၊ ``မင်းတို့က ပိုက်ဆံလိုချင်လို့ မီဒီယာလုပ်ငန်း လုပ်နေတာကွ၊
ငါတို့က ထောင်ကျခံပြီး နိုင်ငံရေးလုပ်နေတာ´´ ဟူသော မီဒီယာသမား များအပေါ်
ဂုဏ်သိက္ခာညှိုးနွမ်းစေရန် တစ်ဖက်သတ် ပုတ်ခတ်စော်ကားသည့်စကားများ ပြောဆိုခဲ့ခြင်းအပေါ် The
Messenger ဂျာနယ်မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။
ယခင်ကလည်း အလားတူ ဖြစ်ရပ်များ ရှိခဲ့ပါသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ
တာဝန်ရှိသူများ အနေဖြင့် ယခုဖြစ်ရပ်အပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့်အခြေအနေတစ်ခု ပေါ်ထွက်လာအောင်
အမြန်ဆုံးဆောင်ရွက်ပေးပါရန် The Messenger ဂျာနယ်မှ တောင်းဆိုလိုက်ပါသည်။
Myanmar Express
0 comments:
Post a Comment