Friday, May 11, 2012

ပိတ်ဆို့မှု တချို့ ဆွစ်ဇာလန် ပြန်ရုတ်မည်

Posted by မျိုးချစ်သူရဲကောင်းများ On 4:36 PM 0 comments



မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတချို့ကို ပြန်လည် ရုတ်သိမ်းတော့မယ်လို့ ဆွစ်ဇာလန် အစိုးရက ကြေညာလိုက်ပါတယ်။ ဧပြီလအတွင်း ၀န်ကြီးများ အစည်းအဝေးတွေကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်အရ လက်နက် နဲ့တကွ ဖိနှိပ်ရေးမှာအသုံးပြုနိုင်တဲ့ တခြား ပစ္စည်းတွေ ရောင်းချတာကလွဲပြီး၊ ကျန်တဲ့ ပိတ်ဆို့မှုတွေ ကို ရုတ်သိမ်းမှာ ဖြစ်တယ်လို့ စီးပွားရေးဆိုင်ရာ အတွင်းဝန်ရုံးက ဗုဒ္ဒဟူးနေ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလပိုင်းတွေအတွင်း အပြုသဘောဆောင်တဲ့ ဖြစ်ပေါ် ပြောင်းလဲမှုတွေကို ဆွစ်ဇာလန် အစိုးရ က ကြိုဆိုပြီး၊ အဲဒီပြုပြင်ပြောင်းလဲမှုတွေကို အားပေး ထောက်ခံတဲ့ အနေနဲ့ ပိတ်ဆို့မှု တချို့ ကို ပြန်လည် ရုတ်သိမ်းဖို့ ရည်ရွယ်ထားပါတယ် လို့ အတွင်းဝန်ရုံး ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ကြာသပတေးနေ့ မှာအသက်ဝင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ အဆိုးဘက် ကို ရုတ်တရက် ပြန်ပြောင်းသွားရင်မယ် ဆိုရင်တော့ ပိတ်ဆို့မှု ရုတ်သိမ်းချက်ကို ပြန်လည်ပယ်ဖျက်မယ် လို့ ဆိုပါတယ်။

0 comments:

Post a Comment

LIKE BOX