Thursday, May 10, 2012

ကန်. လန်. တိုက် နေ ကြ သော ဒီ မို သာ ကူး လေး များ သိ စေ ရန်

Posted by မျိုးချစ်သူရဲကောင်းများ On 7:02 PM 0 comments


မှန်ကန်သော် လမ်းကြောင်းနဲ့ အကောင်းဆုံးတည့်မတ်နိုင်ဖို့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ် လွတ်လပ်စွာ ချုပ်ကိုင်နိုင်မှုများ ကလွတ်မြောက်အောင် ကြိုးပမ်းနေသော် ဝန်ကြီး များ 
စစ်ဘက်အမတ်များကြံ့ ခိုင်ရေးကိုယ်စားလှယ်များ နှင့်NLDကိုယ်စားလှယ်များအားလုံးအပြော နှင့် မဟုတ်အလုပ်ဖြင့် သက်သေတစ်ခုပြီးတစ်ခုပြနေပြီ ဒါကို မရူစိမ့် ခုထိလမ်းကြောင်းမှန်ကို မတွေးနိုင် စိတ်ထဲမှာ တိုင်းပြည်တွက်မတွေး အတ္တ ပေါင်းများစွာပြည့်နှက်သော် သူများ၊အတိုက်ခံများ၊ပြည်ပအထောက်ပံ့ယူ ကိုယ်ကျိုးရှာနေသူများ သင့်နိုင်ငံကိုတကယ်ချစ်ရင် သူများစိုက်ဝါးထည့်ခိုင်းတိုင်းမလုပ်ပါနဲ့  သင်လည်း ဒီနိုင်ငံ ဒီလူမျိုး ဒီရေကိုသောက်ဖူးတာဘဲသင့်နိုင်ငံ ဖြိုခွင်းဖို့  တပ်မတော်ပြည်သူ အစိုးရ ကြား သာသနာရေး ၊စီပွားရေး၊လူမျိုးရေး အမျိုးခုတုံးလုပ် သွေးခွဲစာသားများ ရှောင်သင့်ပြီခုချိန်အသက်ရွယ် (၁၆၊၁၇၊၁ဂ)လူငယ်လတ်ပိုင်း ဒီအရွယ်တွေစိတ်ထဲ အဆိပ်မှိုင်း တွေ ထပ်မတိုက်ပါနဲ့  သင်ရေးသော်စာကြောင့် အတွေးမှား နောင်ခောတ်သစ်မှာလည်း အတွေးမှားတွေနဲ့  တိုင်းပြည်ပေါ် အံတု အမြင်မမှန်ဘဲ နောက်သွေးသစ်တွေအန္တရယ်ကောင် ဖြစ်အောင် မတိုက်တွန်းပါနဲ့ ပိတ်ဆို့ မှုတွေကို မကာကွယ်ပါနဲ့ ဒီတိုင်းပြည်ကိုသင်ချစ်ရင်ပေါ့ ဒီတိုင်းပြည်တိုးတက်
တာ သင့်လူမျိုးတွေချမ်းသာတာမြင်ချင်ရင်ပေါ့။

ပိတ်ဆို့ မှုတွေ အကြောင်းအပြန်လှန်ငြင်းဆိုနေယုံနဲ့ ဘာဖြစ်မှာလဲတကယ်စဉ်စား ကြည့်ရင် ဘယ်သူ မှားမှားခုလို ချုပ်ထိန်းထားတာဟာကိုယ့် နိုင်ငံအရေးကို ဝင်ချုပ်ကိုင်ချင်တဲ့ အနေထား အင်အားကြီးတွေ
မှာရှိနေတယ် ဆိုတာ မမေ့ကြပါနဲ့ ဗျာ။ ဆင်းရဲတယ် ဆင်းရဲတယ် အော်နေယုံနဲ့ ချမ်းသာမလာပါ ဘူး ကိုယ့်ဘယ်လိုထွက်ပေါက်ရှာကြမလဲဆိုတာကို ရှာဖွေရမှာ ဖြစ်ပါတယ် ဟိုဘက်ကကောင်တွေက ဦးနှောက်သုံးတယ် တို့ လူမျိုးတွေက သူများယောင်တိုင်း လိုက်ယောင်တဲ့ အပြင်ပိုမတွေး
ခဲ့ကြဖူး။

ကဲခုတွေးကြည့်ရအောင်ဗျာ ကျွန်တော်လူမျိုးခြင်းဘယ်လိုဘာဘဲဖြစ်နေနေ ခုချိန်မှာ အားလုံးလမ်းကြောင်းပေါ်တက်ပြီ စည်းလုံးမှုတွေတည်ဆောက်နေတယ်။ဘယ်လို အကြောင်းမျိုးကြောင့်ဘဲဖြစ်နေနေဒီပိတ်ဆို့ မှုနဲ့ မတန်ရအောင်လောက်တဲ့ ပြစ်ချက်တွေ
မရှိတော့ပါဘူး။ဒါကို ကျွန်တော်တို့ အားလုံးတွေးသင့်နေပြီ သိသင့်နေပြီ ဆက်ပြီးချုပ်ကိုင်လွမ်းမိုးခံနေရအောင်လည်း ကျွန်တော်တို့ ဟာ ကျွန်ဘဝက ဘုရင်ခံစနစ်
အုပ်ချုပ်တဲ့ စနစ်မဟုတ်တော့ပါဘူး။ဒါကြောင့်ခုချိန် ပြစ်ချက်မရှိကိုယ့်နိုင်ငံ ထူထောင်နေချိန်မှာ
ဒီတစ်နှစ် ထပ်မံဆိုင်းငံ့တဲ့ ပိတ်ဆို့ မှုဟာ ကျွန်တော်တို့ အားလုံး နိုင်ငံကိုတိုးတက်တာကို
ဖေါ်ဆောင်နေတာကို မယုံကြည်သလိုလိုတစ်နည်းအားဖြင့် တစ်စုံတစ်ရာကိုချုပ်ကိုင်လွမ်းမိုးဖို့ ရာ ကြိုးကိုင်ချင်နေသလိုဖြစ်နေတာကို ဒီပြည်တွက်ကျွန်တော်တို့ တွေးမိသင့်ပါပီ။

ပိတ်ဆို့ မှုဖွင့်ရေးသည် တစ်နိုင်ငံလုံး၏ ညီညွတ်မှု စည်လုံးမှုနှင့် ခေါင်းဆောင်ကောင်းများ၏ ဦးဆောင်မှုများနဲ့  ကျွန်တော်တို့ ဟာ အချုပ်ကိုင်ခံလူမျိုးမဟုတ်ဘူးဆို
တာကိုအားလုံးညီညီညာညာ စုပေါင်းကြဖို့ လိုလေပြီ အကြောင်းရာတစ်ခုအရ ပြောပြရရင်
လစ်ဗျာ နိုင်ငံပေါ် ပိတ်ဆို့ မှုတစ်ခုဟာစစ်ကြီး မပြီးခင်အချိန်မှာဘဲ အင်းအားကြီး
နိုင်ငံတစ်ခုရဲ့ သြဇာခံ ဝင်လိုက်ချိန်မှာ ဘဲ လစ်ဗျားနိုင်ငံ ပိတ်ဆို့ မှု ဖွင့်သွားပါတယ်။ကျွန်တော်တို့ တွေက တော့ ဘယ်သူ့ မှ သြဇာ မခံဘဲ ဒီပိတ်ဆိုမှုကို တွန်းလှန်နိုင်မယ်လို့ ထင်ပါတယ်။နှစ်တစ်ရာ
အုပ်ချုပ်လာတဲ့အင်္ဂလိပ်လက်အောက်ကတောင် ကျွန်တော်တို့ လုပ်နိုင်သေးတာအားလုံးစည်းလုံးပြီး တကယ်လုပ်မယ်ဆိုမဖွင့်ပေးစရာမရှိဖူးဆိုတာကျွန်တော်တို့ သိသင့်တွေးသင့်ပါတယ်။ဖွင့်ကိုဖွင့်မှာပါ ဘာလို့ လဲဆိုကျွန်တော်တို့ ဟာ မြန်မာ လူမျိုးဖြစ်လို့ ပါဘဲ ဒီချိန်မှာစည်လုံးမှုနဲ့ တိုင်းပြည်ချစ်စိတ်လေးတွေ ရှေ့ တန်းတင်လိုက်ဖို့ ပါဘဲဗျာ။

ယနေ့ မွန်းလွဲ(၂)နာရီ တွင်သမ္မတကြီးသည် ပိုလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နှင့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံကြောင်းသိရှိရသည်။
တွေ့ဆုံရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်သွားရေး၊ ဒီမိုကရေစီစနစ် ပိုမိုဆက်လက်ရှင်သန် ပြည့်စုံစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရေး၊ပိုလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း စက်ရုံအလုပ်ရုံများ၊ သင်္ဘောကျင်းလုပ်ငန်း၊ ရထား ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြုပ်နှံမည့် အခြေအနေများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာကဏ္ဍများတွင် အကူအညီများ ပေးအပ်နိုင်ရေး တို့ကို ဆွေးနွေး ကြကြောင်း သိရသည်။

“ ဥရောပသမဂ္ဂမှ ပိတ်ဆို့အရေးယူမှုများ (၁)နှစ် ဆိုင်းငံ့ခြင်းသည် တံခါးချပ်အား အပြည့်အ၀ ဖွင့်လှစ်ခြင်း မပြုဘဲ ဟရုံသာ ဟပေးသည့် အနေအထားမျိုးဖြစ်လို့ ရေရှည်ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာ စေရန် အခက်အခဲဖြစ်နေကြောင်း အပြည့်အ၀ ရုပ်သိမ်းပေးရန် လိုအပ်ကြောင်း”ကို နိုင်ငံတော်သမ္မတ က အလေးထား ဆွေးနွေး သွားတယ်လို့ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအရာရှိကြီးတစ်ဦး က ပြောကြားသွားသည်။

နိုင်ငံတော်သမ္မတကြီးဦးသိန်စိန် က ဥရောပသမဂ္ဂမှပိတ်ဆို့အရေးယူမှုများ (၁)နှစ် ဆိုင်းငံ့ခြင်းအား အပြည့်အ၀ ရုပ်သိမ်းပေးရန် ပြောပြီဖြစ်ပါတယ်။ဒါကျွန်တော်တို့ နိုင်ငံတွက်အလုပ်သင့်ဆုံး သော် အလုပ်ကို လုပ်သွားခြင်းဖြစ်ပါတယ်။ကျွန်တော်တို့  ပြည်သူ ပြည်သားတွေလည်း အဖက်ဖက်ကဒါကို သိထားပြီး ပိတ်ဆို့ မှုရုပ်သိမ်းဖို့ သည်ကျွန်တော်တို့ နိုင်ငံတိုးတက်ဖို့ အရေးသာဖြစ်ကြောင်းအကြံပေးတင်ပြလိုက်ပါတယ်။

လေးစားစွာဖြင့်
ဖိုးသားလေး

0 comments:

Post a Comment

LIKE BOX