Saturday, May 12, 2012

KIA မှ မိုးညှင်း-မော်ဟန်ရထားလမ်းအားဖောက်ခွဲရန်စီစဉ်နေ

Posted by မျိုးချစ်သူရဲကောင်းများ On 7:20 PM 0 comments




                KIA တပ်မဟာ(၂) ရင်း(၂၆) အင်အား ၈ ဦးလောက်က အရပ်သားအသွင်ယူပြီး သူတို့ရဲ့ သတင်းပေးများဟာ မိုးညှင်းမြို့နယ် ကာဒူးရွာနဲ့ ရပ်ပုတ်ရွာတို့မှာ ၀င်ရောက်လှုပ်ရှား နေတယ်လို့ ကာဒူးရွာက ကချင်တစ်ဦးကပြောပါတယ်။ သူတို့က အစိုးရတပ်ကိုစောင့်ကြည့် နေပါတယ်။ အခြေ အနေကောင်းရင် မိုးညှင်း-မော်ဟန် မီးရထားလမ်း အားမိုင်းဖောက်ခွဲ ဖျက်ဆီးလိမ့်မယ်လို့ အစိုးရတပ်ကို ၎င်းရွာသားက သတင်းပေးခဲ့ပါတယ်။

                အရင်တုန်းက ဆိုရင်ဒီလို KIA နဲ့ပတ်သတ်ပြီး လာပြောပြတာမရှိပါဘူး။ သူတို့ရဲ့ အကြမ်းဖက် ရက်စက်မှု တွေကြောင့် ပြည်သူတွေက ထောက်ခံမှုမရှိတော့ဘဲ အစိုးရတပ်ကို လာရောက် သတင်းပေး တာဖြစ်တယ်လို့ပြောပါတယ်။ KIA က ပြည်သူတွေအသုံးပြုနေတဲ့ ရထားလမ်း ကားလမ်းတွေ တံတားတွေကို မိုင်းထောင် နောက်ပြီး အဆောက်အအုံတွေ မိုင်းထောင်မိုင်းခွဲလုပ်တာဖြစ်တဲ့ အပြင် အဓမ္မ လူသစ်စုဆောင်းမှုများ၊ မတရားမိန်းကလေး တွေကိုပါ စုဆောင်းခြင်းများ ပြုလုပ် နေတာဖြစ်တဲ့အတွက် သူတို့ကဖွဲ့ကို ကချင်ပြည်သူ တွေက အကြမ်းဖက်အဖွဲ့လို့မြင်နေကြပြီး ထောက်ခံမှုမရှိတော့တာတွေ့ရပါတယ်။

0 comments:

Post a Comment

LIKE BOX