Friday, May 11, 2012

Facebook မှ မြန်မာအမျိုးသမီးတစ်ဦး၏ ရင်ဖွင်.သံ

Posted by မျိုးချစ်သူရဲကောင်းများ On 11:28 AM 0 comments

'ရှေ့မျက်နှာ နောက်ထား၍ အရှိတရားကို ဆိုပါသည်။' ကျွန်မတို့  မြန်မာနိုင်ငံသည် ယခုနှစ်ပိုင်းအတွင်း
  အပြောင်းအလဲများစွာ ကြုံတွေ့ရ၏။ အချို့ကလည်း မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ .
 ရောက်ရှိလာပြီဟု ဆို၏။ အချို့ကလည်း မြန်မာနိုင်ငံကို စင်္ကာပူနိုင်ငံကဲ့သို့  တိုးတက်စေရမည်ဟု
 ကြုံးဝါးကြသည်။ စင်္ကာပူနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်သည်။ စင်္ကာပူနိုင်ငံသည် နိုင်ငံသားများနှင့် သက်ဆိုင်သော လုပ်ပိုင်ခွင့်၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းရှင်း လင်းလင်း လူသိရှင်ကြား ဖော်ပြတတ်သော နိုင်ငံလည်း ဖြစ်သည်။ စင်္ကာပူနိုင်ငံ၏ ရုပ်မြင်သံကြား သတင်းစဉ်တွင် ဝန်ကြီးချုပ်မိန့် ခွန်းမှအစ လမ်းဘေး အိမ်သာ မသန့် ရှင်းမှုအဆုံး သိသင့်သိအပ်သည်များကို နေ့ စဉ် ထုတ်လွှင့် ပြသပေး၏။ . စင်္ကာပူနိုင်ငံသား အများစုသည် ဂုဏ်မက်ပါသည်။ စင်္ကာပူနိုင်ငံတွင် ရောက်ဖူးသူ၊ နေဖူးသူတိုင်း စင်္ကာပူ နိုင်ငံသား/သူများ မည်ရွေ့မည်မျှ အဆင့်အတန်း ခွဲခြားဆက်ဆံတတ်ကြောင်း ကိုယ်တွေ့ ကြုံဖူးကြပေမည်။ ဤသို့ သော နိုင်ငံမျိုးအတွက် မယုံချင်စရာ ကောင်းသော အချက်မှာ စင်္ကာပူနိုင်ငံတွင် လိင်ဝန်ဆောင်မှုကို တရားဝင် လိုင်စင်များ ချထား၍ လုပ်ကိုင်သည်ဟူ၏။ . မှန်ပါသည်။ စင်္ကာပူနိုင်ငံသည် အာရှနိုင်ငံများတွင် ရှားရှားပါးပါး လိင်ဝန်ဆောင်မှုကို တရားဝင် လုပ်ကိုင်ခွင့် ပေးသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ရည်ရွယ်ချက်မှာ လိင်အလုပ်သမား မိန်းကလေးများကို ကာကွယ်ရန်၊ ကျန်းမာရေးဆိုင်ရာပိုင်းတွင်လည်း တင်းတင်းကြပ်ကြပ် စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ရန်တို့  ဖြစ်သည်။ . Geylang သည် စင်္ကာပူနိုင်ငံတွင် အစည်ကား အကျော်ကြားဆုံး လိင်ဝန်ဆောင်မှုလုပ်ငန်းများ တည်ရှိသော အရပ်ဖြစ်သည်။ Geylang Lorong 1 ဟူသော လမ်းသွယ် (၁) မှသည် လမ်းသွယ်(၃၀) အတွင်း မြောက်မြား လှစွာသော ဖြူနီညိုပြာ နိုင်ငံစုံမှ လာသော မိန်းကလေးများ လှုပ်ရှားသွားလာ နေကြသည်။ ထိုထိုအိမ်များသည် လူနေအိမ်များနှင့် ကွဲပြားစေရန် အိမ်နံပါတ်များကို ဆိုင်းဘုတ်ကြီးကြီး စာလုံး ကြီးကြီးဖြင့် ရေးသားချိတ်ဆွဲ ထားတတ်ကြသည်။ . Geylang အပြင် Orchard Towers, Keong Saik Road, Rowell Road နှင့် Petain Road တို့ တွင်လည်း ယင်းသို့  လိင်ဝန်ဆောင်မှုကို လုပ်ကိုင်နေကြသည်။ ဝန်ဆောင်မှု နှုန်းထားများမှာ မိန်းကလေးများ၏ ရုပ်ရည်၊ လူမျိုး၊ အသက်အရွယ်ကို လိုက်၍ စင်္ကာပူဒေါ်လာ ၃၅ မှ ၂၀၀ ကျော် ၃၀၀ ကျော်အထိ အမျိုးမျိုး ဖြစ်နိုင်သည်။ ယင်းမိန်းကလေးများ၏ အလုပ်ချိန်သည် တနေ့ လျှင် ၆ နာရီမှ ၈ နာရီခန့်ြ­ဖစ်ပြီး ဧည့်သည်တစ်ဦးလျှင် တွေ့ဆုံချိန် မိနစ် ၃၀ မှ ၄၅ မိနစ်ြ­ဖစ်သည်။ ဧည့်သည်အမျိုးသားများမှ မလျော်ကန်သော ဆက်ဆံမှုများကို တောင်းဆိုလာပါကြ­ငင်းဆိုခွင့်ရှိပြီး ဧည့်သည်အများစုမှာ အကာအကွယ်အြ­ဖစ် ကွန်ဒုံးကို မြ­ဖစ်မနေ သုံးကြရသည်။ လိင်ဝန်ဆောင်မှုသည် တရားဝင်ဖြစ်သော်ငြား ယင်းမိန်းကလေးများသည် လမ်းမပေါ်တွင် ဧည့်ခေါ်ခြင်းကား တရားမဝင်ချေ။ ထို့ ကြောင့် ယင်းမိန်းကလေးများသည် အစဉ်အမြဲ သက်ဆိုင်ရာ ရဲအရာရှိများနှင့် ထိပ်တိုက် မတိုးမိစေရန် ရှောင်ကြရသည်။ မိန်းကလေးအများစုသည် တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းနှ င့် အင်ဒိုနီးရှား နိုင်ငံတို့ မှ ဖြစ်ကြသည်။ ရုရှားနှင့် အိန္ဒိယ မိန်းကလေးများလည်း ရှိသေးသည်ဟု သိရသည်။ . ထိုမိန်းကလေးများသည် နှစ်ပတ်လျှင် တစ်ကြိမ် ခုခံအား ကျဆင်းမှုရောဂါနှင့် အခြား လိင်ဆက်ဆံမှုမှ တဆင့် ကူးစက်တတ်သော ရောဂါများအတွက် မဖြစ်မနေ ဆေးစစ်ကြရသည်။ ထို့ ပြင် သက်ဆိုင်ရာမှလည်း မိန်းကလေးများ၏ လုပ်ငန်းခွင်နှင့် ပတ်သက်၍ ပုံမှန် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခြင်းဖြင့် အနိုင့်အထက် ပြုမှုများ ကင်းရှင်းစေသည့်အပြင် သူတို့ အား စိတ်ဓါတ်ရေးရာအရလည်း သိမ်ငယ်ခြင်းများကို လျော့ပါးစေသည်။ ထိုထိုမိန်းကလေးများသည် Yellow Card ဟူသော ကတ်ပြားဝါများကို ကိုင်ဆောင် ထားကြပြီး သက်ဆိုင်ရာမှ ၄င်းတို့ အား ကျန်းမာရေးရှုထောင့်မှ လိုအပ်သလို ပံ့ပိုးကူညီနေသည်ဟု သိရသည်။ ထို့ ကြောင့်လည်း စင်္ကာပူနိုင်ငံတွင် လိင်ကြောင့် ခုခံအားကျဆင်းမှုရောဂါ ကူးစက်မှုနှုန်းမှာ အလွန်နည်းပါးသည်။စင်္ကာပူနိုင်ငံတွင် လိင်ဝန်ဆောင်မှုကို တရားမဝင် လုပ်ကိုင်နေသူများလည်း အများအပြား ရှိနေသေးသည်။ အရွယ်မရောက်သေးသူနှင့် လိင်ဆက်ဆံခြင်းကို တင်းတင်းကြပ်ကြပ် အရေးယူသည်။ . ကျွန်မတို့၏ အိမ်နီးချင်းနိုင်ငြံ­ဖစ်သော ထိုင်းနိုင်ငံသည် လိင်ဝန်ဆောင်မှုလုပ်ငန်ြး­ဖင့် ကမ္ဘာလှည့်ခရီးအများအြ­ပားကို ဆွဲဆောင်ထားသော နိုင်ငံတစ်နိုင်ငြံ­ဖစ်သည်။ လိင်ဝန်ဆောင်မှုသည် ထိုင်းနိုင်ငံတွင် တရားဝင်မဟုတ်သော်ြ­ငား တရားဝင်ကဲ့သို့ပင် ကျယ်ကျယ်ြ­ပန့်ြ­ပန့် ထင်ထင်ပေါ်ပေါ် လှုပ်ရှားနေကြသည်။ မှတ်တမ်းများအရ ထိုင်းနိုင်ငံတွင် စုစုပေါင်း လိင်အလုပ်သမား ကျားမ စုစုပေါင်း သုံးသန်းကျော်ရြှိ­ပီး နှစ်စဉ် ယင်းလုပ်ငန်း၏ ဝင်ငွေသည် အမေရိကန်ဒေါ်လာ သန်းလေးထောင်ကျော်ခန့်ြ­ဖစ်သည်။ ၂၀၀၃ ခုနှစ်က ထိုင်းအစိုးရသည် ယင်းလုပ်ငန်းကို တရားဝင်အြ­ဖစ် ဥပဒေချမှတ်ရန် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သော်လည်း ယနေ့ထိတိုင် အကာင်အထည်ဖော် ဆောင်ရွက်ြ­ခင်း မရှိပေ။ . လိင်ဝန်ဆောင်မှုလုပ်ငန်းမှ မိန်းကလေးအများစုသည် နေ့စဉ် ၈ နာရီမှ ၁၄နာရီအထိ အလုပ်လုပ်ကြရပြီး အသက်အရွယ်၊ ရုပ်ရည်နှင့် ဧည့်သည်နှင့် တွေ့ဆုံချိန် အနည်းအများကို မူတည်၍ ဘတ် ၅၀၀ မှ ဘတ် ၄၀၀၀ အထိ ဈေးနှုန်းအမျိုးမျိုး ရှိသည်။ ထိုငွေ၏ အနည်းစုကိုသာ မိန်းကလေးများ ခံစားခွင့်ရှိပြီး အများစုကို အလုပ်ရှင်အား လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင် ပိုင်ရာဆိုင်ရာတို့အား လိုင်းကြေးအြ­ဖစ်လည်းကောင်း ပေးဆက်ကြရသည်။ ဧည့်သည် အမျိုးသားများြ­ပုသမျှ နုကြရပြီး ဧည့်သည်အမျိုးသားများ၏ တောင်းဆိုမှုများကို မြ­ဖစ်မနေ လိုက်လျောကြရသည်။ . ယင်းသို့  ကွပ်ကြဲ­ခင်းအလျဉ်းမရှိသော ထိုင်းနိုင်ငံ လိင်ဝန်ဆောင်မှုလုပ်ငန်း၏ အကျိုးဆက်သည်ကား ဆိုးရွားလှသည်။ လိင်အလုပ်သမလေးများ၏ ၃၅% သည် ခုခံအားကျဆင်းမှုရောဂါအပါအဝင် အြ­ခား လိင်ဆက်ဆံမှုမှ တဆင့် ကူးစက်သော ရောဂါများကို ကူးစက်ခံကြရသည်။ ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ခုခံအားကျဆင်းမှု ရောဂါသည် စုစုပေါင်း ဦးရေသည် ၅၃၂,၅၂၂ြ­ဖစ်သည်။ ထိုမျှမက ထိုင်းနိုင်ငံတွင် နှစ်စဉ် သန်းနှင့်ချီနေသော လူမမယ် ကလေးငယ်များသည် လိင်အလုပ်သမအြ­ဖစ် အဓမ္မ စေခိုင်ြး­ခင်း ခံရပြီး ၇၀%သော ကလေးများသည် ခုခံအားကျဆင်းမှုရောဂါသည်များြ­ဖစ်ကြသည်။ ၉၀% သော ကလေးများသည် လိင်ဆက်ဆံမှုကြောင့် ကိုယ်တွင်းကိုယ်ြ­ပင် ထိခိုက်ဒဏ်ရာများ ခံစားနေရသူများြ­ဖစ်သည်။ အချို့သော ကလေးများသည် အလွန်အကျွံ ဆက်ဆံမှုကြောင့် အသက်ဆုံးရှုံး ကြရသည်။ . ကျွန်မတို့ ၏ မြန်မာနိုင်ငံတွင် ယခုနှစ်များအတွင်း အနှိပ်ခန်းများ မှိုပေါက်သလို ဟောခနဲ ဟောခနဲ ဟိုတွင် သည်တွင် အပြိုင်အဆိုင် ဖွင့်လာကြသည်။ ယင်းအနှိပ်ခန်းများသည် အနှိပ်နှင့်တွဲလျက် အခြားသော အထူး ဝန်ဆောင်မှုကိုလည်း ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြသည်။ ယင်းအနှိပ်ခန်းများတွင် လုပ်ကိုင်နေသူ မိန်းကလေး အများစုမှာ စက်ရုံအလုပ်သမလေးများ ဖြစ်ကြောင်းကိုကား ကျွန်မတို့  မြန်မာအများ သိထားပြီးဖြစ်၍ အထူးတလည် ရှင်းပြရန် မလိုတော့ပါ။ . သမုဒ္ဒရာ ဝမ်းတထွာဟူ၏။ ထိုမိန်းကလေးများသည် တထွာသော သူရို့ဝမ်းအပြင် အထွာပေါင်းများစွာသော သူရို့ မိသားစုအတွက်ပါ ထိုအလုပ်ကို ဆေးခါးကြီးမျိုသလို ဇွတ်နှစ်၍ လုပ်ရရှာသည်။ ယင်းမိန်းကလေးများသည် ထိုအလုပ်ကို နှစ်သက်လွန်း၍ ခုံခုံမင်မင် လုပ်ကိုင်နေခြင်းမျိုး မဟုတ်ပါ။ သူတို့ သည် မလွှဲမရှောင်သာသော အကြောင်းတရားများကြောင့်သာ ဤလမ်းပေါ်သို့  ရောက်လာရသူများ ဖြစ်ပါသည်။ . ထိုထို အနှိပ်ခန်းမှ မိန်းကလေးများ၏ အခြေခံ လစာသည် ကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ အတွင်းဖြစ်ပြီး လက်ခံသော ဧည့်သည်ဦးရေအလိုက် ကော်မရှင် ခံစားခွင့်ရှိ၏။ ဧည့်သည်တစ်ဦး အနှိပ်ခံလျှင် တနာရီနှုန်းထား မှာ ကျပ် ၃၀၀၀ ခန့် ဖြစ်ပြီး ဝန်ဆောင်မှုပေးသောမိန်းကလေးသည် ကော်မရှင်အဖြစ် ကျပ် ၅၀၀ မှ ၁၀၀၀ အထိ လက်ခံရရှိသည်။ အကယ်၍ ဧည့်သည်၏ လိင်ဝန်ဆောင်မှုပေးရန် တောင်းဆိုခြင်းကို ငြင်းဆိုပါက အလုပ်ရှင်မှ လစာဖြတ်ခြင်း၊ ဒဏ်ကြေးသတ်မှတ်ခြင်းနှင့် ကော်မရှင် ဖြတ်တောက်ခြင်း စသဖြင့် အပြစ်ပေးတတ်သည်။ နှစ်သောင်း၊ သုံးသောင်းမျှသော အခြေခံလစာနှင့် မည်သို့မျှ လောက်ငခြင်း မရှိသည့်အခါ သူတို့ သည် အနှီ ကော်မရှင်ကို မက်မောသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိသားစု၏ လိုအပ်ချက်အတွက် ဤအလုပ်ကို မချစ်သော်ငြား အောင့်ကာနမ်းရရှာသည်။ ထိုမိန်းကလေးများအတွက် အလုပ်ချိန် တိတိကျကျ သတ်မှတ်ထားခြင်း မရှိပါချေ။ သူတို့ သည် ဧည့်သည်တစ်ဦးလာလေတိုင်း ထွက်၍ လူလုံးပြကြရသည်။ နားနေချိန် ဟူ၍လည်း သတ်သတ်မှတ်မှတ် မရှိချေ။ သန်းခေါင်ကျော်လာသော ဧည့်သည်အတွက်လည်း အစဉ်အမြဲ အဆင်သင့် ဖြစ်နေရသည်။ သူတို့ တွင် ကိုယ်ပိုင်လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့် မရှိချေ။ အလုပ်ရှင်အလိုကျ ဧည့်သည်အလိုကျ တဝမ်းတခါးအတွက် အရှက်ကို ခဝါချရသူများ ဖြစ်သည်။ သူတို့ ၏ ရင်တွင်းဝယ် သိမ်ငယ်မှုများ အစဉ်ကြီးစိုးနေသည်။ တခါက မိတ်ဆွေတစ်ဦးရေးသော စာတစ်ပုဒ်တွင် ဖတ်ဖူးပါသည်။ သိမ်ကြီးဈေးတဝိုက်မှ ပြည့်တန်ဆာတစ်ဦးက ဤသို့  ပြောခဲ့ဖူးပါသည်။ . 'စိတ်မပါတဲ့ အခါမျိုးမှာ အကျင့်မရှိသေးတဲ့ ပစ္စည်းက မတရား နာပါတယ်။' . အလုပ်ချိန် သတ်သတ်မှတ်မှတ် မရှိရှာသော ထိုမိန်းကလေးများ၏ ရုပ်ပိုင်းဆိုင်ရာသည် မည်သို့ ရှိပေမည်နည်း။အကျင့်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းနှင့်အများတော့ ခံစားကြရပေမည်။ ထိုသူငယ်မများ၏ ကျန်းမာရေးအတွက် အလုပ်ရှင်မှ တာဝန်ယူခြင်း အလျဉ်းမရှိပါ။ အကာအကွယ်မဲ့ ဆက်ဆံလိုသော ဧည့်သည်အား မလိုက်လျောပါလျှင် ကော်မရှင်ငွေ ဖြတ်တောက်ခြင်း ခံရမည်ဖြစ်သဖြင့် ဧည့်သည်အလိုကျ အန္တရာယ်ကို လက်ယပ်ခေါ်ကာ ခေါင်းငြိမ့်ကြရသည်။ လူမှုရေးအရသော် လည်းကောင်း၊ ကျန်းမာရေးအရသော် လည်းကောင်း မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ သူတို့ သည် လစ်ဟင်းနေသော အုပ်ချုပ်ရေး ယန္တရားကြီး၏ မြေဇာပင်များဖြစ်သည်။ သူတို့ အား ကာကွယ်ပေးနိုင်သော ဥပဒေဟူ၍ တိတိပပ မရှိ။ ကျန်းမာရေးဆိုင်ရာ အသိပညာ ဖြန့်ဝေမှု အလျဉ်းမရှိ။ သူတို့ တွင် လူ့အခွင့်အရေး အလျဉ်းမရှိချေ။ . မြန်မာနိုင်ငံတွင် တရားဝင် မဟုတ်သော်ငြား လိင်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေကြသည်မှာ ငြင်းမရသော အရှိတရားပင်ဖြစ်သည်။ ကျွန်မတို့ သည် ရှေ့မျက်နှာ နောက်ထား၍ ထိုအမှန်တရားကို လက်ခံသင့်ပြီ ဖြစ်သည်။ လိင်ဝန်ဆောင်မှုသည် ဥပဒေအရ တရားဝင်မဟုတ်သော်ငြား လိင်ဝန်ဆောင်မှုပေးရာ အနှိပ်ခန်း၊ အလှပြင်ခန်း များကို သက်ဆိုင်ရာမှ တင်းတင်းကြပ်ကြပ် ကိုင်တွယ်စစ်ဆေးခြင်းမရှိပဲ လုပ်ငန်းလိုင်စင်များ ဖောဖောသီသီ ထုတ်ပေးနေခြင်းသည် အလွန်ရယ်ဖွယ်ကောင်းသော လွဲချော်မှုကြီး ဖြစ်ပါသည်။ ခေတ်စနစ်သည် ကာလ ရွေ့လျားလာသည်နှင့်အမျှ တဖြည်းဖြည်းချင်း ပြောင်းလဲလာပါသည်။ လူသားတိုင်း လိင်မှုကိစ္စနှင့် မကင်းသည်မှာ သဘာဝပင် ဖြစ်သည်။ လူသားများ နေထိုင်သော မြန်မာပြည်တွင် လိင်ဝန်ဆောင်မှုလုပ်ငန်းများ ရှိနေသည်မှာ အလွန် သဘာဝကျပါသည်။ . 'ရှင်မင်းယာရယ် .. ညည်းက ကိုယ့်တိုင်ြး­ပည်ကို အဝှာနိုင်ငံြ­ဖစ်အောင် လုပ်နေတာလား ဟင်' ဟု စာရှုသူများ ထင်ကောင်း ထင်ပေလိမ့်မည်။ တိုးတက်သော ဒီမိုကရေစီနိုင်ငံမျာြး­ဖစ်သည့် နယူးဇီလန်၊ သြစတြေးလျ၊ နယ်သာလန်၊ ဂျာမနီ စသည့်နိုင်ငံများတွင် လိင်ဝန်ဆောင်မှုအား ဥပဒေအရ တရားဝင် လုပ်ကိုင်ခွင့်ြ­ပုသည်။ လိင်အလုပ်သမများအား လူ့အခွင့်အရေး ဆိုင်ရာ ကာကွယ်သော စည်းမျဉ်းစည်းကမ်းများ၊ ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုများကို အြ­ဖူအမဲ သဲသဲကွဲကွဲ လမ်းစဉ်မူဝါဒများ ချမှတ်ထားသည်။ အနှီ
  နိုင်ငံများသည် -ာ နိုင်ငံလော။ မဟုတ်ပါ။ သို့ ရာတွင် ဥပဒေမဲ့ ထင်ရာစိုင်းနေသော ကျွန်မတို့ ၏ အိမ်နီးချင်း နိုင်ငံကားမူ ထိုအဆင့်သို့ သိသိသာသာ ကျရောက်နေပြီြ­ဖစ်သည်။ . ကျွန်မတို့သည် တိုင်ြး­ပည်နှင့် လူမျိုးကို အမှန်တကယ် ချစ်ြ­မတ်နိုးသည်ဆိုပါက အရှိတရားကို လက်ခံ၍ြ­ပင်ဆင်သင့်သော စနစ်ဟောင်းများကိုြ­ပင်ဆင်ရမည်။ စွန့်ပစ်သင့်သော စနစ်ဟောင်းများကို စွန့်ပစ်၍ အမျာြး­ပည်သူ အမှန်တကယ် အကျိုးရှိစေမည့် စနစ်သစ်မျာြး­ဖင့် အစားထိုးတန် ထိုးရမည်။ လိင်အလုပ်သမလေးများ သည်လည်း လူပင်ြ­ဖစ်ပါသည်။ သူတို့ သည်လည်းြ­မန် မာနိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူများြ­ဖစ် ကြပါသည်။ သူတို့နှင့် ထိုက်တန်သော လူလိုသူလို ဘဝတစ်ခုအား ဖန်တီးပေးနိုင်ရန် မြန်မာပြည်တွင် လိင်ဝန်ဆောင်မှု လုပ်ငန်းများ ရှိနေသည်ဟူသော အရှိတရားကို လက်ခံ၍ သင့်လျော်သော ဥပဒေပိုင်းဆိုင်ရာ လမ်းစဉ်မူဝါဒများကို ချမှတ်ရန် အချိန်တန်နေပါပြီ ဖြစ်ကြောင်း ရှေ့မျက်နှာ နောက်ထား၍ ဤစာစုဖြင့် နှိုးဆော်အပ်ပါသည်။

 . မှီညွှန်းကိုးကား . http://warrenssingapore.com/singapore/sex-in-singapore/geylang-legal-sex-in-singapore-for-sale/ . http://en.wikipedia.org/wiki/Prostitution_in_Thailand .

 http://www.links.net/vita/swat/course/prosthai.html .

 http://www.wouk.org/rahab_international/pdf_files/Child%20Prostitution%20in%20Thailand.pdf

စင်္ကာပူမှ လိင်အလုပ်သမတစ်ဦး။ 



 ထိုင်းမှ လိင်အလုပ်သမတစ်ဦး။ 






0 comments:

Post a Comment

LIKE BOX