Sunday, June 10, 2012

ဒီမိုကရေစီက နုနု၊ ဖြစ်ရပ်က အဖုံဖုံ

Posted by မျိုးချစ်သူရဲကောင်းများ On 10:55 PM 0 comments


မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစမှာရောင်စုံသောင်းကျန်းမှုတွေထူပြောလို့``တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်´´ဆိုပြီးပြောဆိုရေးသားခဲ့ကြတာတွေဖတ်ခဲ့မှတ်ခဲ့ဖူးတယ်။အခုလည်းဘဲဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းစမှာ ပြဿနာစုံ၊ ဖြစ်စဉ်ဖြစ်ရပ်မျိုးစုံနဲ့ ကြုံတွေ့နေရတာမို့ ``ဒီမိုကရေစီကနုနု တောင်းဆိုမှုနဲ့ဖြစ်ရပ် တွေက အဖုံဖုံ´´ လို့ဆိုရမလိုဖြစ်နေတယ်။ တောင်းဆိုမှုတွေဖြစ်ရပ်တွေက ရှေ့နောက်မညီသလိုဖြစ်စဉ်ဖြစ်ရပ်တွေပေါ်မှာအမြတ် ထုတ်လိုတဲ့ ဒီမိုကရေစီအာချောင်မှုတွေလည်း တွေ့ရတယ်။

အစိုးရသစ်တတ်ခါစမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမယ်တို့ ဒေသခံလူတွေ ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ စုံအောင် အော်ခဲ့ကြလို သမ္မတကြီးက မြစ်ဆုံစီမံကိန်းကို ရပ်ပစ် ခဲ့တယ်။ ဟော ရေအားနည်းလို၊ ရေအားလျှပ်စစ်စက်ရုံတွေက လျှပ်စစ်လုံလောက်အောင် မထုတ်နိုင်တဲ့ အချိန် မချုပ်ငြိမ်းသေးတဲ့ သောင်းကျန်းသူတွေက မဟာဓါတ်အားလိုင်းကို ဖျက်ဆီးပစ်လို့ ဓါတ်အားပေး စနစ်တွေ ပြတ်တောက်ချိန်နဲ့တိုက်ဆိုင်ပြန်တော့ လျှပ်စစ်လုံလောက်အောင် ရရှိရေးဆိုပြီး ဖယောင်းတိုင်ထွန်း ဆန္ဒပြ ကြတယ်။


အစိုးရက ဒီမိုကရေစီခေတ်မှာ နိုင်ငံတစ်ဝန်း နယ်မြေအေးချမ်းတည်ငြိမ်ရေး ဆောင်ရွက်ဖို့ စစ်တပ်ကို တာဝန်မပေးဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အပြည့်အ၀တာဝန်ပေးနိုင်ဖို့ ရဲတပ်ရင်းတိုးချဲဖွဲ့စည်းဖို့ စီစဉ်တော့လည်း လွှတ်တော်မှာ ရခိုင်းတိုင်းရင်းသားပါတီ အမတ်တစ်ယောက်က ရခိုင်ပြည်နယ်မှာ ရဲတပ်ရင်းတွေလျှော့ချ သင့်တယ်ဆိုပြီး ကန့်ကွက်တင်ပြခဲ့တယ်။ အခုရခိုင်ပြည်နယ် မောင်တောဘက်မှာ ပြဿနာတွေဖြစ်တော့ အခုလို လူထုတွေညမအိပ်၊ နေ့မအိပ် အခြေအနေမျိုးတွေဟာ အစိုးရမှာအများကြီးတာဝန်ရှိတယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာ အများကြီးတာဝန်ရှိတယ်ဆိုပြီး အဲ့ဒီလူကဘဲ ပြောလာပြန်တယ်။ သူပြောတဲ့အတိုင်း ရခိုင် ပြည်နယ်မှာရှိတဲ့ ရဲတပ်ရင်းတွေကိုလျှော့ချခဲ့ရင် အခြေအနေတွေဒါထက် ပိုဆိုးသွားမှာအမှန်ပါပဲ။
အခု ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်နေတဲ့ ပြဿနာတွေက သွေးရိုးသားရိုးဟုတ်ရဲ့လားလို့တောင် မေးခွန်း ထုတ်နေကြပြန်ပြီ။ ဖြစ်ပွားတာက ရခိုင်တိုင်းရင်းသူ မိန်းကလေးတစ်ဦးကို အစ္စလာမ်ဘာသာဝင် အမျိုးသား ၃ဦးက အဓမ္မပြုကျင့်၊ သတ်ဖြတ်၊ ပစ္စည်းလုယက်ခဲ့တဲ့ အမှုအခင်းပဲ၊ ဒါကိုတာဝန်ရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲစခန်းက တရာခံတွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တရားဥပဒေနဲ့အညီ စစ်ဆေးအပြစ်ပေးဖို့လုပ်ခဲ့ပြီပဲ။ ပြဿနာ ကိုမီးထွန်းရှာပြီးလှုံ့ဆော်မှုတွေလုပ်ခဲ့ကြတော့သွေးဆူတတ်တဲ့ကျွန်တော်တို့လူမျိုးရဲ့ထုံးစံအတိုင်း တောင်ကုတ် မှာကားတစ်စီးကိုတားပြီး ကားပေါ်မှာပါတဲ့ မွတ်စလင် ၁၀ ဦးကို သတ်တာလုပ်ခဲ့တော့ ပြဿနာက ကြီးသွား လေရော။ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်အထိရောက်အောင် ဟိုဘက်ဒီဘက်ဖန်တီးလာကြပါ ရောလား။ အင်မတန်မှ ရင်လေးဖွယ်ရာပါလား။


ဒို့နိုင်ငံသားတွေ နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ မရှိကြပါလားလို့တောင်၊ တွေးမိတယ်။ တိုင်းပြည် အေးချမ်း တိုင်းပြည်ရဲ့တိုးတတ်မှုကို ဖော်ဆောင်နိုင်မှာဖြစ်လို့ မချုပ်ငြိမ်းသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ထာဝရငြိမ်းရေးရဖို့ ဖော်ဆောင်နေတဲ့အချိန် အောင်မြင်မှုတွေရရှိပြီး အေးချမ်းမှု အစပျိုးလာချိန်မှာ မဆင်မခြင်နဲ့လုပ်ကြလို့ နယ်စပ်ဒေသ မတည်ငြိမ်မှုသာမကဘဲ မြန်မာနိုင်ငံအနှံ့ ကားဗုံးကွဲတာ၊ အသေခံ ဗုံးကွဲတာစတဲ့ အစွန်းရောက်သူတွေရဲ့ အကြမ်းဖက်မှုတွေကို ဖိတ်ခေါ်ကြမလိုလား။ အခုတောင်အင်တာနက်မှာ အယ်လ်ကိုင်ဒါက မြန်မာနိုင်ငံကို စစ်ကြေညာပြီး ဘာညာဆိုပြီး ဖက်နေရပြီး။ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံ မှာ မှီတင်းနေကြတဲ့သူအားလုံး ဒါတွေကို မဆင်ခြင်နိုင်ကြတော့ဘူးလား။သွေးကြောင်တာမဟုတ်ပါ။ ဆင်ခြင်တုံ တရားနဲ့ သတိကြီးစွာထားကြဖို့ အလေးအနက်တိုက်တွန်းလိုတာပါ။
ဒီကြားထဲနိုင်ငံရေးအမြတ်ထုတ်တာကိုလည်းပြောရဦးမယ်။ အထက်မှာပြောခဲ့တဲ့ရခိုင်လူမျိုး လွှတ်တော် ကိုယ်စားလှယ်ကြီးကပဲ ``ရခိုင်ပြည်နယ်ကို ရခိုင်ပြည်သူပြည်သားတွေလက်ထဲ အပ်သင့်တယ်။ ရှမ်းကိုရှမ်း လက်ထဲအပ်ဖို့လိုမယ်၊ တိုင်းရင်းသားတွေလက်ထဲ အပ်ဖိုလိုတယ်။ မိမိရပ်ကွက်ကျေးရွာလုံခြုံအောင် ပြည်သူ့စစ် ကိုအခိုင်အမာဖွဲ့ဖို့လိုတယ်။ပြည်သူရဲ့အသက်အိုအိမ်စည်းစိမ်ကို ကာကွယ်နိုင်အောင်ပါ´´ဆိုပြီးပြောခဲ့ပြန်ရော။ ဖြစ်နေတဲ့အခြေအနေပေါ်မှာ သေချာစီစစ်ပိုင်းခြားပြီး အခြေအနေပုံမှန်ဖြစ်ဖို့၊ မဖြစ်သင့်တာတွေ ထပ်ပြီး မဖြစ် စေဖို့ စဉ်းစားလုပ်ဆောင်ရမဲ့အစား နိုင်ငံရေးအချောင်နှိုက်ပြီး စည်းလွတ်၊ ဘောင်လွတ်ပြောလာတာပဲဖြစ်တယ်။ အခုလည်းပဲ နိုင်ငံတော်အစိုးရအဖွဲ့၊ လွှတ်တော်အသီးသီးနဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဆိုပြီး ရှိနေတာပဲ။ ပြည်နယ်တွေမှာ ပြည်သူရွေးကောက်တဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက အုပ်ချုပ်စီမံနေကြတာပဲ။ ဒါကိုထပ်ပြီး ရခိုင်ပြည်နယ်ကို ရခိုင်လက်ထဲအပ်ရမယ်ဆိုတာဟာ ပြည်ထောင်စု ထဲကနေ ပြည်နယ်တွေ ခွဲထွက်ဖို့ဆိုပြီး အခွင့်ကောင်းဝင်ယူတဲ့သဘော လူတွင်ကျယ်လုပ်တဲ့သဘောပဲ။ မိမိတို့ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ဖို့ပါ ပါလာတာတွေကို ကြည့်ရင် ပြည်ထောင်စု ကနေ ခွဲထွက်ဖို့ဆိုတဲ့ အတွေဟာ သေချာတလောက်ဖြစ်နေပြီး။ တိုင်းပြည်အတွက် အလွန် အန္တရာယ်ကြီးတဲ့ ပြောဆိုမှုပဲလို့ သုံးသပ်ရတော့မယ်။ အေးချမ်းသာယာတဲ့ ဒီမိုကရေးစီနိုင်ငံတော်ကို လိုလား ကြတဲ့ ပြည်ထောင်စုဖွားအားလုံး အထူသတိထားရမဲ့ ပြောဆိုလုပ်ကိုင်မှု တွေပဲလို့ ပြောချင်တယ်။

ရခိုင်ပြည်နယ်ဖြစ်ရပ်တွေမှာစစ်တပ်ကပါဝင်ဆောင်ရွက်မှုမရှိတာကိုလည်း အချို့က ပြောဆိုလာကြတာ တွေရတယ်။ ရခိုင်ပြည်နယ်ပြဿနာဟာ ညင်သာစွာကိုင်တွယ်ရမဲ့ လူမျိုးရေးပြဿနာဖြစ်လို့ နိုင်ငံတော် တာဝန်ရှိသူတွေက စစ်တပ်ကိုတာဝန်မပေးသေတာဘဲဖြစ်မယ်။ တကယ်တမ်း စစ်တပ်ပါဝင်ဖို့လိုအပ်လာမဲ့ အချိန်ကြရင် နိုင်ငံတော်က တရားဥပဒေနဲ့အညီ တာဝန်ပေးမယ်လိုထင်ပါတယ်။ အဲ့ဒီအချိန်ကျရင်သာ ပြည်သူ တွေ နိုင်ငံရေးပါတီတွေက စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ကြဖို့ လိုလာမှာပါ။
ဒီမိုကရေစီနုနု နိုင်ငံတော်ကို အေးချမ်းသာဟာစွာတိုးတတ်ဖြစ်ပေါ်လာစေဖို့ မဖြစ်သင့်တာတွေ မဖြစ် အောင်ဆင်ခြင်တုံတရာများဖြင့် သတိထားဆင်ခြင်လုပ်ကိုင် ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းနှိုးဆော်လိုက် ပါတယ်။

0 comments:

Post a Comment

LIKE BOX