Wednesday, June 13, 2012

ရခိုင်ပြည်မှနောက်ဆုံးရသတင်းများ

Posted by မျိုးချစ်သူရဲကောင်းများ On 9:49 AM 0 comments



ဘင်္ဂါလီများက ပြန်လည်ပစ်ခတ်မှုကြောင့် တပ်မတော်သား တစ်ဦး ဒဏ်ရာရ.........

စစ်တွေမြို့ချင်းပျံလမ်းရှိ ရခိုင်လူမျိုးများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော ဘင်္ဂါလီလူမျိုးများအား စစ်တပ်မှ ၀င်ရောက် ထိန်းသိမ်းရာတွင်ဘင်္ဂါလီလူမျိုးများက သေနတ်များဖြင့် ပြန်လည်ပစ်ခတ်မှု
ကြောင့် ၀င်ရောက်ထိမ်းသိမ်းလာသူ တပ်မတော်သားတစ်ဦးမှာ ထိခိုက်ဒါဏ်ရာရ ရှိသွားပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်လိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရဲတစ်ဦး နှင့် တပ်မတော်သား တစ်ဦး ဒဏ်ရာရ........

ယနေ့ဖြစ်တဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရတဲ့ သူတွေထဲမှာ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးနဲ့ တပ်မတော်သား တစ်ဦး ဒဏ်ရာရရှိတယ်လို့ သိရတယ်။ စစ်တွေဆေးရုံကို အတည်ပြုချက် တောင်းခံခဲ့ပေမယ့် အတည်ပြုချက် မရရှိခဲ့ပါဘူး။ အကြမ်းဖျင်းအားဖြင့် ဒီနေ့ဖြစ်စဉ်မှာ ရခိုင်လူမျိုးတွေဘက် ၈ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဘင်္ဂါလီတစ်ဦး သေဆုံးပါတယ်။" ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ ည ၇နာရီတွင် သတင်းပေးပို့ခဲ့ပါသည်။

စစ်တွေ ကန်တော်ကြီးရေမသောက်ရန် အမိန့်ထုတ်.....

စစ်တွေ မြို့သောက်သုံးရေပီးဝီရာ ကန်တော်ကြီးရီမသောက်ကြရန် သက်ဆိုင်ရာမှ ဒီနေ.၂ နာရီလောက် မှာ သတိပီးထားသည်ဟု စစ်တွေမြို့ခံများက ပြောသည်။ကန်တော်ကြီးရီကန် ကို အဆိပ်ခတ်သည်ဟု သံသယရှိ သဖြင့် ယခုလို မသောက်သုံးရန် တားမြစ် သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်ဟုလည်း ယင်းမြို့ခံတစ်ဦးက ပြော ဆိုသည်။
ယခုလောလောဆယ်တွင် ယင်းရီသောက်မိပြီး ဆီးရုံသို့ တင်ပို့ထားရေသူ (၆) ဦးရှီပြီဟုလည်း သိရသည်။

မောင်းတောတွင် အခြေနေ ဆိုးနေဆဲ........

မောင်တောမြို့၏ ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် မြို့တွင်းလမ်းထောင်တွေမှာလုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်လျှက်ရှိကြောင်း၊ မီးရှို့များရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဘူသီးတောင်နှင့် မောင်တော ဆက်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းထားကြောင်းနှင့် ဈေးဆိုင်များ၊ ဘဏ်များ၊ ရုံးများ အပါအ၀င် နယ်စပ်ကုန်သွယ်ရေးများ ပိတ်ထားကြောင်း သိရှိရပါသည်။
“လုံခြုံရေး တပ်တွေက အရေးကြီး အချက်အချာ ကျတဲ့နေရာတွေမှာပဲ ချထားတော့ ရပ်ကွက်တွေထဲမှာ ရှိနေတဲ့ ရခိုင်တွေက သူတို့ကို အန္တရယ်မပြုနိုင်အောင်၊ သူတို့အိမ်တွေ မီးရှို့မခံရအောင် သူတို့ရပ်ကွက်ထဲမှာ လုံခြုံရေးတွေ ရှိနေစေချင်ကြတယ်” ဟု စစ်တွေမြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြောရေးဆိုခွင့်ရှိသဦးခိုင်ပြည်စိုးကဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များမှာဘင်္ဂါလီဆူပူအကြမ်းဖက်သူများက သေနတ်များဖြင့်ပစ်ခတ်မှုကြောင့်ထိခိုက်ဒါဏ်ရာရရှိနေသည့်တိုင်အောင် ပြန်လည်ပစ်ခတ်ခြင်း မရှိသေးကြောင်း စစ်တွေမြို့သို့ရောက်ရှိနေသော The Voice Weeklyသတင်းထောက်ထံ ဆက်သွယ်မေးမြန်းချက်အရသိရသည်။
"မနေ့နဲ့ ဒီနေ့နှစ်ရက်လုံးမှာ ရပ်ကွက်က ဖမ်းမိတဲ့ ဘင်္ဂါလီတစ်ချို့ကို ရဲစခန်းကို လာပို့ပါတယ်။ အဲ့ဒီလူတွေကို ဘင်္ဂါလီတွေအတွက် ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ နောက်ပြီး ကယ်ဆယ်ရေးစခန်းသွားချင်တဲ့ ဘင်္ဂါလီတွေကိုလည်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက စောင်ရှောက်ပြီး ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ ဘင်္ဂါလီကလေးတွေနဲ့ မိန်းမတွေကို တွေ့ရင်လည်း စစ်တွေမြို့ခံတွေက ဘာမှမလုပ်ဘဲ ရဲစခန်းကို လာပို့ပေးပါတယ်။ သူတို့တွေကိုလည်းကယ်ဆယ်ရေးစခန်းတွေကိုပို့ပေးပါတယ်။ လောလောဆယ် စစ်တွေမြို့ပေါ်မှာ ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်း ၂ ခုဖွင့်ထားပါတယ်။
"စစ်တွေမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ ညနေ ၇ နာရီ ၂၀ မိနစ်တွင် သတင်းပေးပို့ခဲ့ပါသည်။"မီးရှိုကခံရတဲ့ ရပ်ကွက်တွေက ဘုန်းကြီးကျောင်းတွေ တော်တော်များများကတော့ မီထဲမှာ ပါသွားပါတယ်။ မနေ့ကဆိုရင် နာဇီရွာဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံလိုက်ရပါတယ်။ ဒီနေ့မှာ တော့ နေရာ ၄ နေရာမှာ မီးလောင်ပါတယ်။ နံနက်ပိုင်းက ဓည၀တီဘက်မှာ လောင်တယ်။ မွန်းလွဲပိုင်းမှာ နာဇီရွာနဲ့ ကျောင်းကြီးလမ်းရပ်ကွက်လောင်တယ်။ ညနေပိုင်းမှာ ကုန်တန်းရပ်ကွက်လောင်တယ်။ ကုန်တန်းရပ်ကွက်လောင်တော့ သိန်း ၇၀၀၊ ၈၀၀ တန်ဘိုးရှိတဲ့ တောင်ချေရွာ ဘုန်းကြီးကျောင်း ပါသွားတယ်။ တောင်ချေရွာဖြစ်စဉ်မှာတော့ တောင်ချေရွာဘုန်းကြီးကျောင်းမီးလောင်တော့ ရခိုင်တိုင်းရင်သား လေးဦးနဲ့ ဘုန်းကြီးတစ်ပါး ဒဏ်ရာရတယ်လို့ ကြားတယ်။ ဘင်္ဂါလီတစ်ယောက်သေတယ်။ ဒီနေ့ အသေအပျောက်စာရင်းနဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးဘူး။" ဟု စစ်တွေမြို့ခံတစ်ဦးကယနေ့ဇွန်လ၁၂ရက်ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။


ဘင်္ဂလာဒေခ်ျ့နိုင်ငံ နယ်စပ်တလျှောက်ရှိ ကျေးရွာများတွင်လည်း လုံခြုံရေး ကင်းများချ........

မြန်မာ နယ်စပ် အနီး တည်ရှိသော ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းရှိ ရခိုင်နှင့် ဘင်္ဂလီ ကျေးရွာများတွင်လည်း လုံခြုံရေး ကင်းများချကာ မိမိ ရပ်ရွာကို မိမိ စောင့်ရှောက်နေကြသည်ဟု သိရသည်။အထူးသဖြင့် ရခိုင်နှင့် ဘင်္ဂလီများ အနီးကပ် နေထိုင်သော နတ်ကျောက်ဆရီ မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ထိုသို့ ကင်းများချပြီး ရပ်ရွာများ၏ လုံခြုံရေးကို လုပ်ဆောင်နေကြသည်ဟု ဆိုသည်။“ ရခိုင်ဘက်မှာ ဖြစ်နေတာကို ဒီက လူတွေ အကုန်လုံး ကြားသိနေကြတယ်။ ဒါကြောင့် တယောက်နဲ့ တယာက် မယုံလို့တော့ မဟုတ်ဘူး။ ကြားက လူတွေ ၀င်လာပြီး ပြဿနာ လုပ်ရင် ဒီဘက်မှာလည်း မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အတွက် ရွာတိုင်းမှာ အခု ကင်းရှိပါတယ်” ဟု နတ်ကျောက်ဆရီ ဒေသခံ တစ်ဦးက ပြောသည်။ဘင်္ဂလာဒေခ်ျ့ နိုင်ငံရှိ ဒေသခံများ အကြားတွင်လည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တွင် ဖြစ်ပွားနေသော ဆူပူ အကြမ်းဖက်မူများကြောင့် စိုးရိမ်မူများ တိုးပွားနေကြသည်ဟု သိရသည်။
နတ်မြစ်ကမ်းခြေ တလျှောက်ရှိ ကျေးရွာများနှင့် ကော့စ်ဘဇားမြို့တွင် အစိုးရက လုံခြုံရေး တိုးမြှင့် ထားသော်လည်း နယ်ဘက်ပိုင်းတွင် တည်ရှိသော ကျေးရွာများတွင် လုံခြုံရေးမဲ့နေသဖြင့် ထိုသို့ ကင်းများချကာ ရပ်ရွာများကို ကာကွယ်နေခြင်း ဖြစ်ကြောင်း သိရသည်။ဘင်ဒရိုဘင် ခရိုင် လမားမြို့တွင်လည်းအာဏာပိုင်များကမလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် သူတို့ ဒေသအတွင်း ယခင်ကတည်းက ၀င်ရောက်နေထိုင်သူ မြန်မာနိုင်ငံမှ မွတ်ဆလင်များအား ကားသုံးစီးဖြင့် ယူကာ နယ်စပ် ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ခဲ့သည်ဟု မျက်မြင် အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်တွေတွင် အခြေအနေ ဆက်လက် ဆိုးရွားနေဆဲ.......

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အခြေအနေမှာ ဆက်လက် ဆိုးရွားနေဆဲ ဖြစ်ပြီး ရပ်ကွက် အတော်များများ မီးစွဲလောင်နေသည်ဟု သိရသည်။လက်ရှိ မီးလောင်နေသော ရပ်ကွက်များမှ ကသည်းရွာ၊ စက်ရုံစု၊ နာဇီရွာ ရပ်ကွက်များ ပါဝင်ပြီး ရခိုင်နှင့် မွတ်ဆလင်များအကြား တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် မီးရှို့နေကြောင်း သိရသည်။“ ဘယ်လို ပြောမလဲ။ သူ့ဘက်ကိုယ်ဘက် မီးရှို့နေကြတာပါ။ သူတို့လည်း ရခိုင် ရပ်ကွက်တွေကို လာရှို့တယ်။ ရခိုင်တွေကလည်း သူတို့ ရပ်ကွက်ကို သွားရှို့တယ်။ ဒီလို အပြန်အလှန် ဖြစ်နေကြတာပါ။ ပြောဖို့ခက်ပါတယ်။လောင်တာတော့ လောင်နေတာပါဘဲ”ဟု ပြောသည်။ယမန်နေ့ကလည်းရခိုင်အမျိုးသားများနေထိုင်ရာ စံပြရပ်ကွက်ကို မွတ်ဆလင် လူအုပ်က လာရောက် မီးရှို့ခံခဲ့ရသည်ဟု သိရသည်။စစ်တွေတွင် အခြေအနေမှာ ရှုတ်ထွေးနေပြီး အစိုးရ စစ်တပ်ကို လက်နက်ကြီးများဖြင့်ပစ်ခတ်မူများရှိနေကြောင်းသတင်းများထွက်ပေါ်နေသည်။စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက် အန်ဂျီအို တစ်ခုတွင် လုပ်ကိုင်နေသူ တစ်ဦးမှလည်း လက်နက် သေတ္တာများ ဖမ်းဆီးရမိသည်ဆိုသော သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။ သို့သော်လည်း အာဏာပိုင်များ၏ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။
ဇွန်လ (၁၂)ရက်နေ့ နေ့လည် ၂နာရီခွဲဝန်းကျင်တွင် စစ်တွေမြို့ ချင်းပျံလမ်းပေါ်ရှိ ဆီရီဆီရီဟိန္ဒူဘုရားကျောင်းနှင့် ဘုရားကျောင်းဝန်းကျင် ရပ်ကွက်များအား ရိုဟင်ဂျာများ၏ မီးရှို့ခြင်းများခံခဲ့ရသည်။ ယခုအချိန်တွင် အဆိုပါနေရာများရှိ ရဲတပ်ဖွဲများနေရာတွင် တပ်မတော်မှ ၀င်ရောက် နေရာယူပြီး ရပ်ကွက်ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသက်နိုင်ရန် အကာအကွယ်များပေးနေကြောင်း CJ Myanmar မှ သိရသည်။

သံတွဲ ဂျိတ်တော သောက်ရေကန် အဆိပ်ခတ်ခံရ..........

သံတွဲ မြို့နယ် ဂျိတ်တော ကျေးရွာ သောက်ရေကန် အဆိပ်ခတ်ခံရကြောင်း သတင်းရရှိသည်။ယခုကဲသို့အဆိပ်ခတ်ခံရမူကြောင်းကန်ထဲရှိငါးများ သေဆုံးသွားကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ကိုကြီးသန်းက ပြောသည်။
အဆိပ်ခတ်မူကို မွတ်ဆလင် လူငယ် ၂ ဦးက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သူက စွပ်စွဲ ပြောကြားသည်။“ ကျွန်တော်တို့က လက်ပူး လက်ကြပ် မိတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သံတွဲ့ မွတ်ဆလင် လူငယ်နှစ်ဦးကို ပုံးတွေ အထုတ်တွေနဲ့ ရေကန်ကနေ ပြန်သွားတာကို တွေ့ရတဲ့ အတွက် သူတို့ လက်ချက် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ပြောလို့ ရပါတယ်” ဟု ကိုကြီးသန်းက ပြောသည်။အဆိုပါ အဆိပ်ခတ်သူ နှစ်ဦးထွက်သွားပြီးနောက် ကန်ကိုသွားကြည့်ရာငါးများ သေဆုံးနေသည်ကို တွေ့ရကြောင်းသူက ပြောသည်။ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး ရဲကို မတိုင်ကြားသော်လည်း ရပ်ရွာထဲတွင် စုဝေးတိုင်းပင်မူများ ပြုလုပ်နေကြောင်း သိရသည်။ ဂျိတ်တောမှာ သံတွဲမှ ၁၀ မိုင်ကျော်ဝေးပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသော ရွာတန်းရှည် ရွာ ဖြစ်ကြောင်း သိရသည်။မောင်တောတွင် ဇွန်လ ၉ ရက်နေ့က သောက်ရေကန်ကို အဆိပ်ခတ်ရန် စီစဉ်နေသည်ကို လုံခြုံရေး တပ်ဖွဲ့မှ ကြိုတင် တားဆီးနိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါ ဖြစ်စဉ်တွင် ကန်စောင့်နေသူ ဦးစောရွှေမောင်ကို အကြမ်းဖက်သူများက သတ်ပစ်ခဲ့ကြောင်း သိရသည်။

ပေါက်တောတွင် ရခိုင်အိမ် ၁၇ ဆောင် မီးတိုက်ခံ............

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ယမန်နေ့က ရခိုင်အိမ် ၁၇ ဆောင် မီးရှို့ခံရကြောင်း သတင်း ရရှိသည်။ယခု ဓါတ်ပုံမှာ စစ်တွေတွင် လတ်တလော ဖြစ်ပွားနေသော အရေးအခင်းမှ ဓါတ်ပုံ ဖြစ်ပါသည်။
“ ရခိုင်အိမ် ၁၇ ဆောင် မီးထဲပါသွားပါတယ်။ မွတ်ဆလင်တွေက လာတိုက်တာ ဖြစ်ပါတယ်။ သူတို့အိမ်က စမီးရှို့တော့ သူတို့အိမ် ၂ဆောင် လောင်ပြီး ရခိုင်အိမ် ၁၇ ဆောင်မီးထဲပါသွားတယ်” ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။အဆိုပါ မီးရှို့မူကြောင့် တဘက်နှင့် တဘက် တိုက်ခိုက်ကြရာ ရခိုင်လူငယ် ၅ ဦးခန့် ဒဏ်ရာ ရရှိပြီး မွတ်ဆလင် တစ်ဦး သေဆုံးကာ တစ်ဦးပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မူမှာဇွန်လ၁၁ရက်နေ့ နေ့လည်၂နာရီခန့်တွင် ပေါက်တောမြို့ပေါ် ရပ်ကွက် တစ်ခု ဖြစ်သော ဘ၀ိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
၎င်းအရေးအခင်းကို စစ်တပ်က အချိန်မှီ ၀င်ထိန်းခဲ့သဖြင့် ပြဿနာမှာ ယခုအခါ အေးအေးဆေးဆေး ဖြစ်နေကြောင်းသိရသည်။ ပေါက်တောမြို့နယ်တွင်ဘုန်းကြီးကျောင်းသုံးကျောင်းမီးတိုက်ခံရသည်ဟုသတင်းထွက်ပေါ်နေသည်ဟု မေးမြန်းရာ သူမက မကြားရသေးကြောင်း ပြောကြားသည်။
အသေးစိတ် သိရှိနိုင်ရန် ပေါက်တောမြို့နယ် ရတပ ရုံးကို ဖုံးဆက်ရာ ဖုံအဆက်အသွယ် မရရှိခဲ့ပါ။ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် အခြေအနေမှာ အေးဆေး တည်ငြိမ်နေပြီး စစ်တပ်မှ အခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်ထားသည်ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

နာဇီရွာကို ဘင်္ဂါလီများ မီးရှို့..............

စစ်တွေမြို့၊ကျောင်းကြီးလမ်းတွင်ရခိုင်လူမျိုးများသည်လက်နက်များကိုင် ဆောင်ကာ စုဝေးနေပြီးဘင်္ဂလီလူမျိုးများ၏လာရောက်တိုက်ခိုက်မှု့ကို ကာကွယ်ရန် စောင့်ဆိုင်းနေကြကာ၊ ကျောင်းကြီးလမ်းအနီးတွင်ရှိသောဘင်္ဂါလီလူမျိုးများနေထိုင်သည့် နာဇီရွာတွင် မီးများလောင်ကျွမ်းနေပြီး ထိုမီးမှာ ဘင်္ဂါလီလူမျိုးများကိုယ်တိုင်ရှို့သောမီးဖြစ်ကြောင်း စစ်တွေမြို့ရောက် 7Day News Journal သတင်းထောက်ကသတင်းပေးပို့သည်။
စစ်တွေမြို့လယ် ချမ်းပြင်လမ်းရှိ ဟိန္ဒူဘုရားရှိခိုးကျောင်းအား ရိုဟင်ဂျာဘင်္ဂါလီများက မီးရှိုးသဖြင့်ဒေသခံများနှင့် ဟိန္ဒူဘာသာဝင်များ မီးဝိုင်းဝန်ငြှိမ်းသတ်နေရပြီး လုံးထိန်းများကလည်းမီးခိုးများအတွင်းက မီးရှို့သွားသည့် ဘဂါင်္လီများကို သေနတ်ဖြင့်ပစ်ခတ်နေကြောင်း စစ်တွေရောက်သတင်းထောက်က သတင်းပေးပို့သည်။
အကြမ်းဖက် ရိုဟင်ဂျာများ ဖျက်ဆီးမှုကြောင့် ရသေ့တောင်တွင် ကယ်ဆယ်ရေး စခန်း ၁၅ ခု ဖွင့်လှစ် ထားပြီး ရခိုင် ဒုက္ခသည်ပေါင်း ၄၇၂၈ ဦး အထိရှိနေကြောင်း ရခိုင် တိုင်းရင်းသား များတိုး တက်ရေး ပါတီမှ သတင်းပေး ပို့သည်။ ဇွန်လ ၁၀ ရက်နေ့အထိ ရသေ့တောင်တွင် ကယ်ဆယ်ရေး စခန်း ၃ ခုသာ ရှိခဲ့ရာမှ ယခုအခါ ၁၅ ခုအထိ ရှိလာပြီ ဖြစ်သည်။

ရန်ကုန် အဝေးပြေးကားဂိတ်များ လုံခြုံရေးတိုးမြှင့်..........

ရန်ကုန်တွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မည် ဟုထွက်ပေါ်လာသော သတင်းများကြောင့် အောင်မင်္ဂလာနှင့် ဒဂုံဧရာအဝေးပြေးကား ဂိတ်များတွင်လုံခြုံရေးများ တိုးမြင့်ချ ထားကြောင်း အောင်မင်္ဂလာ အဝေးပြေးကား ဂိတ်စည်ပင် ဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
''အဝင်အထွက်ဂိတ်တွေ ကိုအရင်ထက် ပိုပြီးတင်းတင်း ကြပ်ကြပ် စစ်ဆေးတယ်။ သတင်းတွေကတော့ အမျိုးမျိုး ထွက်ပေါ်နေ တာပဲ။လုံခြုံရေးကိုတော့တင်းတင်းကြပ် ကြပ်ချထားတယ်။'' ဟုယင်းက ဆက်လက် ပြောသည်။ရခိုင်ပြည် ခရီးစဉ်များ မှာပုံမှန်ပြေးဆွဲနေ ကြောင်း၊ သို့ရာတွင်ရန်ကုန်စစ်တွေခရီးစဉ် များမှာစီးမည့် ခရီးသည် မရှိ၍ ဂိတ်မှယာဉ် မထွက်ခြင်း သာဖြစ်ကြောင်း၎င်း၏ပြောကြား ချက်အရသိရသည်။
''ရန်ကုန်တောင်ကုတ်၊ သံတွဲခရီးစဉ်ကတော့ ပုံမှန်ထွက်တယ်။ လူအနည်းငယ်နဲ့ကုန်ပ စ္စည်းတွေတင်ပြီး သွားတာ။ စစ်တွေခရီးစဉ် ကျတော့ သွားမဲ့ခရီးသည်ကျတော့ မရှိသလောက်ကိုနည်း တာ။ သုံးလေးယောက် လောက်နဲ့ဘယ်လိုသွားမလဲ။ ဆီဖိုးတောင်ကျေမှာ မဟုတ်ဘူး ။ရခိုင်ပြည်နယ် ဘက်ကို မထွက်ရဘူး ဆိုပြီးဂိတ် ကပိတ်ထား တာမျိုးမရှိဘူး '' ဟုရိုးမသစ္စာမော်တော်ယာဉ်ဂိတ်လိုင်းမှဂိတ် မှုးဦးဘရွှေက ပြောသည်။လက်တလောရခိုင်ပြည်နယ်တွင်ဖြစ်ပေါ် နေသောပဋိပခများကြောင့်ရန်ကုန်ရခိုင်ပြည် ခရီးစဉ်များ တွင်လူနည်း သွားခြင်းဖြစ်သည်။ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ရသေ့တောင် ၊ မောင်းတော ၊ ဘူးသီးတောင် ၊စစ်တွေနှင့်  ရမ်းဗြဲမြို့ ပေါ်တို့ ရှိ အခြေခံကျောင်းများ ၃၀၀ ခန့်  ဇွန်လ ၁၁ရက်နေ့မှ စ၍ ဖွင့်လှစ်နိုင်မှု မရှိခဲ့ကြောင်းအား တာဝန်ရှိ သူတို့ မှ ပညာရေးဝန်ကြီးဌာန သို့ တင်ပြ ထားကြောင်းသိရသည်။“မောင်းတောမှာ ဘင်ဂါလီ ၉၈ရာခိုင်နှုန်းလောက် ရှိတယ် ဘူးသီးတောင်မှ က ၉၀ရာခိုင်နှုန်းလောက်ရှိတော့ ဘယ်လို မှ ကျောင်းမဖွင့်နိုင်ဘူး ဖြစ်နေတယ်။ ဆရာ၊ ဆရာမတွေလည်း ထွက်ပြေးနေကြရတော့ စာမသင်ပေးနိုင်ကြဘူး” ဟု ပြည်နယ်လက်ထောက် ပညာရေးမှူးကပြောသည်။ပြီးခဲ့သည့် ဇွန်လ ပထမပတ်မှစ၍ ရခိုင်ပြည် နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ပြီးဖြစ် ခဲ့သော်လည်း ဇွန်လ ဒုတိယပတ်မှစကာ ပဋိပက္ခ ဖြစ်ပွားနေမှုများကြောင့် ဇွန်လ ၁၁ရက်နေ့မှ စ၍ ယခု အချိန်ထိ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ခြင်းဖြစ်သည်။ပဋိပက္ခများကြောင့် မောင်းတော၊ ဝေသာလီ ရှိ စာသင်ကျောင်း တစ်ကျောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မီးရှို ခံလိုက်ရပြီး တခြားသော စာသင်ကျောင်းများ ဖျက်စီးခံလိုက်ရခြင်း ရှိခြင်း မရှိခြင်းတို့အား စာရင်း အတိအကျ မရရှိသေး၍ မသိရှိနိုင်သေးကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။

0 comments:

Post a Comment

LIKE BOX