Sunday, June 10, 2012

ညစာစားပွဲတက်ပြီး ဘာလုပ်တာလဲ ရွှေညဝါရယ်

Posted by မျိုးချစ်သူရဲကောင်းများ On 9:11 PM 1 comments

ရွှေညဝါဘုန်းကြီးနဲ့ပတ်သက်ရင်တော့ ပြောမဆုံးပေါင်တောသုံးတောင်လို့ဆိုရမလိုဖြစ်နေပါပြီ။ ဘုန်းကြီးက ဘုန်းကြီးအလုပ်မလုပ်ဘဲ နိုင်ငံရေးအလုပ် လုပ်ချင်ရင်လူဝတ်လဲလိုက်ပေါ့... ခုတော့ကိုယ်နဲ့မဆိုင်တဲ့အလုပ်ဖြစ်တဲ့ မေလ ၂၁/၂၂ ရက်နေ့တွေမှာ မှော်ဘီ ရန်ကုန်သရဖူသံမဏိစက်ရုံက ဆန္ဒပြအလုပ်သမားတွေကို ထမင်းထုပ်ဝေပြီး မြှောက်ပင့် ပေးခဲ့သေးတယ်လေ။ အလုပ်သမားတွေကအင်္ကျီချွတ်ပြီး လမ်းခင်းပေးတာကို မျက်ရည်ကျမိသေးတယ် ဆိုပဲ။ ဒီတစ်ခါတော့ ရွှေညဝါကြီး မျက်ရည်မကျတော့ဘဲ သွားရည်တွေကျခဲ့ရပြီပေါ့ ....
တစ်ကယ်ပါဗျာ.. ကျွန်တော်တို့၊ ခင်ဗျားတို့ မြန်မာတစ်နိုင်ငံသားလုံး ဘယ်မြို့၊ ဘယ်နယ်မှာမှ ကြုံဖူး ကြမှာ မဟုတ်တဲ့ဖြစ်ရပ်ကြီးတစ်ခုပါဘဲ... ဗုဒ္ဓဘာသာဝင် ပြည်သူတွေအားလုံးနဲ့ သံဃာတော်တွေအားလုံးအတွက် အလွန် ထူးဆန်းအံ့သြဘွယ်ရာဖြစ်စဉ်တစ်ခုပါ.. ဒါဟာဘာလဲဆိုတော့ ဇွန်လ ၈ ရက်နေ့ ညပိုင်းမှာ အမေရိကန်သံရုံး ယာယီ တာဝန်ခံရဲ့အိမ်မှာပြုလုပ်တဲ့ အမေရိကန်နိုင်ငံရဲ့ (၂၃၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အကြို ညစာစားပွဲပါတီကို ရွှေညဝါဘုန်းကြီးဟာ မိန့်မိန့်ကြီး တက်ရောက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်ခင်ဗျာ..
ကဲ..ကြားလို့ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ...

သံဃာတော်တွေဟာ ၂၂၇ သွယ် သိက္ခာပုဒ်ကိုစောင့်ထိန်းရပါတယ်။ ပညတ်ချက်တွေကကုဋေချီပြီးတောင် ရှိတယ်လို့ကြားဖူးပါတယ်။ ဒါပေမဲ့လည်း ညဘက်အပြင်ထွက်တာနဲ့ ပတ်သက်လို့ ဘာသာ၊ သာသနာနဲ့စပ်ဆိုင်ရင် (ဥပမာ-တရားပွဲမှာ တရားချီးမြှင့်တာ)ခွင့်ပြုထားတယ်လို့သိရပါတယ်.... ရွှေညဝါကြီး ဇွန်လ ၈ ရက်နေ့ ညက Dinner တက်ခဲ့တာကတော့ သံဃာ့ကျင့်ဝတ်နဲ့ညီ၊ မညီအားလုံး သိကြပါလိမ့်မယ်ခင်ဗျား ... သာမန်လူတွေ ဥပုသ် ယူရင်တောင်သီချင်းဆိုတာ၊ကခုန်တာစတဲ့ နစ္စ၊ ဂီတ ဆိုတာတွေကို သမာဒိယာမိလုပ်ရသေးတာပဲဗျာ.. ရွှေညဝါကြီး ကတော့ ရဟန်းသိက္ခာပုဒ် မပြောနဲ့ လူတွေလိုက်နာရတဲ့ (၈)ပါး သီလတောင် မလုံတာတော့ အံ့သြစရာပါဘဲ ဒါပေါ့ဗျာ.. သူများမကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်းတရားလေးဟောပြီး ပိုက်ဆံလေး မြိုးမြိုးမြက်မြက်ရတော့ ဘယ်စွန့်လွှတ်နိုင်ပါ့မလဲ၊ နောင်ဆိုရင် Party ပွဲတွေ Night Club တွေ ရောက်နေမှာ သေချာပါတယ်...

ကျွန်တော့ဘဝ တစ်သက်တာမှာ ညစာစားပွဲတက်တဲ့ ဘုန်းကြီးကို ဒီတစ်ခါပဲ တွေ့မြင်ဘူးပါသေးတယ်.. ရွှေညဝါဘုန်းကြီးကြောင့် ကျန် သိက္ခာ၊ သမာဓိနဲ့ ပြည့်စုံတဲ့ သံဃာများကိုပါ အထူးထိခိုက်စေခဲ့ပါပြီ... သင်္ဃန်းဝတ် သံဃာတစ်ပါး ညစာစားပွဲတက်တာဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ... ရွှေညဝါဘုန်းကြီးဟာ သူ့နာမည်ကြီးဖို့ နာမည်ရဖို့ လောဘ၊ မောဟ၊ ဒေါသသံသရာထဲမှာ လည်နေခဲ့တာကြာပါပြီ... ညဘက် တရားအားထုတ်ရမယ့် အချိန်မှာ ညစာစားပွဲက Beer လေး၊ Wine လေးနဲ့ ဆက်ရက်မင်းစည်းစိမ် ခံစားနေချင်တဲ့ စိတ်ဆန္ဒက သူ့ရင်ထဲမှာ ရှိနေပါတယ်။ အခုလိုသူနဲ့ဘာမှ ..လုံးဝ ..လုံးဝ မသက်ဆိုင်တဲ့ ညစာစားပွဲပါတီကို တက်ခဲ့ပြီးတဲ့နောက် သိမ်မရှိတဲ့ မှော်ဘီက ဝါးကျောင်း(သူ့အပြောအရ)မှာ ဘယ်လိုများ အာပတ်ဖြေခဲ့ပါသလဲ ၊ အာပတ်မဖြေတဲ့ ရွှေညဝါ ဘုန်းကြီး ဟာငရဲအိုးကို ဇောက်ထိုးဆင်းရမှာ သေချာနေပါပြီ.. ဒါပေမယ့် အခုလို သင်္ဃန်းဝတ်နဲ့ ညစာစားပွဲ တက်ရောက်ရဲတဲ့ အထိ ဖြစ်လိမ့်မယ်လို့တော့ မတွေးခဲ့မိရိုးအမှန်ပါ...
ဒီလိုမလုပ်သင့်တာကို လုပ်တဲ့၊ ရဟန်းသံဃာ အပြုအမူနဲ့ မညီတဲ့ ရွှေညဝါဘုန်းကြီးကြောင့် ဗုဒ္ဓဘာသာ သာသနာတော်ကြီး ပျက်စီးရတော့မည်ထင်ပါတယ်... ဒီလောက်တောင် အနောက်တိုင်းယဉ်ကျေးမှုကို ခုံမင်ပြီး ညစာစားပွဲတက်ချင်နေတဲ့ ဘုန်းကြီးအတွက် ဟော်တယ်တစ်ခုခုမှာ စားပွဲထိုးလေးခန့်အပ်ပေးဖို့ စီစဉ်ပေးကြ ပါအုန်း သံဃာ့မဟာနာယကဆရာတော်ကြီးများကလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးပါလို့ တပည့်တော်ရှိခိုး တောင်းပန် ပါတယ်ဘုရား .......

1 comments:

လူအလုပ်မယ်ဆိုလဲ အမြန်လူဝတ် လဲပေါ. ....
ကိုယ်.ကိုကိုယ်..ဘာသာတရား လေးစား၇င်ပေါ.လေ၊၊

Post a Comment

LIKE BOX