Tuesday, June 12, 2012

ကမ္ဘာကျော် နာမည်ကြီး အမေစုသို့ ဆန္ဒပြုခြင်း

Posted by မျိုးချစ်သူရဲကောင်းများ On 3:10 PM 0 comments

အမေစုတစ်ယောက် မေလ ၂၉ ရက်နေ့က ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါ တယ်
..ဇွန်လ ၁ ရက်နေ့မှာတော့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အမှာစကားပြောခဲ့တာပေါ့လေ..ဒီအမှာ စကားထမှဲာ
မြန်မာလူငယ်အလုပ်လက်မဲ့ အချိုးအစားအလွန်မြင့်မားနေတဲ့အတွက် ချိန်ကိုက်ဗုံး တစ်ခုလိုဖြစ်နေ တယ်... ဒါ့ကြောင့်
လာရောက်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရာမှာ အလုပ်အကိုင်ဖန်တီးပေးရေးကို ဦးစားပေးစေ လိုတယ် လို့ ပြောခဲ့ပါတယ်...
အစိုးရအနေနဲ့ ဒီမိုကရေစီရေးနဲ့ စီးပွားရေးဆိုင်ရာတွေ ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်
လာပေမယ့် တရားစီရင်ရေးကဏ္ဍမှာ လွတ်လပ်မှုမရှိသေးကြောင်း၊ အင်မတန်ကောင်းမွန်တဲ့ ရင်းနှီးမြှပ်နှံမှု
ဆိုင်ရာ ဥပဒေတွေ ရှိခဲ့ရင်တောင်မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာသုံးခွင့်ရ/မရ မသေချာတဲ့
အတွက် ရင်းနှီးမြှုပ်နှံလို သူများ အနေ နဲ့ သတိထားစဉ်းစားရန်လိုကြောင်း .. ပြောခဲ့ပြန်ပါတယ်။
ဒါ့အပြင်အမေစုကစစ်တပ်တစ်ပိုင်းပါဝင်တဲ့အရပ်သားအစိုးရကို ပေးမယ့်အကူအညီတွေနဲ့ ပတ်သက်ပြီး
သတိထားလုပ်ဖို့၊ အလောတကြီးမနိုင်ဖို့၊အစိုးရရဲ့လုပ်ငန်းဆောင်ရွက်မှုတွေ တိုးတက်မှ၊ဒီမိုကရေစီ ဖော်ဆောင် မှု တွေ
တိုးတက်မှသာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့၊ Sanctions တွေရုပ်သိမ်းဖို့ ဦးတည်ပြောခဲ့ ပြန်ပါသေးတယ်။


Sanction ဆိုတဲ့လက်နက်ကိုအသုံးပြုပြီး မြန်မာပြည်သူတွေကို ဒုက္ခပေးနေတာလားဗျာ၊ အခု လုပ်နေ တာ
မြန်မာပြည်သူတွေ အတွက်လား၊ ကုလားဖြူအတွက်လားဆိုတာ စဉ်းစားစရာပါဘဲ... ကျွန်တော် ထင်ပါ တယ်..
အဓိကကတော့ ခင်ဗျားဟာ ကိုယ့်ကိုယ်ကျိုးအတွက် အဆုံးအစွန်အထိ အတ္တလွန်ကဲစွာ နာမည်ကြီး
ချင်နေတယ်လို့ထင်ပါတယ်... အမေစုကတော်ပြီး၊ တတ်ပြီးသားပါ .. အောက်စဖို့ဒ်ကနေလဲ ဘွဲ့ရ ပြီးသား၊
အခုဆိုရင် အမေစုတစ်ယောက် နိုဗယ်လ်ငြိမ်းချမ်းရေးဆုအပြင် .. ဘွဲ့တွေ ဂုဏ်တွေ၊ ဆုတံဆိပ်တွေ ရထား တာ
မနည်းတော့ပါဘူး .. ၁၁၆ ခုတောင်ရှိနေပါပြီ.. ကျွန်တော်တို့တိုင်းပြည်အတွက် စွမ်းစွမ်းတမံနဲ့ နိုင်ငံတော်
ကောင်းရာကောင်းကျိုးတွေ လုပ်လွန်းလို့လဲ .. အခုကမ္ဘာပေါ်က . အမျိုးသမီးထုအတွင်းမှာ . နာမည်ကျော်ကြား
နေပါပြီ .. Lady Ga Ga တို့ထက်တောင် ပိုပြီးနာမည်ကြီးနေပါသေးတယ်ဗျာ ...


ဒါပေမယ့်လည်း .. အမေစုရေ ကိုယ့်နာမည်ကြီးဘို့ ကိုယ့်ကိုပိုအရေးပေးစေဘို့ အတွက်နဲ့တော့
တိုင်းပြည်နာမည်ကိုရောင်းစားပြီး ဆင်းရဲမွဲတေတဲ့နိုင်ငံ၊ အလုပ်လက်မဲ့တွေများတဲ့နိုင်ငံ၊
လုံခြုံမှုမရှိတဲ့နိုင်ငံ၊ တရားမျှတမှုမရှိတဲ့နိုင်ငံဆိုတဲ့ ... အပြောအဆို အသုံးအနှုန်းတွေကိုတော့
လုံးဝမသုံးစွဲသင့်ပါဘူးဗျာ ... အမေစု ပြောချင်တဲ့ ကောင်းမွန်ပြည့်စုံတဲ့နိုင်ငံဆိုတာ ဘယ်နိုင်ငံလဲ ပြောပြပေးပါဦး...
အမေစုရဲ့ဖခင်ဟာ မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး တစ်ယောက်ပါ .. မျိုးချစ်စိတ်အပြည့်ရှိတဲ့ တိုင်းပြည်
ခေါင်းဆောင်ကြီးပါ ... မြန်မာနိုင်ငံ ကို ဒီလိုအသုံးအနှုန်းတွေနဲ့ ပြောဆိုခဲ့တာကိုသာ ကြားနိုင်ရင်ဖြင့် ဗိုလ်ချုပ်ခမျာ
ရင်ကျိုးရချည်ရဲ့ .
အခုလဲ ဇွန်လ ၁၃ ရက်နေ့ကြရင် အမေစုတစ်ယောက် ဥရောပ ခရီးစဉ်သွားပါဦးမယ် .. ၁၄
ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နော်ဝေနိုင်ငံ၊ ၁၈/၁၉ ရက်မှာ အိုင်ယာလန်နိုင်ငံ၊ အဲဒီ
နောက် ၁၉ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ဗြိတိန်နိုင်ငံ၊ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ပြင်သစ်နိုင်ငံမှာ
လည်ပတ်သွားလာဦးမှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ ရောက်ရင်လဲ မိတ်ဟောင်းဆွေဟောင်းတွေ နဲ့တွေ့ပြီး ကျွန်တော်
တို့ပြည်သူတွေ ကို မေ့မသွားပါနဲ့ဗျာ.. ဖင်လန်ကိုသာရောက်ရင်တော့ ...........ပိုဆိုးကုန် မှာပေါ့ဗျာ။
အချုပ်ပြောရရင်တော့ ..အခုအချိန်မှာ အမေစုကလဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ဖြစ်နေ ပါပြီ
.. နိုင်ငံတော်အတွက် အမေစုမှာလဲ တာဝန်တွေအများကြီးရှိနေပါပြီ ..ဘာဘဲဖြစ်ဖြစ် ဒီမြေမှာနေ၊
ဒီရေသောက်နေတဲ့အတွက် ဒီကပြည်သူတွေရဲ့ အကျိုးကိုတော့လိုလားသင့်ပါတယ်ဗျာ၊ စိတ်ဝမ်းကွဲပြားစေမယ့်
စကားတော့ မပြောသင့်ပါဘူး.. အမေစု ဘယ်ကိုပဲရောက်ရောက် ရောက်တဲ့နေရာမှာ နိုင်ငံဂုဏ်ကို ဖော်ဆောင်
နိုင်တဲ့သူတစ်ဦးဘဲ ဖြစ်စေချင် ပါတယ်.. အမျိုးသားခေါင်းဆောင် ကြီးဖြစ်တဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့
အသက်နဲ့ ရင်းပြီးတော့ ရယူထားခဲ့တဲ့ မြန်မာနိုင်ငံတော်ကြီးရဲ့ လွတ်လပ်ရေးနဲ့ အချုပ် အခြာ အာဏာ တည်တံ့
ခိုင်မြဲရေးတို့ အတွက် သမီးဖြစ်တဲ့ အမေစုကနေပြီးတော့ ဆက်လက် ဖော်ဆောင် တာကိုဘဲ မြင်ချင်လို့ ကျွန်တော်တို့
မဲပေးခဲ့တာဘဲဗျာ.. ကျွန်တော်တို့ဆန္ဒတွေပြည့်ဝအောင် အမေစုဆောင်ရွက် နိုင် ပါစေ လို့ ဆန္ဒ ပြုလိုက်ပါတယ်။

0 comments:

Post a Comment

LIKE BOX