Tuesday, June 12, 2012

စစ်တွေ၌ ရိုဟင်ဂျာဘင်္ဂါလီများက အကွက်ချ လုပ်ဆောင်နေသည်ဟု ထင်မြင်မှုများရှိနေ

Posted by မျိုးချစ်သူရဲကောင်းများ On 6:04 PM 0 comments

From : ကိုကြည်ဝင်း


စစ်တွေမြို့တွင်း လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများအရ
ဘင်္ဂါလီများက အကွက်ချ လုပ်ဆောင်နေသည်ဟု ထင်မြင်ကြောင်း
စစ်တွေ ဒေသခံများက ပြောကြားခဲ့ပါသည်။

"အခု သူတို့လုပ်နေပုံတွေ ကြည့်ရင် အကွက်ချပြီး လုပ်နေတယ်လို့
ထင်တယ်။ မနေ့က မင်းဂံရပ်ကွက်တွေကို ၀င်ဖို့ ကြိုးစားတယ်။
မီးရှို့တယ်။ သူတို့ အိမ်တွေကိုလည်း သူတို့ မီးရှို့ပြီး ရခိုင် အိမ်တွေ ကူးအောင်၊ ရခိုင်တွေ ရှို့တယ်လို့ ပြောလို့ရအောင် လုပ်တယ်။
ဒီနေ့တော့ မင်းဂံဘက်မှာ လုံခြုံရေးက လုံထိန်းရော၊ တပ်ရော
ချထားတယ်။ အဲဒီအချိန်မှာ မနက်ပိုင်းတစ်ပိုင်းလုံး ငြိမ်နေတယ်။ မွန်းလွဲပိုင်းက စပြီး ဓည၀တီ၊ နာဇီ၊ သံတော်လီ၊ ဗျိုင်းဖြူ၊ မကျည်းမြိုင် နေရာတွေကို မီးရှို့တယ်။ အဲဒီနေရာတွေမှာက လုံခြုံရေး
အားနည်းနေတယ်။ အဲတာကို သိတဲ့အတွက် ဒါကို အခွင့်ကောင်းယူပြီး မီးရှို့မှုတွေ လုပ်တယ်”ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောပါသည်။

ယနေ့(ဇွန်လ ၁၁ ရက်) တွင် နာဇီကျေးရွာဘက်မှ ဘင်္ဂါလီအုပ်စု၊ သံတော်လီကျေးရွာမှ ဘင်္ဂါလီအုပ်စု ထိုအုပ်စုနှစ်စု အဓိက ထကြွခဲ့ပြီး
ဇွန်လ ၁၀ ရက်နေ့ကမူ ဘုမင်ရွာရှိ ဘင်္ဂါလီအုပ်စုက ထကြွခဲ့ခြင်း ဖြစ်ပါသည်။

“စစ်တွေမြို့ထဲမှာသာ ဘဂါင်္လီက အင်အားက နည်းတယ်။
အမ်ဘာရီအုပ်စု၊ နာဇီအုပ်စု၊ ဘုမေ အုပ်စုကတော့ ဘင်္ဂါလီတွေများတယ်။ ဒါတွေက စစ်တွေမြို့နဲ့ နီးတယ်။ သူတို့က မြို့ကို ပတ်ဝိုင်းပြီး နေတဲ့ သဘောရှိတယ်။ မြို့တွင်းမှာ နေတဲ့ ဘင်္ဂါလီတွေကတော့ သူတို့ရဲ့ နေအိမ်တွေကို စွန့်သွားပါပြီ။ ဒီရက်ပိုင်းမှာ ဖြစ်နေတာက စစ်တွေမြို့ပတ်လည်မှာ ၀ိုင်းနေတဲ့ ဘင်္ဂါလီအုပ်စုတွေက အလှည့်ကျ ထကြွနေတဲ့ သဘောရှိတယ်။ လုံခြုံရေးက တစ်ဖက်မှာ အားစိုက်နေရင် ကျန်တဲ့တစ်ဖက် ထကြွတဲ့ သဘောဖြစ်နေတယ်။


လုံခြုံရေးအင်အားကလည်း တစ်မြို့လုံး အတိုင်းအတာအရ လုံလောက်မှုမရှိသေးဘူး။ အဲဒီတော့ စစ်တွေဒေသခံတွေကပဲ ကိုယ်လက်နက်ကိုယ်ရှာပြီး ကာကွယ်နေရတဲ့ သဘော ရှိနေတယ်။ စစ်တွေ မြို့ပြင် ကမ်းနားပတ်လည် တစ်ကြောမှာလည်း ဘင်္ဂါလီ ရွာတွေ များတယ်။ သူတို့တွေနဲ့ နီးနေတဲ့ ဥပမာ ဗျိုင်းဖြူ လို ရွာမျိုးဆိုရင် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ လုံခြုံရေးကလည်း အဲဒီအထိ မရောက်သေးဘူး။ ထင်ထားတဲ့ အတိုင်းပဲ ဒီနေ့မှာတော့ ဗျိုင်းဖြူရွာနားကသံတော်လီ ဘင်္ဂါလီအုပ်စုက ထကြွတယ်။ လုံခြုံရေးက
တော်တော်လေး နောက်ကျပြီးမှ ရောက်တယ်” ဟု စစ်တွေ ဒေသခံက ပြောပါသည်။

စစ်တွေ၌ ဘင်္ဂါလီများ ထကြွမှု ဆက်တိုက်ဖြစ်နေခြင်းမှာထွက်ပြေးလိုသည့် အတွက် ယခုကဲ့သို့ အကွက်ချ လုပ်ဆောင်မှုများ ဖြစ်နိုင်သည်ဟူသော ယူဆမှုများလည်း ရှိပါသည်။

“ကျွန်တော်ထင်တာကတော့ စစ်တွေမှာ ရှိနေတဲ့ ဘင်္ဂါလီတွေကသူတို့ စခဲ့တဲ့ ဇာတ်လမ်းမှာပဲ သူတို့ ထွက်ပေါက် ပိတ်နေတယ်။သူတို့က ရခိုင်တိုင်းရင်းသားတွေ အိမ်ကို မီးစရှို့၊ ရခိုင်တွေကို စပြီး ရန်စတယ်။ ဒီမတိုင်ခင် အချိန်က သူလည်း သူ့ဟာသူနေ၊ ကိုယ်လည်း ကိုယ့်ဖာသာ နေ နေတဲ့ အချိန်မှာကတည်း သူတို့ဘက်က ရန်စမှုတွေ ရှိခဲ့တယ်။ အခုတော့ သူတို့က ရခိုင်တိုင်းရင်းသားတွေ နေတဲ့ နေရာကို မီးရှို့တော့ ဒီဘက်က လုံခြုံရေးအရ ကာကွယ်ရတာတွေ ရှိလာတယ်။ ဒီအခါမှာ ရခိုင်တိုင်းရင်းသားတွေလည်း ဘာအလုပ်မှ မလုပ်နိုင်ပဲသူတို့ရန်ကို ကာကွယ်နေရတယ်။ သူတို့လည်း ရွာပြင် ထွက်လို့
မရနိုင်ဘူး ဖြစ်တယ်။ ဒီအခါမှာ ရခိုင်တိုင်းရင်းသား အိမ်တွေနဲ့နီးတဲ့ သူတို့အိမ်တွေကို ကိုယ်တိုင် မီးပြန်ရှို့တယ်။ နောက်တော့ရခိုင်အိမ်တွေကို မီးကူးအောင်လုပ်တယ်။ ရခိုင်တွေက မီးဝိုင်းသတ်တဲ့အချိန်မှာ ထွက်ပြေးမယ်ဆိုတဲ့ အကြံနဲ့ လုပ်ပုံရတယ်။
အခု ဖြစ်နေတာတွေကို ကြည့်ရင် ဒီလို ပြေးနိုင်ဖို့ အကွက်ချ
လုပ်နေတယ်လို့ မြင်တယ်” ဟု စစ်တွေ ဒေသခံက ပြောပြခဲ့သည်။

"သူတို့ ပြေးနိုင်တာ ပင်လယ်ထွက်ပေါက်ဘက်ပဲ ရှိတယ်။ သူတို့ကရေကို ရခိုင်တိုင်းရင်းသားတွေ ထက် ကျွမ်းကျင်မှုရှိတယ်။ ပင်လယ်ဝကိုစီးတဲ့ ချောင်းတွေက တစ်ဆင့် သူတို့ ထွက်ပြေးဖို့ ကြံပုံရတယ်။စစ်တွေမြို့ ဆိုတာကလည်း ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းစု သဘောဖြစ်နေတယ်။ ဘုမေဘက်ကနေ ဆိုရင် တောက်လျှောက် ဘင်္ဂါလီရွာတွေချည်းပဲ ဖြစ်တဲ့ အပြင် ပင်လယ်ဝနဲ့ နီးတဲ့အတွက်သူတို့ ၀င်ထွက်ဖို့ ပိုလွယ်တယ်။ တစ်ကယ်တန်း တွေးကြည့်မယ်ဆိုရင် စစ်တွေမြို့ထဲက ဘင်္ဂါလီတွေက ပြေးဖို့ မလွယ်ဘူး။ မြို့ပြင်က ဘင်္ဂါလီတွေကတော့ ပြေးလို့ ရတယ်။ ဒါပေမဲ့ မြို့တွင်းနဲ့ နီးတဲ့ ဘင်္ဂါလီအုပ်စုတွေကို ငဲ့ပြီး မြို့ပြင်က ဘင်္ဂါလီတွေက ထကြွနေတဲ့ သဘောရှိတယ်။ အခုချိန်မှာ သူတို့ ဆုပ်လည်းစူး၊ စားလည်း ရူးဖြစ်နေပြီ။ သူတို့ အဲလိုဖြစ်တာနဲ့ပဲ ရခိုင်တိုင်းရင်းသားတွေ ပျက်စီးရာ၊ ပျက်စီးကြောင်း ကြံနေတယ်လို့ ထင်တယ်” ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိအနေအထားတွင် ဘင်္ဂါလီများ၏ထကြွမှုမှာ ဆက်လက်ဖြစ်ပေါ်နေပါသည်။

Myanmar Express

0 comments:

Post a Comment

LIKE BOX