Monday, June 11, 2012

ဦးလေးကြီးရဲ....ခံစားချက်

Posted by မျိုးချစ်သူရဲကောင်းများ On 5:00 PM 0 comments



ဦးကြီး ... မျက်လုံးတွေဟာလေ ....
မေတ္တာတရားမဲ့တဲ့ မျက်လုံးတွေ မဟုတ်ပါဘူး။
သတ်ချင်ဖြတ်ချင်တဲ့ မျက်လုံးတွေ မဟုတ်ပါဘူး။
ဆူချင်ပူချင်တဲ့ မျက်လုံးတွေ မဟုတ်ပါဘူး။
အမုန်းတရားတွေ တောက်နေတဲ့ မျက်လုံးတွေ မဟုတ်ပါဘူး။
ကမ္ဘာကုန်အောင် ရက်စက်ပြမဲ့ မျက်လုံးတွေ မဟုတ်ပါဘူး။
ဒါပေမဲ့......
သက်ကယ်မိုးထရံကာအိမ်လေးအတွက်
ဦးကြီးရဲ့ သမီးလေးတွေအတွက်။
လမ်းမလျှောက်နိုင်ရှာတဲ့ အမေအိုကြီးအတွက်။
ဘ၀တူသူငယ်ချင်းတွေ အတွက်။
အမျိုး၊ ဘာသာ၊ သာသနာ အတွက်။
ဝါးချွန်တစ်ချောင်းကို လှံတစ်ချောင်းလို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။
ဒါဟာ လက်နဲ့ ပြုလုပ်ထားခြင်း လုံးဝ(လုံးဝ)မဟုတ်....
သမိုင်းနဲ့ ပြုလုပ်ခြင်း
သစ္စာနဲ့ ပြုလုပ်ခြင်း
နှလုံးသွေးနဲ့ ပြုလုပ်ခြင်းပေါ့ ။
မတော်တဆ ထိမိခိုက်မိရင်များ
လွတ်ကျသွားမှာ စိုးလို့
ပုဆိုးစုတ်ကလေးနဲ့ လက်ကိုင်တဲ့ နေရာမှာပတ်
ဦးကြီး ရင်ထဲ မွန်းကြပ်နေမှာ ရိပ်မိပါရဲ့ ။
....................................................
ဒါပေမဲ့ ..
ချိုးငှက်ဖြူဖြူလေးကို ကျွန်တော်တို့ မချစ်ရင်
ချိုးငှက်ဖြူဖြူလေးကလည်း ကျွန်တော်တို့ကို
ချစ် ......... မှာ........... မ..........ဟုတ်..........တော့.........ဘူး........။

0 comments:

Post a Comment

LIKE BOX