Tuesday, June 12, 2012

ကချင်ပြည်နယ်အတွင်းမှ ပြည်သူတို့၏ အသံများ

Posted by မျိုးချစ်သူရဲကောင်းများ On 2:27 PM 1 comments


မြစ်ကြီးနား ဇွန် ၁၀

ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူတွေက ၄င်းတို့အနီးမှာရှိတဲ့ ပူးပေါင်းစစ်ဆေးရေး
ဂိတ်မှာ အရင်ကလို တရုတ်ကုန်ပစ္စည်းတွေ သယ်ဆောင်မှုမရှိတော့ကြောင်း၊ အရင်ကဆိုရင် တစ်နေ့ကိ ကား ၁၀စီး
လောက်နဲ့ အမြဲတင်ဆောင်သွားနေတာကို တွေ့နေရ ကြောင်းနဲ့ အဲဒီလို ကုန်ပစ္စည်းတွေဝင်ရောက်မှုမရှိတော့ဘူဆိုရင်
ကုန်ဈေးနှုန်းတွေ မြင့်တက် လာမှာကို စိုးရိမ်ရကြောင်း ပြောဆိုနေတာတွေကို ကြားသိရပါတယ်။
မြစ်ကြီးနားမြို့နယ်မှာရှိတဲ့ ဒေသခံပြည်သူတွေပြောဆိုနေတာကတော့ နိုင်ငံတော်ကနေပြီး
ငွေကျပ်တစ်သောင်း တန်ထုတ်တော့မယ်ဆိုလို့ အံ့သြနေကြရကြောင်း၊ ၁၉၉၈ခုနှစ်ဝန်းကျင် လောက်တုန်းကလည်း
တစ်ထောင် ကျပ်နဲ့ ၂၀၁၀ ၀န်းကျင်လောက်ကလည်း ငါးထောင်တန်ကျပ် တွေကို ထုတ်ဝေခဲ့ပြီးတော့
ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့တာကို အားလုံး အသိဖြစ်ပြီး ဖြစ်ကြောင်း၊ အခု ငွေတစ်သောင်းကျပ်တန် ဆက်ပြီးတော့
ထုတ်ဝေမယ်ဆိုရင် နိုင်ငံတော်အနေနဲ့ ငွေကြေး ဖောင်းပွမှုတွေပိုမိုပြီးတော့ မြင့်တက်လာမှာကိုစိုးရိမ်ကြရကြောင်းနဲ့
၎င်းတို့အခြေခံလူတန်းစားတွေ အနေနဲ့ ငွေငါးထောင်တန်ကျပ်တောင် ပုံမှန်ကိုယ်တွယ်သုံး စွဲနိုင်ခြင်း မရှိတဲ့အတွက်
အခု ငွေ တစ်သောင်းကျပ်တန်ကို ၄င်းတို့အနေနဲ့ ကိုင်နိုင်မှာ မဟုတ်ကြောင်းတို့ကို ပြောဆိုနေတာ
ကြားသိရပါတယ်။
ဆက်လက်ပြီး
လွယ်ဂျယ်မြို့နယ်ခွဲမှာရှိတဲ့ ဒေသခံပြည်သူအချို့ကလည်း မြန်မာနိုင်ငံဟာ ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် (ဒီမိုကရေစီနိုင်ငံ)အဖြစ် ပြုပြင်ပြောင်းလဲနေတဲ့အချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး
စတာတွေပါ တိုးတက်ပြောင်းလဲလာကြောင်း၊ ပြည်သူတွေအနေနဲ့ နိုင်ငံတော်ရဲ့
ပြုပြင်ပြောင်းလဲရေးအခန်းကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် ဒီမို ကရေ စီ နိုင်ငံတော် အဖြစ်
ပေါ်ထနွ်းအောင်မြင်လာရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဟာ စီးပွားရေး နယ်ပယ် ၀န်းကျင်မှာဆို
တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်ရင် ငွေကြေးတန်ဖိုးဟာ ကွာခြားနေတာကို တွေ့မြင်နို င် ကြောင်း၊
အခုနုငိငံတော်ရဲ့ ငွေကြေးအမြင့်ဆုံး တစ်သောင်းကျပ်တန်ငွေစက္ကူကို ထုတ်ဝေ ခြင်းကြောင့် ပြည်ပနိုင်ငံတွေနဲ့
စီးပွားရေးလုပ်ငန်းတွေမှာ ဆောင်ရွက်ရတာ အဆင်ပြေမှာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး တရုတ်ယွမ်ငွေ
တစ်ရာကို မြန်မာငွေ တစ်သောင်းနဲ့ သောင်းသုံးထောင်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့တော့
အရင်ငွေကြေးတွေကို သုံးစွဲရာမှာရော၊ သယ်ဆောင်ရာမှာပါ အခက်အခဲရှိကြကြောင်းနဲ့ အခုလို တစ်သောင်းတန်
ထုတ်ဝေပေးခြင်းအနေနဲ့ အဆင်ပြေကြမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့လည်း ကေအိုင်အေ အဖွဲ့တွေနဲ့
ငြိမ်းချမ်းရေး လက်မှတ် မထိုးသေးကြောင်း၊ ပြည်သူတွေအနေနဲ့ အိုးအိမ်တွေကို စွန့်ခွါနေရပြီး စီးပွားရေး
အကြပ်အတည်းတွေ များစွာနဲ့ ရင်ဆိုင်နေကြရကြောင်း၊ အခုလို ငွေကျပ် တစ်သောင်းတန်ကို ထုတ်လိုက်တဲ့
အတွက် ငွေကြေးးဖောင်းပွမှုတွေ ဖြစ်လာမှာကို အထူးစိုးရိမ်လျက်ရှိနေကြတယ်လို့ ကြားသိရပါတယ်။
ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ တာမခံကျေးရွာ အတွင်းမှာရှိတဲ့ ဒေသခံခရီး သွားတေကွ တော့
ဖားကန့်-မိုးညှင်း-မြစ်ကြီးနားကို ခရီးသည်ပို့ဆောင်ပြေးဆွဲနေတဲ့ ဘင်တွေ/ ဖိုးဝှီးတွေအနေနဲ့
လမ်းတစ်ချို့နေရာတွေမှာ ဗက်ွတန်းရှည်တွေကို ဖြတ်သန်းမောင်းနှင်နေကြ ရကြောင်းနဲ့ ညအိပ်ရပ်နားခြင်းတို့ကြောင့်
အချိန်ကြန့်ကြာတာကို အကြောင်းပြပြီးတော့ ခရီးသွားပြည်သူတွေဆီက ဒီရက်ပိုင်း အရင်ယာဉ်စီးခထက်
အဆမတန်ပိုပေးနေရကြောင်း၊ ခရီးသွားတွေအနေနဲ့ကလည်း လိုရာခရီးကို ရောက်နိုင်ဖို့ ကားသမားများကတောင်း
သလောက ဈေးကိုပေးနေရကြောင်း၊ အဲဒီလိုအဆင်မပြေမှုတွေကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့
ထိန်းသိမ်ကြပ်မတ်ဆောင်ရွက် ပေးဖို့ လိုကြောင်း ပြောဆိုနေကြတာတွေကို ကြားသိရပါတယ်။
မိုးညှင်းမြို့၊ ရထားဘူတာမှာ ခရီးသွားပြည်သူတွေအချို့ပြောဆိုနေတာကတော့ မီးရထား
လက်မှတ်ဝယ်ယူရာမှာ လက်မှတ်ရရှိတယ်လို့ကို မရှိကြောင်း၊ မေးမြန်းစုံစမ်းတော့လည်း လက်မှတ် ကုန်သွားပြီ၊
မကျန်တော့ဘူးဆိုတာသာ သိရကြောင်း၊ ဘူတာမှာ လက်မှတ်ဝယ်ယူရင် ကိုယ်တိုင် ၀ယ်ယူဖို့
ကြေညာထားပေမဲ့လည်း ကိုယ်တိုင်သွားဝယ်ရင် ခုံနေရာမရဘဲ မှောင်ခိုသမားတွေထံက ၀ယ်ယူမှ ခုံနေရာကို
ရကြကြောင်း၊ အချို့ခရီးသည်တွေဆိုရင် မသွားမဖြစ် သွားရမဲ့ ခရီးအတွက် အဲဒီ့မှောင်ခိုသမားတွေဆီကပဲ
မတန်တဆဈေးတေနွဲ့ ၀ယ်ယူနေကြ ရကြောင်း၊ အဒဲီလို မှောင်ခို သမားတွေဆီမှာ လက်မှတ်မရှိရင်
ရထားတွဲစောင့်တွေနဲ့ ညှိုပြီး ငွေပေးကာ လိုက်စေကြကြောင်း၊ မြစ်ကြီးနား အစုန်-အဆန် ရထားတွေမှာ တစ်ဘူတာနဲ့
တစ်ဘူတာ လက်ကျန်လက်မှတ်တွေကို အသိပေး ကြေညာပြီးတော့ ရောင်းသင့် ကြောင်း၊ လက်မှတ်တွေကို
အချိန်အကန့်အသတ်တွေနဲ့ ရောင်းတဲ့အတွက် လက်မှတ်ရမယ်၊ မရဘူးဆိုတာ သေချာစွာ မတွက်နိုင်ကြောင်း၊
မရေမရာနဲ့ လက်မှတ်ကို ၀ယ်ကြရကြောင်း၊ ကုန်စည် ခရီးသယ်တွေဆိုရင် သူတို့ ကုန်ပစ္စည်းတွေကို
ဘယ်နေ့ဘယ်ရက် တင်ဆောင်ဖို့ ကြိုမ ပြောတဲ့ အတွက် တင်ဆောင်ခွင့်ရဖို့ကို ဟိုလူ့မျက်နှာချိုသွေးရ၊
ဒီလူ့မျက်နှာချို သွေးရနဲ့ လုပ်နေကြ ရကြောင်း၊ ဒါ့ကြောင့် မြစ်ကြီးနား-မန္တလေးကားလမ်းက ရန်ကုန်-
မန္တလေးကားလမ်းလို ကောင်းနေ မယ်ဆိုရင်တော့ ကားနဲ့ပဲသွားလိုက်ချင်ကြကြောင်း၊ ကားနဲပသွားရတာ
လက်မှတ်ဝယ်ရတာကအစ စိတ်ချမ်းသာ အဆင်ပြေကြောင်း ပြောဆိုနေကြတယ်လို့ သိရှိရပါတယ်။
မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာမှာနေတဲ့ ဒေသခံပြည်သူတွေပြောဆိုနေတာကတော့ မြန်မာနိုင်ငံမှာ ငွေ
တစ်သောင်းတန်ကို ထုတ်ဝေတာ ကောင်းကြောင်း၊ တရုတ်-မြန်မာ နယ်စပ်မှာ နေတဲ့ ပြည်သူတွေကတော့ မြန်မာငွေ
သိမ်းဆည်းရတာလွယ်ကြောင်းနဲ့ ဒေသခံအချို့ကတော့ အခုထုတ်မဲ့ ငွေစက္ကူမှာ နိုင်ငံ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်
အောင်ဆန်းရဲ့ ပုံမပါတဲ့အတွက် စိတ်မကောင်းကြောင်း၊ တချို့နိုင်ငံတွေမှဆိုရင်
၎င်းတို့နိုင်ငံရဲ့ ခေါင်းဆောင် ပုံတွေကို ထည့်သွင်း အသုံးပြုကြကြောင်း၊ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့
ဓာတ်ပုံကို အသုံးမပြုတာ ၁၉၈၈ ခုနှစ် နောက်ပိုင်းကနေစပြီး အသုံးမပြုတော့တာဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့
ပုံကို ၄င်းတို့နိုင်ငံရဲ့ ငွေစက္ကူတွေပေါ်မှာ မြင်ချင်ကြပါကြောင်းနဲ့ အဲဒီအပြင် ငွေကြေးဖာင်းပွလာမှာ ကိုလည်း
စိုးရိမ်ကြရကြောင်း၊ တစ်သောင်းကျပ် တန်ငွေစက္ကူထွက်ရှိပြီးတဲ့နောက်မှာ ဇင်ဘာဘွေနိုင်ငံမှာလို ပစ္စည်းနဲ့ငွေ
အလေးချိန် ဆတူပေးရတဲ့အခြေအနေကို ရောက်ရှိသွားမှာကို စိုးရိမ်ကြရကြောင်းနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်
တက်သွားမှာကိုလည်းစိုးရိမ်နေကြရကြောင်း၊ လက်ရှိမှာ ကန်စွန်းရွက်တစ်စီးကို ၅၀ နဲ့ဝယ်ယူရပေမဲ့ ၅၀၀၀ကျပ်တန်
ထွက်ရှိလာပြီးတဲ့နောက်မှာ ၃စီးကို ၅၀၀ ကျပ်အထိဖြစ်လာခဲ့ကြောင်း နဲ့ အဲဒီအတွက် ကုန်ဈေးနှုန်းကို
ထိန်းပေးစေလိုကြောင်း ပြောဆိုနေကြတယ်လို့ ကြား သိရပါတယ်။

1 comments:

ကချင်ပြည်နယ်မှာ KIA စခန်းရှိတဲ့ ဂိတ်ကို ဖြတ်ရင် လက်နက် ပါ/မပါ ပဲရှာတယ်...
ပြီးရင် အေးအေးဆေးဆေးနဲ့သွားလို့ရတယ်..
မင်းတို့ စစ်တပ်ရှိတဲ့ ဂိတ်ကိုဖြတ်ရင် ဟောက်ခံရတယ်..ဆဲခံရတယ်....ပြီးရင် ဆိုင်ကယ် ကယ်ရီသမားနဲ့ ဆိုင်ကယ်ငှားသူ နှစ်ယောက်ပေါင်းပြီး ပိုက်ဆံပါထပ် ပေးရသေးတယ်....အဲဒါ ကချင်ပြည်သူတွေရဲ့ အသံပဲကွ....
blog ပိုင်ရှင်ရေ.....

Post a Comment

LIKE BOX