Sunday, June 10, 2012

ဖွဲ့စည်းပုံ အခြေ ခံဥပဒေ ပုဒ်မ ၄၁၂ နဲ့ ဆက်စပ် ၄၁၃ အကြောင်း

Posted by မျိုးချစ်သူရဲကောင်းများ On 10:59 PM 0 comments



၄၁၂ ။ (က) တိုင်းဒေသကြီး တစ်ခုတွင်ဖြစ်စေ ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စု နယ်မြေတစ်တွင်ဖြစ်စေ၊ ကိုပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ ၊ ယင်းတို့၏ တစ်စိတ် တစ်ဒေသတွင်ဖြစ်စေ ပြည်သူများ ၏ အသက်အိုးအိမ် စည်းစိမ် ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သိရှိလျှင် သော်လည်းကောင်း ၊ ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့ အစည်း က တင်ပြလျှင်သော်လည်း ကောင်း နိုင်ငံတော်သမ္မတ သည် အမျိုးသားကာကွယ်ရေး နှင့် ညှီနိုင်းပြီး ဥပဒေ ကဲ့သို့ အာဏာတည်သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာ နိုင်သည်၊

(ခ) ပုဒ်မခွဲ (က) အရ နိုင်ငံတော် သမ္မတ သည် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ နှင့် ညိနှိုင်း ရာတွင် အဖွဲ့ ၀င်များစုံညီစွာ တက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ ၀င်များ ဖြစ်သောတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ ဒုတိယ တပ်တော် ကာကွယ်ရေးဦး စီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးတို့ နှင့် ညှိနှိုင်းပြီး အရေးအပေါ် အခြေအနေ ကို အချိန်မီ ထုတ်ပြန်ကြေညာ နိုင်သည်။ ယင်းသို့ ထုတ်ပြန်ကြေညာချက် ကို အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီသို့ အမြန်ဆုံးတင်ပြ အတည်ပြုချက် ရယူရမယ်။

၄၁၃။ ပုဒ်မ ၄၁၂ အရ ရေးပေါ်အခြေ အနေ ကြောညာသည့်ကိစ္စရပ်တွင်
(က) အရေးပေါ်အခြေအနေ ကြေညာ ချက် အကျိုးသက်ရောက်သည့်နယ်မြေဒေသအတွင်း မူလအခြေ အနေ သို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှင် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းများ ၊ ယင်းအဖွဲ့ အစည်း ၀င်များ ၊ နယ်ဘက် ဆိုင်ရာ ၀န်ထမ်းအဖွဲ့ အစည်းများ ။ ယင်းအဖွဲ့ အစည်းဝင်များ က တည်ဆဲဥပဒေများနှင့် အညီ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မူ့ ရှိစေရန် တပ်မတော် ၏ အကူအညီ ကိုရယူဆောင်ရွတ်နိုင်သည်၊

(ခ) နိုင်ငံတော် သမ္မတ သည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ်ထုတ်ပြန်နိုင်သည်။ ယင်းစစ်အုပ်ချုပ်ရေး အမိန့်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် နှင့် တာဝန်များ ကို လည်းကောင်း ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးနှင့်သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် နှင့် တာဝန်များ ကိုလည်းကောင်း သတ်မှတ်ပေးရမည် ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက် အာဏာပိုင် တစ်ဦးဦး ကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။

Myanmar Express

0 comments:

Post a Comment

LIKE BOX