Tuesday, June 12, 2012

လူထုထောက်ခံမှုနှင့်NLD

Posted by မျိုးချစ်သူရဲကောင်းများ On 2:03 PM 0 comments




အရေးကြုံရင်..အားကိုးစရာဟာ...ကျွန်တော်တို့ ပြေးမြင်မိကြတာကတော့...တပ်မတော်ပါ။
စစ်တပ်က မလာသေးဘူးလား....ရဲတွေက ဘာလုပ်နေတာလဲ။ ပစ်ပါတော့လား။။ စသည့်ဖြင့်
ကျွန်တော်တို့ အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်တာက
ပြည်သူ့လုံခြုံရေးယူထားတဲ့ ရဲတို့
လုံထိမ်းတို့ နောက်ဆုံး စစ်တပ်ပါပဲ။ကျွန်တော် စစ်တပ်ဘက်တော်သားမဟုတ်ပါဘူး။ဒီမိုကရေ
စီဆိုပြီး ဘာမှန်းမသိတဲ့အရာကို မက်မောတဲ့ ငတုန်းပါ။စစ်တပ်အုပ်ချုပ်စဉ်က
ဘာမှ အခွင့်အရေး
မရခဲ့ဖူးသလို၊မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ဘယ်အဖွဲ့အစည်း
ရဲ့ထောက်ပံ့မှုမှလည်း မရခဲ့ဖူးပါ
ဘူး။ရချင်လို့ပြောတာလည်းမဟုတ်ပါဘူး။ကိုယ့်အားကိုကိုး ကိုယ့်အလုပ်ကိုလုပ်
ကိုယ့်ဘ၀ကို
ကိုယ်ကျောင်းလာတာပါ။ NLD နဲ့ နိုင်ငံတော်ဖွဲ့စည်း
အုပ်ချုပ်ပုံ၊ကွန်စတီကျူးရှင်း၊စသည်ဖြင့်
ကြီးကျယ်လေးလံသော စကားများကို ပြောနေခဲ့ကြစဉ်က ကိုယ့်ဘ၀ ကိုဘာတွေများလုပ်ပေး
နိုင်မှာလည်းဆိုပြီး မျှော်လင့်ခဲ့ဖူးတာလည်း
ဝန်ခံပါတယ်။ကိုယ်ကိုတိုင်ကတော့..ဘာမှမလုပ်နိုင်
ခဲ့ဘူးမဟုတ်လား။ကိုယ့်အမျိုးဘာသာသာသနာကို
စောင့်ထိမ်းကာကွယ်နိုင်တာကတော့...တပ်မတော်ပါ။
ဘယ်သူဘာတွေပြောပြော ဒါကိုတော့ကျွန်တော်တို့ငြင်းလို့မရဘူး။ဖြစ်ပွါးခဲ့သော
အခြေအနေများကို
ထောက်ရှုခြင်းအားဖြင့် NLD အပေါ်သို့လူထု
အမြင်ပြောင်းသွားနိုင်ကြောင်း၊ထောက်ခံမှု တစ်စုံ တစ်ခု
အဆင့်အထိ ကျဆင်းသွားနိုင်ကြောင်း...ငဘုန်းမှ တင်ပြလိုက်ပါတယ်။

Myanmar Express

0 comments:

Post a Comment

LIKE BOX