Monday, June 11, 2012

ကြာလေလေ ဇာတိရုပ်ပေါ်လာလေလေ ပါလား ဒေါ်စုကြည်

Posted by မျိုးချစ်သူရဲကောင်းများ On 9:31 AM 0 comments

From : ပြည်ချစ်သား



ဒီရက်ပိုင်းအတွင်း ဒေါ်စုကြည် ပါးစပ်ကပြောတဲံ့ အကြောင်းအရာလေး ၂ ချက်ကိုပြောလိုပါတယ်။
၁။ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်း တွေနဲံ့ တွေ့တော့ပြောကြားချက်။
၂။ ထိုင်းခရီးစဉ်နဲ့ပါတ်သက်ပြီး သတင်းရှင်းလင်းချက် တွေဘဲ ဖြစ်ပါတယ်။
အစ္စလမ်ဘာသာရေးအဖွဲ့နဲ့ ပြောကြားချက်မှာ အနဲစုကို အများစုက အလေးထားသင့်ကြောင်း ကိုပြောဆိုသွားပါတယ်။ဆိုလိုတာက အားနဲသူကို အားကြီးသူက အလေးထားသင့်ကြောင်းဖြစ်ဟန်တူပါတယ်။ အင်မတန်ကောင်းတဲံ့ စကားလေးပါ။တကယ်လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ ဒေါ်စုကြည် စိတ်ရင်းမှန်နဲ့ပြောတာမဟုတ်ဘူး။ လူကြားကောင်းတရားနာ စကားဖြစ်ပါတယ်။ဘာလို့လည်းဆိုတော့ အင်အားကြီးနိုင်ငံတွေက ကျွန်တော်တို့မြန်မာနိုင်ငံငယ်လေးကို တချိန်က ဆင်းရဲကျပ်တည်းမှုတွေ ဖြစ်စေနိုင်တဲ့
စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ခဲ့တုန်းက ဘာပြုလို့ ဒီစကားမျိုးမပြောခဲ့ပါသလဲ။ မပြောတဲ့အပြင် အလိုတူအလိုပါ အကြံတွေပေးခဲံ့ပါတယ်။အခု နိုင်ငံတောအနေနဲ့ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်အကောင်အထည်ဖေါ်လာတဲ့အပေါ် နိုင်ငံကြီးအချို့ရဲ့ ပိတ်ဆို့မှုရုပ်သိမ်းပေးမှု တွေကိုတောင် အားမပေးဘဲနဲ့ ပြုပြင်ပြောင်းလဲရေးမဖြစ်သေးဘူး၊နောက်ကြောင်းပြန်မလှည့်ရေး စိတ်မချရသေးဘူးဆိုတဲံ့  စကားတွေနိုင်ငံနဲ့ ပြည်သူ့အကျိုးကို မျက်ကွယ်ပြုခဲ့တဲံ့အတွက် အနဲစုကို အများစုက အလေးထားသင့်ကြောင်းစကားက အာပလာစကားသာ ဖြစ်ပါတယ်။ နောက်ထိုင်းခရီးစဉ်နဲ့ပါတ်သက်လို့ ရှင်းလင်းပြောဆိုပွဲမှာလည်း ကျွန်မအနေနဲ့ အမှန်တရားတွေကိုသာ ပြောဆိုခဲ့တယ်ဆိုပြီး နိုင်ငံရဲ့ အားနည်းချက်တွေ လိုအပ်ချက်တွေကို ပြည်ကနိုင်ငံမှာ ငါ့စကားနွားရ ပြောခဲ့ပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အားနည်း ချက် လိုအပ်ချက်ရှိကြပါတယ် ဘယ်နိုင်ငံခေါင်းဆောင်ကမှ မိမိနိုင်ငံရဲ့ အားနည်းချက် လိုအပ်ချက်တွေကို အခြားနိုင်ငံတွေမှာ ပြောဆို ခြင်းမရှိကြပါ။ ဒေါ်စုကြည်ကြမှ ဘာလို့ဒီလိုပြောရတာလည်း တိုင်းပြည်နဲ့ လူမျိုးကို ချစ်တယ်ဆိုတာယုံရမှာလား။ မှန်ပေမဲံ့ မပြောသင့်တဲ့ စကားမျိုးဖြစ်ပါတယ်။ ဒေါ်စုကြည် အမှန်စကားကိုပြောမှာလား။ မေးပါမယ်- တကယ်အမှန်စကားကိုသာပြောချင်တယ်ဆိုရင်တော့ ရိုဟင်ဂျာ ဟာ မြန်မာနိုင်ငံသား လုံးဝ မဟုတ်ပါဘူးဆိုတာကို ကမ္ဘာ သိ ကြေငြာပေးလိုက်စမ်းပါ ။ အဲဒါအမှန်တရားစစ်စစ်ပါ။
ဒါမျိုးကြ ဘာလို့ရေငုံနှတ်ပိတ်ဖြစ်နေတာလဲ။


Myanmar Express

0 comments:

Post a Comment

LIKE BOX