Sunday, June 10, 2012

အောင်မြင်ပါစေ...ရဲဗဘ်ာတို.

Posted by မျိုးချစ်သူရဲကောင်းများ On 1:34 PM 0 comments




ရဲဘော်တို့ ...
ဒီတစ်ခေါက် ရဲဘော်တို့ ကျဆုံးခဲ့ရင် လွမ်းသူ့ ပန်းခွေမှာ ကျုပ်တို့ရဲ့ မျက်ရည်တွေကို သီးကုံးပေးမယ်။


ရဲဘော်တို့ ...
ဒီတစ်ခေါက် ရဲဘော်တို့ အောင်မြင်ခဲ့ရင် သရဖူ ပန်းကုံးတွေကို ကျုပ်တို့ရဲ့ နှလုံးသားတွေနဲ့ တန်ဆာဆင်ပေးထားမယ်။


ရဲဘော်တို့ ...
သွေးထွက်နည်းပြီး ချွေးထွက်များပါစေ။


ဒီတစ်ခေါက် ကျတဲ့ ချွေးက ထွက်တဲ့ အနံ့က ကျုပ်တို့ ဗိုလ်ချုပ်ရဲ့ ချွေးနံ့နဲ့ တစ်ထပ်တည်းတူပါစေ။


အားလုံး သတိ။
အလေးပြု။


ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု။


တက်ကျ တက်ကျ တက်ကျ . . .
နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်။

(ဦးသုခ)

0 comments:

Post a Comment

LIKE BOX