Thursday, April 26, 2012

သမ္မတဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့

Posted by မျိုးချစ်သူရဲကောင်းများ On 9:21 AM 0 comments

From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဧပြီ ၂၄ ရက်နေ့တွင်

ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရသည်။ ဧပြီ ၆

ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် နာယကသို့ ပေးပို့သော

သဝဏ်လွှာတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ် ပြောင်းလဲကျင့်သုံးခြင်းနှင့် ဧပြီ ၉ ရက်နေ့စွဲဖြင့် ပေးပို့သော

သဝဏ်လွှာတွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်ပေးခြင်း၊ မြန်မာနိုင်ငံ အမျိုးသား

လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းဆိုင်ရာ စသည့် သဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း

သိရသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ် ပြောင်းလဲကျင့်သုံးခြင်း

သဝဏ်လွှာတွင် ငွေလဲလှယ်နှုန်းစနစ်အား ဈေးကွက်အခြေခံသော ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်စနစ်ကို

စတင်ပြောင်းလဲကျင့်သုံးခဲ့ကြောင်း ငွေလဲလှယ်နှုန်းအပေါ် တားမြစ်ကန့်သတ်

ချုပ်ချယ်မှု ပြုလုပ်တော့မည်မဟုတ်ကြောင်း ငွေလဲလှယ်နှုန်းအား ဝယ်လိုအားနှင့် ရောင်းလိုအား

အပေါ်မူတည်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သဝဏ်လွှာ၌ ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား အမျိုးသားအကျိုးစီးပွားအတွက်

ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရန်ပုံငွေကို နိုင်ငံတော်သမ္မတရုံးနှင့် အစိုးရအဖွဲ့ရုံး ရန်ပုံငွေမှ

ထုတ်ယူသုံးစွဲသွားမည်ဖြစ်ကြောင်း သဝဏ်လွှာဖတ်ကြားမှုအရ သိရသည်။ ထို့အပြင် နိုင်ငံတော် သမ္မတက

အစိုးရအဖွဲ့ နှစ်ပတ်လည် အစီရင်ခံစာနှင့် သုံးလပတ် အစီရင်ခံစာများ ပေးပို့ခဲ့ကြောင်း ၂၀၁၂ ခုနှစ်

ဧပြီ ၂၆ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

LIKE BOX