Monday, April 23, 2012

ဥရောပသမဂ္ဂရုံး ဧပြီ ၂၈ ရက်တွင်ဖွင့်မည်

Posted by မျိုးချစ်သူရဲကောင်းများ On 5:49 PM 0 comments

From : ခေတ်လူငယ်


မြန်မာနိုင်ငံသို့ ပိတ်ဆို့အရေးယူမှုများကို ဆိုင်းငံ့ရန် ပြင်ဆင်နေသော ဥရောပသမဂ္ဂ (EU) ၏ ရုံးခန်းကို

ရန်ကုန်မြို့တော်၌ ဧပြီလ ၂၈ ရက်နေ့တွင် ယင်းသမဂ္ဂမှ ထိပ်တန်းအရာရှိ ကတ်သရင်းအဲရှ်တန်ကိုယ်တိုင်

လာရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း EU ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်မြို့တော်

ဗဟန်းမြို့နယ် ရွှေတောင်ကြားတွင် ယင်းရုံးခန်းကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ EU

သံအမတ် ဒေးဗစ်လပ်နွန်လည်း တက်ရောက်မည်ဖြစ်သည်။ “နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဖွံ့ဖြိုးရေး

လုပ်ငန်းတွေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အကူအညီပေးဖို့ မြန်မာနဲ့ တက်တက်ကြွကြွ

ဆက်ဆံနေပါပြီ။ ငွေကြေးထောက်ပံ့မှု ပိုပေးဖို့လည်း အသေအချာပါပဲ” ဟု ကတ်သရင်းအဲရှ်တန်က ဧပြီလ

၁၇ ရက်နေ့ မြန်မာနိုင်ငံဆိုင်ရာ မိန့်ခွန်းတစ်ရပ်တွင် ပြောဆိုထားသည်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော

အရေးယူပိတ်ဆို့ထားမှုများကို EU က ဆိုင်းငံ့ထားရန် သဘောတူထားပြီး ဧပြီ ၂၃ ရက်နေ့တွင်

လူဇင်ဘတ်နိုင်ငံတွင် ကျင်းပမည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တရားဝင်

အတည်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

0 comments:

Post a Comment

LIKE BOX