Tuesday, April 24, 2012
ခြင်း စုတ် တောင်း စုတ် ဒီ မို က ရေ စီ
Posted by မျိုးချစ်သူရဲကောင်းများ On 3:53 PM 0 comments
အော်ပီကျယ် အား ကြုံဖူးသူ ကိုယ်တိုင်လာရောက်ပြောပြသော ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ် ။
အိမ်ခြေငါးဆယ်လောက်ပဲရှိတဲ့ရွာလေးတစ်ရွာ ။ တော်တော်ခေါင်တဲ့နေရာလေးမှာပါ ။
အဲဒီရွာမှာ ... ဥက္ကဌဆိုတဲ့သူက အသက်ကြီးကြီးဦးလေးတစ်ယောက် ။( တစ်ရွာလုံးသူ့ အလုပ်နဲ
တစ်အိမ်လုံး လင်မယားနှစ်ယောက်ပဲရှိတယ် ။
တစ်နေ့ တော့ ....
ရွာကလူငယ်တွေ တိုင်ပင်ကြတယ်.............
"တစ်ခြားရွာတွေဖက်မှာ ဒီမိုကရေစီဆိုပီးတောင်းကုန်ကြဘီ .. ဒို့ လည်းတောင်းရအောင် "
"တောင်းတာတော့ ဟုတ်ပါဘီ ... ဒီမိုကရေစီဆိုတာကို ဒို့ မှမသိတာ... ပီးတော့ဘယ်မှာတောင်းရမှာလဲ"
သူတို့ ခမျာ တော်တော်အကြပ်ရိုက်နေကြတယ်... တကယ်ကိုမသိတာပါ..
ဒါပေမယ့်  တစ်ခြားရွာတွေတောင်တောင်နေကြတာ.. သူတို့ ရွာကမတောင်းဘူးဆိုရင်" အ"
 တယ်ထင်မှာလည်းစိုးရသေးတယ်လေ ။
နောက်ဆုံးတော့ ...
"အို..... ဘာခက်တာမှတ်လို့  .. ဒီမိုကရေစီ ပေးဆိုပီးတောင်လိုက်တာပေါ့ ... ဒီရွာမှာအကြီးဆုံးက ဥက္ကဌ
 ( ရွာသူကြီး ) ဆိုတော့
သူ့ ဆီသွားတောင်းမှာပေါ့ ..."
ဒီမိုကရေစီရပီးရောမဟုတ်လား ။ သူတို့ တောင်းကြလေသည် ...
သိတဲ့အတိုင်းပဲ ... ရွာကလူငယ် ငါးဆယ်လောက် .. ဥက္ကဌအိမ်ကို ဝိုင်းလိုက်တယ် ။
ချာချာလှည့်ပီးအော်ကြတယ်...
" ဒီမိုကရေစီပေး ...ဒို့ အရေး ..
ဒီမိုကရေစီပေး ...ဒို့ အရေး ..
ဒီမိုကရေစီပေး ...ဒို့ အရေး .. "
လူငါးဆယ်လောက်ဝိုင်းအော်တာဆိုတော့ ... အသံကလည်းဟိန်းထွက်နေတာပေါ့ ။
အဲဒီအချိန်ကျမှ ... အိမ်ထဲမှာထိုင်စကားပြောနေတဲ့ ဥက္ကဌ လင်မယားနှစ်ယောက်
 ဘာသံတွေလည်းဆိုပီးထွက်ကြည့်တယ်..
အားလားလား ....... နည်းတဲ့လူအုပ်ကြီးမဟုတ်ဘူး ....
အိမ်ကိုချာချာလှည့်ပီး ဝိုင်းအော်နေကြတာမြင်ပီးလန့်သွားတယ် ။
လူတွေကိုလည်း ကြည့်အုံးလေ ... အိမ်ကိုတည့်တည့်ကြီးပီးမာန်အပြည့်အော်နေကြတာ...
" ဒီမိုကရေစီပေး ...ဒို့ အရေး ..
ဒီမိုကရေစီပေး ...ဒို့ အရေး ..
ဒီမိုကရေစီပေး ...ဒို့ အရေး .. "
ဘာတွေအော်နေမှန်းမသိပေမယ့်  ... သူတို့ လင်မယားကို ဦးတည်လာတယ်ဆိုတာတော့
 ချက်ချင်းသဘောပေါက်တယ် ။
ဒါနဲ့  ...တံခါးလေးပိတ်ပီး .........အိမ်ထဲမှာ ကုပ်ကုပ်လေးထိုင်နေလိုက်ကြတယ်...
ဟုတ်တယ်လေ ... လူငယ်တွေကြည့်ပဲ ...အော်နေလိုက်ကြတာလည်းအားမာန်အပြည့် ..
အဲဒီ .. ဒီမိုကရေစီဆိုတာကြီး မပေးရင် ထသတ်ကြမယ်ပုံ ။
လူငယ်တွေကလည်း ..." ဒီမိုကရေစီပေး ...ဒို့ အရေး ............ "
 ညနေခင်းလောက်ကတည်းကလာအော်နေတာ..
ခုဆို မိုးတောင်ချုပ်လို့  ...အမှောင်တောင်တဖြည်းဖြည်းဝင်လာစပြုနေဘီ ....
အော်တဲ့သူတွေကလည်း ...နည်းနည်းမှမလျော့ဘူး ... ခဏလောက်နားလိုက် ....ပီးတော့ အိမ်ကိုလှည်
တဆင့်တောင် တတ်လာဘီ...ကြည့်အုံး
" ဒီမိုကရေစီ ချက်ချင်းပေး ....ဒို့ အရေး
ဒီမိုကရေစီ ချက်ချင်းပေး ....ဒို့ အရေး
ဒီမိုကရေစီ ချက်ချင်းပေး ....ဒို့ အရေး ............." အသံလည်းပိုမြှင့်ပီးအော်လာကြတယ် ..
ဥက္ကဌလင်မယားခမျာ့ ...တဖြည်းဖြည်းကြောက်တဲ့ စိတ်ကနေ .. လန့် တဲ့စိတ်ပါဝင်လာဘီ..
ဒူးတွေလည်းတုန်နေဘီ...
ညစာလည်းမစားရသေးဘူး ....
ဗိုက်တွေကလည်း တဂျုပ်ဂျုပ်နဲ့ ပေါ့ ... မှောင်နေဘီဆိုတော့ .. မီးလည်းမထွန်းရဲဘူး ....
တော်ကြာ .. မီးရောင်မြင်သွားမှ ... မပြန်ပဲနေအုံးမယ် ...
လင်မယားနှစ်ယောက် နောက်ဖေးမီးဖိုခန်းလေးထဲမှာ ပေပီးထိုင်နေတယ်...
ဥက္ကဌကို သူ့ မိန်းမကပြောတယ်..
" တော် ... ကျမမသိအောင် ဘာတွေလုပ်ထားလည်း မှန်မှန်ပြော ... ဟိုမှာတောင်းနေကြတာ
 ခုထိပြန်သေးဘူး "
" ဟာ....... မိန်းမကလည်းကွာ ... ငါမှမလုပ်ထားပါဘူး .. သူတို့ တောင်းနေတာလည်း ငါမသိဘူး
.ကြောက်လို့ သာငြိမ်နေတာ ..တော်ကြာပြန်သွားပါလိမ့်မယ်ကွာ..စကားတိုးတိုးပြောဟ "
တွက်ကိန်းလွဲသွားတယ် ........... လူငယ်တွေကလည်း အော်နေတုန်း ...ဇွဲကတော့အကောင်းသားဗျ ...
ညဉ့် နက်ဖက်တောင် ရောက်နေဘီ ... ဘာမှမသိပဲအော်နေကြရလို့ လား...
သူတို့ တောင်းတာမရလို့ လားတော့မသိဘူး ...စိတ်တိုတိုနဲ့ ပိုပီးအော်လာကြတယ်..
" ဒီမိုကရေစီ ချက်ချင်းပေး ....ဒို့ အရေး
ဒီမိုကရေစီ ချက်ချင်းပေး ....ဒို့ အရေး
ဒီမိုကရေစီ ချက်ချင်းပေး ....ဒို့ အရေး ............."
အခြေနေကမကောင်းတော့ဘူး ...မိန်းမလုပ်တဲ့သူက အိမ်သာတတ်ချင်နေဘီ ။
ဘယ်လိုမှအောင့်ထားလို့မရတော့ဘူး ။
မြို့ တွေမှာလို အိမ်သာကို အိမ်ထဲမှာဆောက်ကြတာမဟုတ်ဘူး ။
ရွာတွေမှာက အိမ်သာဆိုတာ အိမ်နဲ့ အဝေကြီး ...ခြံစည်းရိုးထောင့်လိုနေရာမှာ ကပ်ပီးဆောက်ကြတာ ..
အဝေးကြီးသွားရမှာ .... မီးမှမပါရင် သွားလို့ မရဘူးလေ..မှောင်ကလည်းမှောင်နေဘီ ..
ပိုဆိုးတာ ...အော်နေတဲ့သူတွေက ..ခြံစည်းရိုးပတ်ပတ်လည်ကို ဝိုင်းပီးအောင်နေကြတာ ..
မြင်သွားကာမှ စိတ်မထိန်းနိုင်ဘဲ ထရိုက်နေမှာလည်းကြောက်ရသေးတယ်...
မိန်မလုပ်တဲ့သူက မနေနိုင်တဲ့အဆုံးပြောတယ်...
" ယောင်္ကျား .. တော့် မှာ ဘာမှမရှိဘူးလား ...
ရှိရင်ပေးလိုက်.....ကျမမရတော့ဘူး .. "
အဲဒီတော့မှ ယောင်္ကျားလုပ်ဥက္ကဌက .. သူတို့ လင်မယားထိုင်နေတဲ့ဘေးနားက .
ခြင်းတောင်းအစုက်ကြီးကို တွေ့ တယ် ...ပီးတော...
ခပ်နွမ်းနွမ်း စောင်တစ်ထည်လည်းတွေ့ တယ်..
အဲဒီခြင်းတောင်းစုပ်ကြီးကို ... စောင်ခပ်နွမ်းနွမ်းလေပက် ပီး....
အိမ်တံခါးကိုဆီကို ကြောက်ကြောက်နဲ့ ကပ်သွားတယ်..
တံခါးကို နည်းနည်လေးဟပီးလှန်းအော်လိုက်တယ် ..
" ဟိတ်ကောင်တွေ ........ရော့  ...လာယူလှည့်..မင်းတို့ တောင်းနေတဲ့ဒီမိုကရေစီ ..ဆိုပီး
 စောင်နဲ့ပက်ထားတဲ့
ခြင်းတောင်းကြီးကိုပေးလိုက်တယ် ... "
ဥက္ကဌအော်သံလည်းကြာရော ....
လူငယ်တွေလည်း ကြောင်သွားတယ်...သူတို့ လည်းအော်သာအော်နေရတာ. . ဒီမိုကရေစီဆိုတာကို
သိတာမဟုတ်ဘူး ... ခုတော့ ဥက္ကဌ ( ရွာသူကြီး ) ကပေးလာဘီဆိုတော့ ပျော်သွားတာပေါ့ ..
ဘာကြီးလည်းဆိုတာ သိရတော့မယ်လေ ...
နောက်ဆုံးဇာတ်သိမ်းကတော့ ..
ရွာထဲကလူတွေဟာ .. ဥက္ကဌပေးတဲ့ စောင်ခပ်နွမ်းနွမ်းနဲ့ ပက်ထားတဲ့ ခြင်းတောင်းအစုပ်ကြီးကိုထမ်းပီး.....
"ဒီမိုကရေစီ ရဘီကွ
ဒီမိုကရေစီ ရဘီကွ
ဒီမိုကရေစီ ရဘီကွလို့ "့ အော်ပီ ပြန်သွားကြလေသတဲ့ ။
0 comments:
Post a Comment
LIKE BOX