Thursday, April 26, 2012

တရားဥပဒေ စိုးမိုးရေ တဖွဖွပြောနေတဲ့ ဒေါ်စုနဲ့ NLD အနေနဲ့ ဥပဒေကို ပိုပြီးလိုက်နာသင့်ကြောင်း ဦးသိန်းညွန့် ထောက်ပြ

Posted by မျိုးချစ်သူရဲကောင်းများ On 2:39 PM 0 comments



တရားဥပဒေ စိုးမိုးရေး တဖွဖွပြောနေတဲ့ NLD အနေနဲ့ ပိုပြီး လိုက်နာ သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ

 ပါတီသစ် ခေါင်းဆောင် ရှေ့နေကြီး ဦးသိန်းညွန့်က ပြောကြားလိုက်ပါတယ်။

လွှတ်တော်ထဲမှာ အင်အား ၆% တောင် မရှိတဲ့ NLD ပါတီဟာ လွှတ်တော်မတက်ပဲ

  သပိတ်မှောက်လျှက်ရှိနေချိန်မှာ ဦးသိန်းညွန့်က ခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် NLD

 လွှတ်တော်ထဲရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်မြောက်ရေးဆိုင်ရာ

 နည်းဥပဒေအတိုင်းလုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အနေနဲ့ ရွေးကောက်ပွဲ မဝင်ခင်ကတည်းက

 စဉ်းစားရမယ့်ဟာ ကို စဉ်းစားခဲ့ပဲနဲ့ ခုမှ ကကျီကကြောင် လုပ်နေကြောင်း လည်း

 ထောက်ပြဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် အခြေခံဥပဒေကို ပြင်လိုပါက အခြေခံဥပဒေပါ အခန်း (၁၂) အရ သာ ပြင်သင့်ကြောင်း

 ရှေ့နေဦးသိန်းညွန့်က ရှင်းပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခြေခံဥပဒေ ကို လွှတ်တော်ထဲမှ

 မပြင်ပဲ လမ်းပေါ်ထွက်ပြင်မယ် ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် တုန်းက ဘာတခုမှ

 မအောင်မြင်ခဲ့သလိုပဲ ဖြစ်နေမှာ ဖြစ်ကြောင်းကို ထောက်ပြ ပြောကြားခဲ့ပါတယ်။

ဦးသိန်းညွန့်ဟာ ယခင်က NLD ပါတီဝင် တစ်ဦးဖြစ်ပြီး နောက်ပိုင်းပါ NLD ပါတီရဲ့ ညံ့ဖျင်းမှုတွေနဲ့

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းမရှိမှုတွေကြောင့် ပါတီကနေ ထွက်ခွာသွားသူ ဖြစ်ပြီး

 ဟီလာရီကလင်တန် လာတုန်းကလည်း တွေ့ခဲ့သူ ဖြစ်ပါတယ်။ NLD ပါတီမှ လက်တလော ကျင်းပနေတဲ့

 လွှတ်တော်ကို သပိတ်မှောက်ကာ မတတ်ကြဘူးလို့ ပြောနေကြပေမယ့် NLD ပါတီဝင် တစ်ဦးဖြစ်တဲ့

 ဒေါက်တာ မြတ်ဥာနစိုးကတော့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ စကားကို နားမထောင်ပဲ

 လွှတ်တော်တတ်နေတာကို တွေ့ရပါတယ်။

Myanmar Express

0 comments:

Post a Comment

LIKE BOX