Monday, April 23, 2012

အ သျှင် ပ ညာ သီ ဟ(ခေါ်)ရွှေ ည ၀ါ ဆ ရာတော် သ င်္ကန်း ၀တ်ဖြင့် နေသင့်/ မနေသင့်

Posted by မျိုးချစ်သူရဲကောင်းများ On 9:14 PM 0 comments

"ပါးကိုချည်းပဲ ရိုက်ပစ်ချင်တာ၊ မြန်မာလိုမရိုက်ချင်ဘူး၊ ဂျပန်လိုရိုက်ချင်တာ၊မြန်မာလိုကအသွားချည်းပါတာ၊ 

ဂျပန်လိုက အပြန်ပါပါတယ်..."

ဒါ-စိတ်ရင်းအတိုင်းပြောတာတဲ့



ဒီစာကိုဖတ်ပြီးတော့ မိန်းကလေးတစ်ယောက်က ကတ်ကတ်လန်အောင်ရန်တွေ့တာပဲလို့မထင် လိုက်ပါနဲ့။

၁၃-၂-၂၀၁၁ ရက်နေ့ မြန်အောင်မြို့နယ်၊

မြို့မတဲကြီးကုန်းကျေးရွာအုပ်စု၊ ဝေဌုဝန်လမ်းမှာရှိတဲ့ ဝေဌုဝန်စာသင်တိုက်၊

သာသနာ့ဗိမ္မာန်ဓမ္မာရုံတော်ကြီးမှာ ရွှေည၀ါဆရာတော် ပညာသီဟ ပြောကြားခဲ့တဲ့

တရားထဲက ကောက်နုတ်ချက်သာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏မိန့်ခွန်းများထဲမှာ အခွင့်အလမ်းများအားဖွင့်ပေးမှုများရှိခဲ့တယ်၊

မည်သူမဆို လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိရမှာပဲ၊ ဒီမိုကရေစီနိုင်ငံတော်ဖြစ်တဲ့

အတွက် ပြောဆိုလုပ်ပိုင်ခွင့်များအား မည်သူ့ကိုမျှမကြောက်ဘဲဆက်လက်လုပ်ကိုင်မှာပဲ၊ အမှန်ကိုအမှန်

အတိုင်းဆက်လက်ပြောကြားသွားမှာပဲတဲ့။

ဒီစာသားကို ဖတ်ပြီးတော့

စာဖတ်သူအနေနဲ့ နိုင်ငံရေးသမားတစ်ယောက်/ ပြည်သူတစ်ယောက်က ပြောနေတယ်လို့

မထင်တော့ဘူးဆိုတာ ကျွန်တော်သဘောပေါက် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့

ကျွန်တော်တို့ရဲ့ ရွှေည၀ါဆရာတော်ကြီးမိန့်ကြားခဲ့တယ်ဆိုတာ အားလုံးသိနေလို့ပါပဲ။

ကျွန်တော်တို့မြန်မာနိုင်ငံဟာ ရွှေရောင်ဘုရားတွေတ၀င်းဝင်းနဲ့ ထုံးဖြူဘုရားတွေတဖွေးဖွေးနဲ့ ဗုဒ္ဓ

ဘာသာကိုအထွဋ်အမြတ်ထားကိုးကွယ်တဲ့နိုင်ငံတစ်နိုင်ငံဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ဘုရားရဲ့သား တော်၊ သံဃာတော်တွေကိုလည်း အလေးအမြတ်ထားကိုးကွယ်ဆည်းကပ်ပူဇော်ကြတာ

အံ့သြဘနန်းပါပဲ။

အဲဒီလို ဗုဒ္ဓဘာသာဝင်တွေရဲ့ ဖြူစင်တဲ့စိတ်ရင်းစေတနာတွေကို ခုတုံးလုပ်အသုံးချ

သင်္ကန်းဝတ်ပြီးလုပ်စား နေတဲ့လူတွေ အများကြီးပဲ။

ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်ဆိုတာ အအေးချမ်းဆုံးပါ။

ဒါပေမယ့်လည်း ရွှေည၀ါဆရာတော်လို၊ ဒယ်အိုးဆရာတော်လို၊

တရားဟောရင် ဒေါသတွေထွက်၊ လောဘတွေတက်နေတော့ သံဃာရိပ်ကို

ပူလောင်အောင်လုပ်သလိုဖြစ်နေပါတယ်။

တရားဓမ္မအပြင် ကျန်တဲ့ကိစ္စတွေကိုပါလုပ်ချင်ရင် လူထွက်ပြီးလုပ်လို့ရပါတယ်။အနေချောင်အောင်

သင်္ကန်းဝတ်နဲ့လုပ်နေတော့ သာသနာကြီးညှိနွမ်းသွားမှာပေါ့။ ကိုယ့်ရဲ့အပြောအဟောကြောင့် ကိုယ့်ဘက်

ပါလာကြမယ့် ရဟန်းရှင်လူပြည်သူတွေဟာအနည်းစုပါ။ တရားဓမ္မနဲ့ မအပ်စပ်လို့ ဝေးဝေးကရှောင်နေတဲ့

ရဟန်းရှင်လူပြည်သူတွေကအများစုပါ။ ရေတွက်လို့တောင်မရနိုင်ပါဘူး။ ဒါ့အပြင် မသင့်တော်လို့ ပြောဆို

ဆုံးမတဲ့ ဆရာတော်ကြီးတွေလည်းရှိတယ်။ ဒါတွေကိုဘာလို့ပြောနေလည်းဆိုတော့ကိုယ့်ရဲ့လုပ်ရပ်ကြောင့်
 
သံဃာတွေသင်းကွဲမှာကို သိလျက်နဲ့လုပ်နေလို့ ရပ်တန်းကရပ်ဖို့ မေတ္တာရပ်ခံတာပါ။

ဘာသာရေးထက် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကို စိတ်ဝင်စားနေရင် သင်္ကန်းချွတ်ပြီး ဘုန်းကြီး

လူထွက်ပဲလုပ်လိုက်ပါလို့ အကြံပေးပါရစေ။ သင်္ကန်းချွတ်လိုက်ရင် ငါ့ခေါင်းကိုရိုက်ခွဲခံရမှာပဲလို့တော့

တစ်ထစ်ချမယူဆပါနဲ့။ ဂမ္ဘီရက သူ့ကိုကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိတဲ့ မိန်းကလေးကိုသွားတောင်းလို့

အရိုက်ခံရတာပါ။ ဆရာတော်ဘုရားတို့က ကိုယ့်ကို ကြိုက်တယ်/ မကြိုက်ဘူး၊ လက်ခံတယ်/ လက်မခံဘူး

ဆိုတာကို စဉ်းစားတတ်တဲ့ ဦးနှောက်တွေရှိတော့ အရိုက်မခံရဘူးဆိုတာသေချာပါတယ်။ ဒါပေမယ့်

ဆရာတော်တို့အနေနဲ့ သင်္ကန်းဝတ်နဲ့ သင့်တော်၏၊ မသင့်တော်၏ကိုတော့ အလေးအနက်ထား

စဉ်းစားဆုံး ဖြတ်စေချင်ပါတယ်။ နိုင်ငံရေးဆက်လုပ်နေရင်လဲ သင်္ကန်းဝတ်ဖြင့် နေသင့်/မနေသင့်၊

စဉ်းစားဆုံးဖြတ်ဖို့/ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ဖို့လိုပါတယ်။

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ကလည်း သံဃာတော်အတွင်း သန့်ရှင်းစင်ကြယ်ခြင်းကို

လိုလားနေကြပါတယ်။

သာသနာတော်ကြီး ညှိုးနွမ်းမှုမရှိစေရေးမှာ ဗုဒ္ဓဘာသာဝင်အားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်။

သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ပါစေသော်ဝ်။

Myanmar Express

0 comments:

Post a Comment

LIKE BOX