Wednesday, April 25, 2012
သံဃာတွေနိုင်ငံရေးလုပ်မယ်ကြံရင် (ပေးစာ - ၁၃၄)
Posted by မျိုးချစ်သူရဲကောင်းများ On 2:37 PM 0 comments
From : သူကြီးဘစီ
ကြားရတာ စိတ်မကောင်းစရာပါပဲဗျာ။
အရင်တလောက ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးဂမ္ဘီရတပါး လူဝတ်လဲသွားကြောင်း
 ကြားသိလိုက်ရပါတယ်။
၂၀၀၇ ရွှေဝါရောင်အရေးအခင်းကြောင့် တိုင်းပြည်ရဲ့ အနာဂတ်အရေးတချို့ ပြောင်းလဲသွားသလိုပဲ
 နယ်စပ်မှာလိမ်ညာစားသောက်နေတဲ့ ဒီမို အုပ်စုတွေလဲ ချမ်းသာ သူတွေချမ်းသားသွားကြလေရဲ့ ဗျာ။
၂၀၀၇ ရွှေဝါရောင်အရေးအခင်းလဲပြီးရော အဖမ်းခံရတဲ့သံဃာတွေရော ပျောက်သွားတဲ့ သံဃာတွေရော၊
 နယ်စပ်ရောက်ပြီး ၀ရမ်းပြေးဖြစ်သွားတဲ့ သံဃာတွေရော မနည်းပါဘူး။
သံဃာတချို့ နယ်စပ်ကိုပြေးလာပြီဆိုတာနဲ့  မဲဆောက်အခြေဆိုက် လုပ်စားဒီမိုအဖွဲ့ တွေက သံဃာတွေကို
 ကြိုတင်ပြစား အသုံးချဖို့ အဆောက်အဦတွေတောင်ငှားထားကြပါတယ်။
ပြီးတော့မှ နိုင်ငံတကာရောက်နေတဲ့ အဖွဲ့ အစည်းတွေဆီကရော ပြည်ပနိုင်ငံအသီးသီးက
 မြန်မာပြည်သားတွေဆီကရော အလှူခံပြီး ရသမျှပိုက်ဆံတွေကို အိတ်ထဲထည့်ပြီး ညတိုင်း
 ဘီယာအကောင်းစား အရက်အကောင်းစားနဲ့ ပွဲတော်တည်ကြတော့တာပါပဲ။ သံဃာတွေကတော့
 ငတ်တလှည့် ပြတ်တလှည့်နဲ့ နယ်စပ်မှာ ဒုက္ခရောက်လိုက်ကြတာ မပြောပါနဲ့ တော့။
 အမေရိကန်စတဲ့တတိယနိုင်ငံတွေရောက်ပြန်တော့လဲ နေစရာကျောင်းမရှိပြန်။ ဒီကြားတဲ့ ဒီမို ဒကာတွေနဲ
 ဒီကို သိတဲ့ ပြည်ပရောက်ဝရမ်းပြေးထိပ်ခေါင်ကြီင်္းများဖြစ်ကြတဲ့ ပီနန်ဆရာတော်၊ အင်္ဂလန်ကဦးဥတ္တရ၊
 ထိုင်းနယ်စပ်ကနေဒုက္ခသည်အဖြစ်နဲ့  အမေရိကန်ရောက်နေတဲ့ ဦးခေမာစာရ၊ဦးပညာနန္ဒတို့ က
 သံဃာ့ဥသျှောင်အဖွဲ့ ဆို ပြီး ရသမျှအလှူခံတော့တာပါပဲ။ အဲဒီပိုက်ဆံတွေကို
 ခုထိဘယ်မှာသုံးတယ်ဆိုတာလဲ စာရင်းအပြနိုင်ပါဘူး။ ၀ိနည်းအရကြည့်ရင် အဲဒီဆရာတော်တွေ
 ကိုယ့်သီလကိုမှကိုယ်ပြန်ဆင်ဖြင်မိရဲ့ လားဆိုတာ စဉ်းစားစရာပါပဲ။
အဲဒီအချိန်မှာ နယ်စပ်ရောက်လာပြီး သီတင်းသုံးခဲ့ဖူးတဲ့ သံဃာအချို့ ကိုမေးကြည့်တော့ သူတို့ ရတာ တပါး
 ဒေါ်လာတစ်ရတော့ အကူအညီရဖူးပါသတဲ့။ နောက်ပိုင်းဘာမှမလာတော့ပါဘူးတဲ့။
 သေချာစုံစမ်းကြည့်တော့ ထွက်ပြေးလာတဲ့သံဃာတွေက ဒုက္ခမရောက်တော့ပါဘူးတဲ့။
 ပြည်တွင်းမှာထောင်ကျနေတ့ သံဃာတွေနဲ့  ဒုက္ခရောက်နေတဲ့ သံဃာတွေကပိုအရေးကြီးတယ်ဆိုပြီး
 မိုးသီးဇွန်နဲ့ ပီနန်ဆရာတော်ပေါင်းပြီး ပိုက်ဆံတွေဘုန်းပစ်တယ်လို့ သတင်းထွက်လာတော့တာပါပဲ။
မယုံရင်ဒီကိစ္စကို နယ်စပ်ဖြတ်လာခဲ့တဲ့ ရွှေဝါရောင်နဲ့ ပက်သက်ခဲ့သူတွေအားလုံးသိကြပါတယ်။ ခုထိလဲ
 အဲဒီအလှူငွေတွေကို ဘယ်မှသုံးပစ်ကြတယ်ဆိုတာလဲ စာရင်းမပြနိုင်ပါဘူး။
အဓိကအမြတ်ထွက်သွားတာက ပီနန်ဆရာတော်ပါပဲ။ ကျောင်းကြီးတလုံး ကို
 မလေးမှာအဲပြီးသက်ဆောက်နိုင်လိုက်တယ်။ မီုးသီးကလဲ ထိုင်းနဲ့ အမေရိကန်ကို
 အခေါက်၂၀လောက်စားရိတ်ငြိမ်း သွားလာပြီး ထိုင်းမှာ ဖာလိုက်နိုင်တယ်။ ဂျပန်ကိုတောင်
 ထိုင်းဖာကမကောင်းလို့  ဂျပန်မလေးတွေဆီရောက်လာပါသေးတယ်ဆိုပဲ။ ခုလဲအမေရိကန်မှာ
 ဘာအလုပ်မှမလုပ်ပဲ စားနိုင်သောက်နိုင်တာပဲ စဉ်းစားကြည့်တော့ပေါ့။ အင်္ဂလန်ဦးဥတ္တရလဲ
 ဘဲငယ်ငယ်လေးတွေကို မွေးစားနိုင်ခဲ့ပါတယ်။ (ဒါက သူ့ ဝါသနာနဲ့ သူပေါ့။)
ရှိစေတော့ ဒါကသူ့ တို့ လည်တို့ သူတို့ မကြောက်လို့  သံဃာကိုလှူထားတဲ့ သံဃိကပစ္စည်းကို
 အလွဲသုံးစားလုပ်ရဲတာ။
သူတို့ အပြော ပြည်တွင်းကိုထောက်ပံ့ရတယ်ဆိုလို ဦးဂမ္ဘီရကို ထောက်ကထွက်ခါစမှာ အဆက်အသွယ်ရလို
 ကောင်းကြရောဗျာ။ တကယ်တော့ သံဃာတွေဟာ နိုင်ငံရေးသမားတွေရဲ့ အသုံးချမှုကို
 ကောင်းကောင်းခံလိုက်ရတာပါ။ အရမ်းဝမ်းနည်းစရာကောင်းတဲ့အဖြစ်ပါ။ မြန်မာပြည်ကောင်းစားရင်တောင်
 (လူလိမ်တွေအပြော ဒီမိုကရေစီရရင်တောင်)သံဃာဆိုတာ ရပ်ကွက်လူကြီးတောင်
 ဖြစ်ခွင့်ရကြမှာမဟုတ်ပါဘူး။
တကယ့် ကိုယ်ကျိုးစွန့် ပြီး ဘာမှမျှော်လင့်ချက်မရှိပဲ သတ္တိရှိရှိ စစ်အစိုးရကို တော်လှန်ခဲ့ကြတာ
 အင်မတန်ချီးကျူးစရာကောင်းပါတယ်။
ခုတော့လဲ ဦးဆောင်ဆရာတော်ပါ လူဝတ်လဲရတော့တဲ့အနေအထားရောက်သွားရပါ့ပေါ့။
နောက်နိုင်ငံအရေးစိတ်ဝင်စားတဲ့သံဃာတွေအတွက်ဗဟုသုတ သင်္ခန်းစာယူစရာပေါ့။
လုပ်မယ်ကြံရင် ဒီလို စားပါးကြီးတွေ ပြည်ပမှာ ဘုန်းကြီးရော လူတွေပါ အများကြီးရှိနေပါလား။ ဒို့ ကို
 အသုံးချဖို့  အသင့်စောင့်နေပါလားဆိုတာ အခုလိုခေတ်မီတိုးတက်နေတဲ့ အင်တာနက်ခေတ်ကြီးမှာ
 နဲနဲပါးပါးလက်လှမ်းမီသလောက် တီးခေါက်ကြည့်နိုင်ကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျာ။
0 comments:
Post a Comment
LIKE BOX