Sunday, April 22, 2012

ဒို. သ မၼ တ ၾကီၤး က အ ပြော မ ဟုတ် ဘူး နော် ...လက် တွေ. လုပ် ပြ တာ....

Posted by မျိုးချစ်သူရဲကောင်းများ On 1:33 AM 0 comments

ဒါတွေက တိုင်းပြည်နဲ့ လူမျိုး အကျိုးကို လေလေးနဲ့ အပြောမဟုတ် လက်တွေ့ အမှန်တကယ်

 ဆောင်ရွက်နေကြတဲ့ စကားလုံးလေးတွေက စပြီး လိုက်ကတ်သတ် မနေပဲ... အားလုံး တက်ညီ လက်ညီနဲ့

 ပူးပေါင်း ဆောင်ရွက်နေကြသော အခု လက်ရှိ အစိုးရ အဖွဲ့ရဲ့ ကြိုးစားမှု ရလဒ်တွေနဲ့ အောင်မြင်မှုတွေပဲ

 ဖြစ်ပါတယ်... အပြောလေးနဲ့ လူအများအကြိုက် လူထုအတွက်ပါ ဆိုပြီး လုပ်မနေကြပဲ... အမှန်တကယ်

 တိုင်းပြည်အကျိုး လူထုအကျိုးကို ဆောင်ရွက် နိုင်ကြပါစေ...


ဂျပန်ကြွေးမြီလျှော်ပစ်ကြောင်း တရားဝင်ကြေညာ

မြန်မာအစိုးရ အဆက်ဆက် ဂျပန်နိုင်ငံထံက ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယန် ၃၀၀၊

 အမေရိကန် ဒေါ်လာနဲ့ဆိုရင် သန်းပေါင်း သုံးထောင့် ခုနှစ်ရာကို လျှော်ပစ်လိုက်ပြီလို့ ဂျပန်အစိုးရက

 ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဂျပန်နိုင်ငံကို သမ္မတ ဦးသိန်းစိန် ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါး (Yoshihiko Noda) နဲ့

 ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက် ပူးတွဲ သတင်းစာရှင်းပွဲမှာ အခုလို ကြေညာ လိုက်တာပါ။ ဒီမိုကရေစီရေး

 ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ လိုကြောင်းလည်း ဂျပန်ဝန်ကြီးချုပ် က

 ပြောသွားပါတယ်။

အရင်က ရပ်ဆိုင်းထားတဲ့ ဂျပန်အစိုးရရဲ့ နိုင်ငံရပ်ခြားအကူအညီ အိုဒီအေ ပြန်ပေးနိုင်ဖို့ အတွက်

 ပြင်ဆင်နေပြီလို့လည်း ပြောပါတယ်။

အခုလို ကြွေးမြီတွေ လျှော်လိုက်တဲ့အတွက် မြန်မာအစိုးရ အနေနဲ့ ဂျပန်နိုင်ငံထံက နှစ်ပေါင်း ၂၅

 နှစ်အကြာမှာ ပထမဆုံးအကြိမ် အဖြစ် ချေးငွေတွေ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

LIKE BOX