Saturday, April 28, 2012

မြန်မာလူငယ် နိုင်ငံ့ဝန်ထမ်းများအား ဂျပန်မှ ပညာတော်သင်အဖြစ် ခေါ်ယူမည်

Posted by မျိုးချစ်သူရဲကောင်းများ On 9:17 PM 0 comments


From : ခေတ်လူငယ်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအား ကူညီသည့်အနေဖြင့်


ဂျပန်အစိုးရမှ မြန်မာလူငယ် နိုင်ငံ့ဝန်ထမ်းများအား ဂျပန်နိုင်ငံတွင် ပညာသင်နိုင်ရေး ယမ်းငွေသန်း

၂၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း ယူမီယူရီရှင်ဘွန်း သတင်းစာ၌ ဖော်ပြထားသည်။ ဧပြီ ၂၀

ရက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုကျိုမြို့သို့ ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါနှင့် တွေ့ဆုံစဉ်

တရားဝင် ကြေညာခဲ့သည်။ မြန်မာလူငယ် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဂျပန်တက္ကသိုလ်များတွင်

ဥပဒေအုပ်ချုပ်ပုံ နည်းစနစ်၊ မူဝါဒချမှတ်ပုံ၊ ဘဏ္ဍာရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးကဏ္ဍများတွင်

ဖွံ့ဖြိုးတိုးတက်ရန် လေ့လာဆည်းပူးနိုင်ကြရန် ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရအနေဖြင့်

ဒီမိုကရေစီ ပြောင်းလဲရေး၊ စီးပွားရေးအခြေခံများ ဖော်ဆောင်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးများ

စတင်ဆောင်ရွက်နေသော်လည်း အဆိုပါ လုပ်ငန်းများတွင် ကျွမ်းကျင်သူ ရှားပါးနေကြောင်း

ယူမီယူရီရှင်ဘွန်း သတင်းစာ၌ ရေးသားထားကြောင်း သိရှိရသည်။

0 comments:

Post a Comment

LIKE BOX