Tuesday, April 24, 2012
သတင်းမှားဖော်ပြခဲ့တဲ့ ကျိုဒိုသတင်းဌာန အကြီးအကဲအား သမ္မတဦးသိန်းစိန်ခေါ်ယူတွေ့ဆုံ
Posted by မျိုးချစ်သူရဲကောင်းများ On 3:53 PM 0 comments
From : ပုရစ်
သတင်းမှား ဖော်ပြခဲ့တဲ့ ကျိုဒိုသတင်းဌာန အကြီးအကဲကို သမ္မတဦးသိန်းစိန် ကိုယ်တိုင်တွေ့ဆုံပြီး
 အမှားထောက်ပြခဲ့ကြောင်း သိရပါတယ်။
သမ္မတဦးသိန်းစိန်က ကတိသစ္စာဆိုရမယ့် စာသားကို မပြင်ပေးဘူးလို့ ပြောလိုက်ပါတယ် ဆိုပြီး
သတင်းမှား ရေးသား ဖော်ပြခဲ့တဲ့ ကျိုဒို သတင်းဌာနရဲ့ အကြီးအကဲ Mr. Ishikawa Satoshi နဲ့
 တွေ့ဆုံစဉ်မှာ သမ္မတဦးသိန်းစိန်က အဲဒီအမှားကို သေသေချာချာ ထောက်ပြပြီး ဒီအမှားအယွင်းဟာ
 ယုံကြည်မှုတစ်ခု တည်ဆောက်ထားတဲ့ သူ(သမ္မတဦးသိန်းစိန်) နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား
 နားလည်မှုကို လွဲမှားစေနိုင်တယ်လို့ ပြောလိုက်ပါတယ်။ ကျိုဒိုသတင်းဌာန အကြီးအကဲဟာ ဒီသတင်းမှားကို
 သမ္မတရှေ့မှာပဲ ထိုင်ဖတ်နေတာကို ဓာတ်ပုံတွေထဲမှာ မြင်တွေ့နိုင်ပါတယ်။ မကြာခင်အချိန်အတွင်းမှာ
 ဒီသတင်းမှားကို ပြင်ဆင်ပါမယ်လို့ ကတိပေးသွားပါတယ်။
လတ်တလော လူပြောများနေတဲ့ NLD ကိုယ်စားလှယ်များ လွှတ်တော် မတက်ဖြစ်သေးတဲ့
 အကြောင်းအရာလည်း ပါပါတယ်။ အဲဒီမေးခွန်း၊ အဖြေ အသံဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။
 မေးခွန်း - ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ၀င်ရောက်ဖို့က တချို့သောကိစ္စတွေကြောင့်
ဒေါ်အောင်ဆန်းစုကြည် ဘယ်အချိန်မှာ လက်တွေ့ကျကျ လွှတ်တော်ထဲ ၀င်လာနိုင်မလဲ၊
 လွှတ်တော်အစည်းအဝေး တက်နိုင်မလဲ။
ဦးသိန်းစိန် အဖြေ "ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ၀င်မလာတာဟာ သူ့ရဲ့ သဘောဆန္ဒပဲ
 ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်"(Irrawaddy)
(ကတိသစ္စာပြုချက်တွင်ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု နိုင်ငံတော်သမ္မတ
 ဦးသိန်းစိန်က သတင်းထောက်များသို့မပြောခဲ့ကြောင်း သမ္မတခရီးစဉ်နှင့်အတူလိုက်ပါသွားသော
 တာဝန်ရှိသူတစ်ဦးကပြောသည်။ 7days news)
0 comments:
Post a Comment
LIKE BOX