Wednesday, April 25, 2012

ယခုနှစ် သဘာဝဓါတ်ငွေ့ ပြည်ပတင်ပို့မှုမှရငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၆၃ ဘီလျံထိ မြင့်တက်

Posted by မျိုးချစ်သူရဲကောင်းများ On 11:32 AM 0 comments

From : ခေတ်လူငယ်


၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရငွေမှာ

 အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၆၃ ဘီလျံကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရာ၌ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင်

 အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၂ ဘီလျံကျော်ပမာဏ ရရှိပြီး အများဆုံးရရှိခဲ့သည့်နှစ် ဖြစ်ခဲ့ကြောင်း

 စာရင်းများအရ သိရသည်။ ယခုနှစ်တွင်မူ အဆိုပါပမာဏကို ကျော်လွန်ကာ အမေရိကန်ဒေါ်လာ ၃ ဒသမ

 ၅၆၃ ဘီလျံကျော်ထိ ရရှိပြီး အများဆုံးရရှိသည့်နှစ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်

 သဘာဝဓာတ်ငွေ့ ပြည်ပသို့ တင်ပို့ရာတွင် လက်ရှိ၌ ရဲတံခွန်နှင့် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းနှစ်ခုမှ

 ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကိုသာ ပြည်ပတင်ပို့ခြင်း ဖြစ်ပြီး ရွှေနှင့် ဇောတိက စီမံကိန်းများမှာ

 ၂၀၁၃ ခုနှစ်မှသာ အစောဆုံး ထုတ်ယူ တင်ပို့နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

 မြန်မာနိုင်ငံ၏ မည်သည့်သဘာဝဓာတ်ငွေ့စီမံကိန်းမှမဆို မြှုပ်နှံထားသည့် နိုင်ငံခြားကုမ္ပဏီများဖြင့်

 ရောင်းချမှုနှင့် ပတ်သက်သည့် အချိုး ခွဲဝေရာတွင် မြန်မာနိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း

 (MOGE) အနေဖြင့် ရောင်းချခွင့် ရာခိုင်နှုန်းမှာ ၁၅ ရာခိုင်နှုန်းသာ အများစုရရှိပြီး ရဲတံခွန်စီမံကိန်း

 တစ်ခုတွင်သာ ၂၀ ဒသမ ၄၅ ရာခိုင်နှုန်း ရောင်းချခွင့် ခွဲဝေထားသည်။ နိုင်ငံခြားကုမ္ပဏီများမှမူ

 ရဲတံခွန်စီမံကိန်း တစ်ခုတည်းတွင်သာ ၈၀ ရာခိုင်နှုန်းဝန်းကျင် ရရှိခြင်းဖြစ်ပြီး ကျန်စီမံကိန်းများအားလုံးတွင်

 ၈၅ ရာခိုင်နှုန်းအထိ ရောင်းချခွင့်ရရှိထားသည်။ ထို့အတွက် မြန်မာနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့

 တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ဘီလျံဖြင့်ချီကာ ရရှိသည်ဟု ဆိုသော်လည်း နိုင်ငံအနေဖြင့် အဆိုပါ

 ပမာဏအတိုင်း ရရှိခြင်း မဟုတ်ဘဲ ခွဲဝေထားသည့် ရာခိုင်နှုန်း အနည်းငယ်အတိုင်းပင်

 ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွက် လိုအပ်၍ အဆို ပါစီမံကိန်းများမှ သွယ်ယူကာ ပြည်တွင်း

 လျှပ်စစ်မီးကဏ္ဍ၌ အသုံးပြုမည်ဆိုပါကလည်း အသုံးပြုသည့် ဌာနအနေဖြင့် မြန်မာ့ရေနံနှင့်

 သဘာဝဓာတ်ငွေ့လုပ်ငန်းအား သဘာဝဓာတ်ငွေ့အတွက် ကျသင့်ငွေအား ပေးချေရကြောင်းလည်း

 သိရှိရသည်။

0 comments:

Post a Comment

LIKE BOX