Monday, April 23, 2012

SSA (၀မ်ဟိုင်း)မှ အခွန်ကောက်ခံခြင်းအပေါ်KIA မကျေနပ်

Posted by မျိုးချစ်သူရဲကောင်းများ On 9:01 PM 0 comments

ကချင်ပြည်နယ်KIA နယ်မြေအတွင်းမှ သျှမ်းလူမျိုးများ နေထိုင်တဲ့ ကျေးရွာများမှာ SSA ၀မ်ဟိုင်းအဖွဲ့မှ

အခွန်အခများ ၀င်ရောက်ကောက်ခံနေတဲ့အတွက် ဒေသခံ ရွာသားများကို အခွန်မပေးဆောင်ရန် KIA မှ

တားမြစ်လျက်ရှိပါတယ်။ ဧပြီလ ၁၅ ရက်နေ့က ကချင်ပြည်နယ် နောင်မွန်ရွာမှ တရုတ်နိုင်ငံဘက် သို့

မီးသွေးနဲ့ အထည်အလိပ်များ ပို့ဆောင်နေတဲ့ ဆိုင်ကယ် ကယ်ရီများကို SSA အဖွဲ့မှ

အခွန်ကောက်ခံခဲ့ပါတယ်။ အခွန်ကောက်ခံသည့်ရွာမှာ KIA နယ်မြေဖြစ်ပြီး SSA မှ

အခွန်ကောက်ခံနေခြင်းကို KIA အဖွဲ့မှတားမြစ်ခဲ့တဲ့အတွက် နှစ်ဖက်ပြဿနာဖြစ်ပွားခဲ့ပါတယ်။ နောက်ထပ်

လာရောက် အခွန်ကောက်ခံပါက မပေးဆောင်ရန်နှင့် ပေးဆောင်သူများအား ကချင်ပြည်နယ်

အတွင်းမှ နေထိုင်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း KIA အဖွဲ့မှ နောင်မွန်ရွာမှာနေတဲ့ သျှမ်းလူမျိုးများကို

ကြိမ်းမောင်း ပြောဆိုခဲ့ပါတယ်။

SSA အဖွဲ့နှင့် KIA တို့ဟာ ပြည်ပအဆက်အသွယ် စစ်သင်တန်းကိစ္စများမှာ ပူးပေါင်းလုပ်ကိုင် အပြန်အလှန်

ကူညီဆောင်ရွက်ခဲ့ကြတဲ့ အဖွဲ့နှစ်ဖွဲ့ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ KIA တပ်ဖွဲ့အတွင်းမှာရှိတဲ့

သျှမ်းလူမျိုးများနှင့် ကချင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ သျှမ်းလူမျိုးများကို မတရားဖိနှိပ်ကာ

အနိုင်ကျင့်မှုများ ပြုလုပ်လာသည့်အပြင် KIA မှ သွေးကွဲစကားပြောလာတဲ့အတွက် SSA ၀မ်ဟိုင်းမှ KIA

အဖွဲ့အား မကျေနပ်မနပ်ဖြစ်နေပါတယ်။

KIA အဖွဲ့အတွင်းတွင် လူမျိုးရေးခွဲခြားမှုများရှိနေပြီး အထူးသဖြင့် KIA အတွင်းမှ သျှမ်းလူမျိုးများကို

မတရားဖိနှိပ်ပြီး ခွဲခြားဆက်ဆံကြပါတယ် နောက်ပိုင်းမှာ ကချင်ပြည်နယ်မှာရှိတဲ့ သျှမ်းလူမျိုးများကို

လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ သတ်ဖြတ်ခြင်းများကို ပိုပြီးလုပ်လာခဲ့ပါတယ်။ KIA အဖွဲ့မှ အတင်း

အကြပ်စုဆောင်းခံရတဲ့ သျှမ်းမျိုးနွယ် KIA ရဲဘော်များကို ပြန်လည်ဖမ်းမိပါကသတ်ပစ်ဖို့အထိ

အမိန့်ထုတ်ထား ပါတယ်။ အလင်းဝင်ရောက်သွားသူ အများစုအတွင်းမှာလည်း သျှမ်းလူမျိုးအများစု

ပါဝင်နေတဲ့အတွက် တပ်ဖွဲ့အတွင်းမှာကျန်နေတဲ့ သျှမ်းမျိုးနွယ်များကို အထူးသတိထားစောင့်ကြည့်ရန်

အမိန့်ပေးထားပါတယ်။

သျှမ်းမျိုးနွယ်များ KIA မှ အတင်းအကြပ်အင်အားဖြည့်တင်းနေတာကို SSA မှ စာဖြင့်ပေးပို့

အကြောင်းထားရှိပေမဲ့လည်း KIA ဘက်မှ အကြောင်းပြန်ကြားဖြေရှင်းထားခြင်းမရှိပါဘူး။ KIA

နယ်မြေအတွင်း သျှမ်းရွာမှာ အခွန်ကောက်ယူခြင်းနဲ့ ပက်သက်ပြီး KIA မှ

တားမြစ်ပိတ်ပင်လိုက်သည့်အပေါ်မှာ SSA အဖွဲ့မှ KIA အဖွဲ့အား

တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

KIA မှ သျှမ်းတပ်ရင်းဖွင့်ရန် ပြင်ဆင်နေတဲ့အတွက် သျှမ်းလူမျိုးများကို အတင်းအဓ္ဓမ

မတရားစုဆောင်းနေပါတယ်။ မတရားစုဆောင်းခံရသည့်အတွက်ကြောင့် KIA မှ

ထွက်ပြေးလာသူများမှာလည်း များပြားလာပါတယ်။ တာလောကြီး ဒက္ခိဏာရာမကျောင်းမှ

သျှမ်းလူမျိုးကျောင်းထိုင်ဆရာတော်အား သျှမ်းလူမျိုးများကို အကူအညီပေးသည်ဟု အကြေားပြစွပ်စွဲပြီး

သတ်ဖြတ်ပစ်ခဲ့ပါတယ်။ တာလောကြီးရွာသူ လေးဦးကိုလည်း ဖမ်းခေါ်သွားပြီး မတရားနှိပ်စက်

မုဒိမ်းကျင့်ခဲ့ကြတဲ့အတွက် ကချင်ပြည်နယ်အတွင်းက သျှမ်းအမျိုးသမီးများမှာ ကြောက်လန့်နေကြရပါတယ်။

KIA မှ သျှမ်းလူမျိုးများအပေါ် လူမျိုးရေးခွဲခြားဆက်ဆံမှုများ၊ မတရားဖိနှိပ်အနိုင်ကျင့်မှုများ၊

နယ်မြေသတ်မှတ်ချက်များကြောင့် SSA နှင့် KIA ဆက်ဆံရေးမှာ တင်းမာလာနိုင်ပြီး

တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ် ပွားလာမှာကို တိုင်းရင်းသားအရေး၊ နိုင်ငံအရေးလေ့လာသူများက

စိုးရိမ်လျက်ရှိပါတယ်။

0 comments:

Post a Comment

LIKE BOX