Thursday, April 26, 2012

ဒေါသ၊ လောဘ၊ ဣသာမိစ္ဆရိယစိတ်တွေလွမ်းမိုးတဲ့ ရွှေည၀ါ ဆရာတော်ရဲ့ ရင်ဖွင့်သံတရားပွဲ

Posted by မျိုးချစ်သူရဲကောင်းများ On 8:08 AM 0 comments

၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က မှော်ဘီ၊ သစ်တောရိုးရွာ၊

သဲအင်းဂူလမ်းရှိ ရွှေည၀ါဆရာတော်ကျောင်းတွင် ၈၈ ကျောင်းသားဟောင်းများနှင့်

၎င်းတို့မိသားစုများအပါအ၀င် ရဟန်း ၂၄ ပါးနှင့် သာမဏေ ၂ ပါးတို့ ရဟန်းခံရှင်ပြု ရေစက်ချတရားပွဲ

ကျင်းပခဲ့ပြီး ဧည့်ပရိတ်သတ်များအား မှော်ဘီမြို့နယ် သွေးလှူရေး အသင်းမှ စားစရာများ

ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ရေစက်ချပွဲတွင် ရွှေည၀ါဆရာတော်မှ တရားဟောခဲ့ပြီး တရားပွဲတွင်

လက်ရှိအစိုးရနှင့် သံဃာ့နာယက ဆရာတော်များအား ပုတ်ခတ်ခြင်း၊ ဘွဲ့တံဆိပ်တော် ဆပ်ကပ်ခံရသော

ရဟန်းတော်များအား ပုတ်ခတ်ခြင်းနှင့် ၈၈ ကျောင်းသားဟောင်းများအဖွဲ့အား

ဆရာတော်မှ ခေါင်းဆောင်မှာဖြစ်တယ်လို့ ဟောပြောခဲ့ပါတယ်။

ဆရာတော်မှ မိမိသည် NLD ပါတီဝင်များ၊ ၈၈ ကျောင်းသားများနှင့် ဗကသ ကျောင်းသားဟောင်းများနှင့်

တူညီနေလို့ ပေါင်းလို့ရကြောင်းပြောကြားခဲ့ပါတယ်။ NLD ပါတီ၊ ၈၈ ကျောင်းသားများနှင့်

ဗသက ကျောင်းသားများမှာ နိုင်ငံရေးသမားများဖြစ်သဖြင့် ဆရာတော်ပြောစကားမှာ

ဆရာတော်သည်လည်း နိုင်ငံရေးသမားဖြစ်တယ်လို့ ဆိုလို ကြောင်း အတွေးပေါက်မိပါတယ်။

မိမိနှစ်သက်တာကို ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေး

ချိုးဖောက်ရာ ရောက်ကြောင်း ပြောကြားခဲ့ရာတွင်လည်း ဆရာတော်နှစ်သက်သည်မှာ ပရိယတ္တိ၊ ပရိပတ္တိ

လုပ်ငန်းများ မဟုတ်ပဲ နိုင်ငံရေးကိုသာ စိတ်ဝင်စားနေတယ်လို့ ဒကာတစ်ယောက်အနေနဲ့ ထင်မြင်ခဲ့ပါတယ်။

 ဆရာတော် နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပြီး ပါတီထောင်ကာ လုပ်ဆောင်သင့်ပါတယ်။ ရဟန်းဝတ်နဲ့

ဒီလို နိုင်ငံရေးလုပ်ဆောင်နေရင် ဒကာ၊ ဒကာမတွေက ကြည်ညိုမှု လျော့နည်းသွားနိုင်ပြီး

အခြားဘာသာဝင်များက အထင်သေးသွားနိုင်ပါတယ်။

ဆရာတော်မှ မင်းဇေယျာ၊ ကိုကိုကြီးနှင့် ဂျင်မီတို့ ဘာလုပ်လုပ် မိမိပဲ့ကိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ

၈၈ ကျောင်းသားများအဖွဲ့တွင် ဆရာတော်မှ ဥက္ကဌ လုပ်လိုသော သဘောမျိုးကို တွေ့ရပါတယ်။

ဆရာတော်မှာ နိုင်ငံရေးကို ပိုစိတ်ဝင်စားနေပြီး တရားတော်များ ဆက်လက်ကျင့်ကြံလိုစိတ်မရှိပါက

သဒ္ဒါပေါက်၍ လှူဒါန်းသော အလှူရှင်များရဲ့ ဆွမ်းကို ဆက်လက်ဘုဉ်းပေးဖို့ မသင့်တော့ပါဘူး။

ဆွမ်းလှူတယ်ဆိုတာ ရွှေည၀ါ ဘုန်းကြီးကို လှူတာမဟုတ်ပါဘူး။ တရားဘာဝနာပွားများနေတဲ့

ဘုရားသားတော်ကို လှူဒါန်းတာပါ။ ဒါကိုဆရာတော်က နားလည်မှုလွဲပြီး တရားတော်နဲ့

မအပ်စပ်တဲ့ နိုင်ငံရေးတွေသာ ဆက်လုပ်နေမယ်ဆိုရင် ဘယ်သူမှ ကြည်ညိုမှာ မဟုတ်တဲ့ အပြင်

ဒယ်အိုးက စောင့်နေမှာဖြစ်ပါတယ်။

ဆရာတော်ကို တရားဟောခွင့် ပိတ်ခဲ့တာက တရားဟောလို့ မဟုတ်ပါဘူး။ ဘာသာရေးကို

ဘန်းပြပြီး နိုင်ငံရေးဆောင်ရွက်လို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားပွဲတွေကျင်းပပြီး လူတွေကို

အပယ်ဘုံကနေ ကယ်တင်နေတဲ့ ဆရာတော်များစွာရှိပါတယ်။ ဘယ်ဆရာတော်မှ တရားဟောလို့ တရားပွဲ

ပိတ်ပင်ခံရတယ်ဆိုတာ မကြားဘူးမိပါဘူး။ ဘာသာရေးခုတုံးလုပ်တဲ့ ဘုန်းကြီးတုတွေကိုပဲ သာသနာ

ညှိုးနွမ်းမှာစိုးရိမ်လို့ ပိတ်ပင် တားဆီးရခြင်းပဲ ဖြစ်ပါတယ်။

ဘုန်းကြီးများ ကားအကောင်းစားနှင့် ကျောင်းအကောင်းစားနဲ့ နေရတာ ဘုန်းကံကြောင့်ပဲ ဖြစ်ပါတယ်။

အစိုးရကို ဖားပြီး တရားဟောခဲ့တာ မရှိပါဘူး။ ၂၂၈ သွယ်သော သိက္ခာပုဒ်များကို လိုက်နာပြီး

သာသနာရောင်ဝါ ထွန်းလင်းအောင် ဆောင်ရွက်ခဲ့လို့ လူတွေက လှူဒါန်းခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးလုပ်မှ

လူထုက ကြည်ညိုတာ မဟုတ်ပါဘူး။ ဘွဲ့တံဆိပ်တွေ ဆပ်ကပ်တယ်ဆိုတာကလည်း ပရိယတ္တိ၊ ပရိပတ္တိ

လုပ်ငန်းတွေကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့လို့ နိုင်ငံတော်

သံဃာ့နာယကဆရာတော်ကြီးများက ရွေးချယ်ချီးမြှင့် ဆက်ကပ်ခဲ့တာဖြစ်ပါတယ်။ ဆရာတော်လို့ နိုင်ငံရေး

လုပ်နေရင်တော့ ဘာဘွဲ့မှ ရမှာ မဟုတ်ပါဘူး။ ဆရာတော်မှာ ဣသာမစ္ဆရိယစိတ်တွေ ပွားများပြီး

ပစ္စည်းမဲ့ ဒေါသတွေ ထွက်နေတာဖြစ်ပါတယ်။


ဝေသာလီပြည်မှာ ကပ်ဆိုက်တုန်းက မြတ်စွာဘုရားကိုယ်တိုင် မေတ္တာပို့ပြီး ကူညီပေးခဲ့တာက မွန်မြတ်တဲ့

အလုပ်ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းတိုက်ခဲ့တုန်းက သီတဂူဆရာတော်ကိုယ်တိုင်

သွားရောက်လှူဒါန်းခဲ့ပါတယ်။ သီတဂူဆရာတော် လှူဒါန်းလို့ အစိုးရက ဘာမှ မလုပ်ခဲ့ပါဘူး။

တရားပွဲမပိတ်ခဲ့သလို ကျောင်းကလည်း နှင်မချခဲ့ပါဘူး။ ကျော်သူတောင်သွားရောက်လှူဒါန်းခဲ့တာပဲ။

အစိုးရက ဘာမှ မပြောခဲ့ပါဘူး။ စနစ်တကျလှူဒါန်းနိုင်အောင် စီစဉ်ပေးခဲ့တာပါ။

ခုလိုဆရာတော်ပြောတဲ့ မန္တလေးက NLD ပါတီဆိုင်းဘုတ်တင်ပွဲမှာ ဟောခဲ့လို့

တရားဟောခွင့်ပိတ်ခဲ့တာက နိုင်ငံရေး တရားဟောပြောခဲ့လို့ပဲ ဖြစ်ပါတယ်။ ဆရာတော် ငါ့စကား နွားရ

စကားမျိုး မပြောသင့်ပါဘူး ။ ဆွမ်းခံကြွတာ အစိုးရက မတားမြစ်ပါဘူး။ ဒါကြောင့် ဘယ်ကိုယ်တော်မှ

မလိုက်ရဲစရာ မရှိပါဘူး။ မလိုက်ရဲဘူးဆိုရင်လည်း ဆွမ်းခံကြွရင်း နိုင်ငံရေးတရားတွေ ဟောနေရင်

သံဃာတော်ကို အကြည်ညိုလျော့ပါးမှာ စိုးလို့ မလိုက်တာပဲဖြစ်ပါတယ်။ ခုလိုသေခန်းပြတ်ပဲဆိုတာ

ရပ်ကွက်ထဲမှာ စိတ်ဆိုးဒေါသတကြီးပြောတဲ့ စကားတွေပါ။ ဒါကြောင့် သင်္ကန်းဝတ်ထားရင်

သင်္ကန်းနဲ့ လျော်ညီတာကိုပဲ လုပ်ဆောင်ပါ။ လူတွေလုပ်တဲ့ နိုင်ငံရေးတွေ မလုပ်ပါနဲ့။ လုပ်ချင်ရင် လူထွက်ပါ။

 သင်္ကန်းဝတ်နဲ့ ထေရ၀ါဒ သက်ကြီးဝါကြီး ဆရာတော်ကြီးများကို ပုတ်ခတ်စော်ကားနေတာ အပယ်ငရဲကျမှာ

 မကြောက်ဘူးလား။ ခင်ပွန်းကြီး ၁၀ ပါးကို ပြစ်မှားရင် ဘယ်လို အပြစ်တွေ ကျခံရမယ်ဆိုတာ

ဆရာတော် ပြန်လည်စဉ်းစား ဆင်ခြင်တော်မူပါဘုရား။

မောင်ကျောက်ခဲ

0 comments:

Post a Comment

LIKE BOX