Monday, May 28, 2012

ငြိမ်းချမ်းရေး နိုဘယ်ဆုရင် ဒေါ်အောင်ဆန်းစုကြည် မောင်နှမချင်း ငြိမ်းချမ်းမှု မရသေး

Posted by မျိုးချစ်သူရဲကောင်းများ On 3:32 PM 0 comments


ငြိမ်းချမ်းရေး နိုဘယ်ဆုရင် ဆိုတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒုတိယ ပင်လုံ တဖွဖွ ပြောဆိုနေသူ ဒေါ်အောင်ဆန်းစုကြည် ဟာ မောင်နှမချင်း ငြိမ်းချမ်းမှု မရသေး၊ ရင်ကြားစေ့လို့ မရနိုင်သေးဘူးဟု သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၅၄- ၅၆)ရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ ထုံးတမ်းဓလေ့ ဥပဒေအရ အမွေပုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ဒေါ်အောင် ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦး (အစ်ကိုဖြစ်သူ)က လျှောက်ထား တရားစွဲ ဆိုခဲ့မှုကို ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး၏ရုံးတွင် ယနေ့ နှစ်ဖက်အကျိုးဆောင် များက အပြီးသတ်လျှောက်လဲချက်များ ပေးကြသည်။
တရားလိုဦးအောင်ဆန်းဦး၏ အကျိုးဆောင် ဦးအေးလွင် (မိုးဟိန်းကျော်)နှင့် တရားပြိုင် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ဦးကြည်ဝင်းတို့ အပြီးသတ် လျှောက်လဲချက်ပေးပြီးနောက် ဦးကြည်ဝင်းက အမှုနှင့်ပတ်သက်၍ နောက်တိုးငြင်းချက် ထပ်မံတောင်းဆို သည်။

ယင်းသို့တောင်းဆိုခြင်းကို ဦးအေးလွင်က သက်သေများစစ်ဆေး ကာ လျှောက်လဲချက်ပေးပြီးဖြစ်၍ နောက် တိုးငြင်းချက် ထပ်မံ တောင်း ဆို ခြင်းကို ကန့်ကွက်သည်။

ယင်းသို့ နောက် တိုးငြင်း ချက် ထပ်မံတောင်း ဆိုသည့်ကိစ္စ နှင့်ပတ်သက်၍ နှစ်ဖက်အကျိုးဆောင်များ ကြားဖြတ်လျှောက် လဲချက် ပေးရန် အမှုကို တရားရုံးက မေလ ၂၅ ရက်နေ့ သို့ ချိန်းဆိုထားသည်။

အမွေ မှုဖြစ်ပွားခဲ့ပုံမှာ လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ်မှစတင်၍ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦးက တရားရုံးတွင် လျှောက်ထားတရားစွဲဆိုခဲ့သည်။

ထို့နောက် ၂၀၀၁ ခုနှစ်တွင် ဦးအောင် ဆန်းဦး၏ အကျိုးဆောင်ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်အပေါ် အမွေပုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ထပ်မံတရား စွဲဆိုခဲ့မှုဖြစ်ပြီး တရားမကြီးအမှတ်မှာ ၉၆၁ ဖြစ်သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိထားပြီး မောင်နှမှချင်း မငြိမ်းချမ်းနိုင်ဖြစ်နေမှု၊ မောင်နှမချင်း ရင်ကြားမစေ့နိုင်ပဲ အမွေလုနေမှု အတွက် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

LIKE BOX