Friday, June 1, 2012

ဆန္ဒပြသည့်ကိစ္စများတွင် ပါတီများပါဝင် ပတ်သက်နေမှုကို တွေ့ဆုံဆွေးနွေး

Posted by မျိုးချစ်သူရဲကောင်းများ On 2:55 PM 0 comments


From : ခေတ်လူငယ်

လတ်တလောဖြစ်ပွားနေသည့် လျှပ်စစ်မီးရရှိရေး လူထုဆန္ဒဖော်ထုတ်ပွဲများ၊ လုပ်ခလစာတိုးမြှင့်ရရှိရေး ဆန္ဒပြပွဲများတွင် နိုင်ငံရေးပါတီများ ပါဝင်ပတ်သက်နေမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီကြီး ငါးခုအား ယခုလ ၂၉ ရက်က နေပြည်တော်၌ ခေါ်ယူတွေ့ဆုံခဲ့သည်။ နိုင်ငံတော်၏ အချို့နေရာများတွင် လျှပ်စစ်မီး ပြတ်တောက်သည်ကို အကြောင်းပြုပြီး ဆန္ဒပြပွဲများ၊ စက်ရုံအလုပ်ရုံအချို့တွင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့်အတွက် ယင်းဆန္ဒပြမှုများတွင် နိုင်ငံရေးပါတီဝင်အချို့ ပူးပေါင်းပါဝင် ပတ်သက်ခြင်းများ ရှိနေကြောင်း သတင်းများ သိရှိရပါကြောင်း ပြောကြားပြီး ထိုတွေ့ဆုံပွဲတွင် ဖြစ်စဉ်များအပေါ် နိုင်ငံတော်၏ ပကတိအခြေအနေမှန်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ တာဝန်ရှိပုဂ္ဂိုလ်များက အသေးစိတ်ရှင်းလင်း ဆွေးနွေးသွားခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတို့ တက်ရောက်ခဲ့သည်။ “သတိပေးတဲ့သဘောမျိုး မဟုတ်ပါဘူး။ ညှိနှိုင်းတဲ့ သဘောပါ။ ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်အောင် ပြောတာပါ” ဟု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။ “ကော်မရှင်ဥက္ကဋ္ဌ ကတော့ အဓိက နှစ်ချက်ပြောသွားတယ်။ ပါတီတွေက အလုပ်သမားတွေကို ပြေလည်အောင်ဖျောင်းဖျဖို့နဲ့ ဝန်ကြီးဌာနကလည်း အလုပ်ရှင်တွေကို ပြေလည်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းဖို့ရယ်ပါ” ဟု ဦးစိုးဝင်းက ပြောသည်။ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ယခုကဲ့သို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တစ်ဆင့်နိုင်ငံရေးပါတီများအား တွေ့ဆုံခြင်းသည် အရေးယူခြင်းပြုလုပ်ရန် ဆန္ဒရှိ၍မဟုတ်ဘဲ မှန်ကန်သည့် အဖြေတစ်ခု ရရှိစေရန်သာ ရည်ရွယ်သည်ဟု သိရသည်။ “အလုပ်ရှင်တွေက ပါတီတွေပါလို့ လုပ်သားကိစ္စက ညှိနှိုင်းမရတာဆိုပြီး အလုပ်သမားဝန်ကြီးဌာနကို စာတင်တယ်လို့ သိရတယ်” ဟု ဦးစိုးဝင်းက ပြောသည်။ စက်ရုံအလုပ်ရုံ ၂၀ ခန့်တွင် အလုပ်သမားများ၏ လုပ်ခလစာများ၊ ခံစားခွင့်များ တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြမှုများ အနက် ၁၃ ရုံခန့်တွင် ပြေလည်မှုရရှိသော်လည်း ကျန်စက်ရုံခုနစ်ရုံတွင် ညှိနှိုင်း၍မရသေးကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြာသည်ဟု သိရသည်။ အမှတ်(၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးကမှု ဒုတိယဝန်ကြီးကမူ လက်ရှိ လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒဖော်ထုတ်မှုများကို ဖြေရှင်းရန် လျှပ်စစ်မီးပိုမိုရရှိရေး စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။


Myanmar Express

0 comments:

Post a Comment

LIKE BOX