Monday, May 28, 2012

တိုင်းပြည်နဲ့ ပြည်သူအတွက် ဒေါ်စု တိုးတက်အောင် လက်တွေ့ ပူးပေါင်း ဆောင်ရွက် ခြင်းလား? ကန့်လန့်တိုက် ခြင်းလား?

Posted by မျိုးချစ်သူရဲကောင်းများ On 3:50 PM 0 comments



တိုင်းပြည်နဲ့ ပြည်သူ့အတွက်ဆိုရင် အသုံးချခံရရင် ခံရပစေဆိုပြီး ပြောခဲ့တဲ့ ဒေါ်စုဟာ ရွေးကောက်ပွဲ ၀င်ပြိုင်ပြီး အနိုင်ရသွားပြီးတဲ့ နောက်ပိုင်းမှာ.. တိုင်းပြည် အတွက် ပြည်သူတွေ အတွက် ကိုယ်စားပြုပြီး တိုးတက် ဖြစ်ထွန်း အောင်မြင်အောင် ဆောင်ရွက် ပေးမလားလို့ စောင့်ကြည့်မိပါတယ်... ဒါပေမယ့် မြန်မာနိုင်ငံကို နိုင်ငံတကာက အကောင်းမြင်လာအောင်၊ ကမ္ဘာ့အလယ်မှာ မြန်မာဆိုပြီး တင့်တယ်လာအောင်၊ ပြည်သူတွေ အတွက် စားဝတ်နေရေး ပြေလည်စေဖို့ စီးပွားရေးတွေ တိုးတက်လာအောင် ကြိုးစားနေကြတဲ့ လက်ရှိ မြန်မာနိုင်ငံ အတွက် အလုပ်လုပ်နေကြတဲ့ သူတွေ ကြားထဲမှာ မေလ ၁၅ ရက် ၂၀၁၂ မှာ ဒေါ်စုက မြန်မာပြည်ရဲ့ တိုးတက် ပြောင်းလဲ မှုတွေကို လူတွေက အကောင်း မြင်လွန်းနေကြောင်း၊ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားတွေက အကောင်း မြင်လွန်းလို့ မရကြောင်းနဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေကို သတိထားပြီး ဆောင်ရွက်သွားဖို့ သူပြောနေကြ ထုံးစံ အတိုင်း ပြည်သူတွေ အတွက် ဆောင်ရွက် သွားပေးခဲ့ပါတယ်...

ကျွန်တော်တို့ အားလုံး မျှော်လင့်ခဲ့ကြတာက ဒေါ်စုဟာ သမ္မတကြီး ဦးသိန်းစိန်နဲ့ အတူ ပူးပေါင်း ဆောင်ရွက်ပြီး နိုင်ငံကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ပေးလိမ့်မယ်လို့ ထင်ခဲ့မိကြပါတယ်... အားလုံးနီးပါး (အဖျက်သမားတွေကလွဲလို့) ရဲ့ ဆန္ဒကလည်း ပူးပေါင်းဆောင်ရွက်ပြီး တိုးတက်အောင် လုပ်ပေးစေချင်ကြပါတယ်...

သို့သော် မြန်မာပြည်ကြီးကို ကမ္ဘာ့အလယ်မှာ တင့်တယ်အောင် မြန်မာနိုင်ငံသားတွေကို နိုင်ငံတကာမှာ တင့်တယ်အောင် အောက်မကျအောင်နဲ့ ပြည်တွင်းက ပြည်သူတွေ အတွက် ပြည်ပထွက်ပြီး မိသားစုနဲ့ တကွဲတပြားစီ နေပြီး ကျွန်ခံနေကြရတာတွေ လွတ်ကင်းအောင် စီးပွားရေး ပြန်ဖွင့်ဖို့ အင်တိုက်အားတိုက်နဲ့ ကြိုးစားနေတဲ့ သမ္မတကြီးကို ဒေါ်စုက တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် အမေရိကန်ကို စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်ဖွင့်ဖို့ အတွက် မသွားမှီ အချိန်ကိုက် ကန့်လန့် စတိုက် ခဲ့ပါတယ်... သမ္မတကြီးနဲ့ လက်တွေ့ ကြိုးစားပမ်းစားနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြတဲ့ သူတွေကိုမှ အားမနာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို မကူညီပဲ ငြိမ်ငြိမ်လည်း မနေတဲ့ အပြင် ရပ်တန့်အောင် အနှောက်အယှက် ဖြစ်အောင် ကြမ်းတုံး ၀င်ခုခဲ့ပါတယ်....


သို့ပေမယ့် အနောက်နိုင်ငံများနှင့် အာဆီယံနိုင်ငံ တော်တော် များများမှလည်း စီးပွားရေး ပြန်ဖွင့်ပေးဖို့ တောင်းဆို ပေးခဲ့ကြပြီး အမေရိကန် အမတ်တွေ ဂျွန်မက်ကိန်းတို့ ကိုယ်တိုင်မှလည်း စီးပွားရေးတွေ ပြန်ဖွင့်ပေးသင့်နေပြီး ဖြစ်အောင် ပြောဆိုလာခဲ့တဲ့ အထိ လက်ရှိ သမ္မတကြီးတို့ရဲ့ ကြိုးစားမှုတွေက အောင်မြင်ပြီး အသိအမှတ် မပြုပဲ မရသောကြောင့် သော်လည်းကောင်း၊ အမေရိကန်တို့ ဒါပြီးရင် စီးပွားရေး ဖွင့်ပေးမယ် ဟိုဟာပြီးရင် စီးပွားရေး ဖွင့်ပေးမယ်နဲ့ အချိန်ဆွဲလာခဲ့တာလည်း များနေပြီး ဖြစ်သဖြင့် စီးပွားရေး ပိတ်ဆို့မှုများကို မဖွင့်ပေးပဲ အခြေအနေများအရ မဖြစ်မနေ နီးပါး ရှိလာခဲ့တာကြောင့် မြန်မာပြည်နဲ့ ပြည်သူတွေ အတွက် ပါဆိုတဲ့ ဒေါ်စုမှ စီးပွားရေး ပိတ်ဆို့မှု ရှိနေစေချင်တဲ့ ကြားထဲမှ အကန့်အကတ်များစွာနဲ့ ပြန်လည် ဖွင့်ပေးခဲ့ပါတယ်...

ဒေါ်စုနဲ့ ကလင်တန်တို့ မေလ ၂၀ ရက် တနင်္ဂနွေ နေ့မှာပဲ ဖုန်းနဲ့ စီးပွားရေး ပိတ်ဆို့မှု ထားဖို့ အကြောင်း ဆွေးနွေးခဲ့ကြပြန်ပါတယ်...


တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ရှိတဲ့ ခြစ်ချုပ်ပေးနေရတဲ့ လျှပ်စစ် ဓါတ်အား လိုင်းလေးကြတော့လဲ... KIA ကဖျက်စီးလိုက်တာနဲ့ မီးမရရှိလို့ စတင် မေလ ၂၀ ရက်နေ့မှာပဲ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါတယ်...


တိုးတက်လာတော့မယ့် အလင်းရောင်လေး တွေ့နေရတုန်းလေးမှာ လျှပ်စစ်ထုတ်ဖို့ ဓါတ်ပေါင်းဖို ဆောက်မယ် လုပ်တော့ ကန့်ကွက်လိုက်ကြ၊ ကျောက်မီးသွေးလျှပ်စစ် စက်ရုံ တည်မယ် ဆိုတော့လည်း ကန့်ကွက် လိုက်ကြ၊ မြစ်ဆုံ လျှပ်စစ်ရေကာတာ ဆောက်မယ် ဆိုတော့လဲ ဘာမသိ ညာမသိနဲ့ သူများ ကန့်ကွက်တာနဲ့ လိုက်ကန့်ကွက် လိုက်ကြနဲ့... ရှိတဲ့ လျှပ်စစ် ဓါတ်အား လိုင်းလေးကြတော့လဲ... KIA ကဖျက်စီးလိုက်နဲ့ ကြားထဲက မီးမရပြန်တော့လဲ... မီးရရေး အော်ကြပြန်ကော... ကြားထဲက ဒီမီးရရှိရေး ဆန္ဒပြမှုကို ပိုမိုကြီးထွားအောင် နိုင်ငံရေး အမြတ်ထုတ်တဲ့ သူတွေက ၀င်နှမ်းဖြူး ပြီး တိုက်တိုက် ဆိုင်ဆိုင် ဒေါ်စုက ပြင်မယ်ဆိုတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို မဆီမဆိုင် တောင်းဆိုပြီး ဆန္ဒပြလာခဲ့ပါတယ်...


အဲဒီမှာ စဉ်းစားစရာ တစ်ခုက စာတမ်းတွေ ကိုင်ဆန္ဒပြနေကြတဲ့ သူတွေ ကြားထဲမှာ ဒေါ်စုက ဘာဖြစ်လို့ ဒီမိုကရေစီ နောက်မှ လုပ် လျှပ်စစ်မီးသာ ချက်ချင်း ပေး ဆိုတဲ့ သူကိုပဲ မကောင်းကြောင်း ဝေဖန်ပြီး အခြေခံဥပဒေ ပြင်ဖို့ မဆီမဆိုင် ၀င်ပြီး နှမ်းဖြူး ဆူပူအောင် လှုံဆော် ဆန္ဒပြ တဲ့ သူကို မသိချင်ယောင်ဆောင် ပြီးဘာမှ မပြောပဲ နေခဲ့ရတာလဲ?? အဲဒီလူက သူ့ပါတီထဲကလား၊ ဆူပူအောင် လှုံ့ဆော်ဖို့ ၀င်နှမ်းဖြူးဖို့ လွှတ်ထားတဲ့ ပါတီရဲ့ လက်ကိုင်တုတ်တွေလား?? ဆူပူအောင် လှုံ့ ဆော်ဖို့ ၀င်နှမ်းဖြူးဖို့ လွှတ်ထား တတ်တာ ဆိုလို့ မြန်မာပြည်မှာ ပါတီတစ်ခုပဲ ရှိပါတယ်.. အဲဒီပါတီကပဲ အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြောနေခဲ့တာပါ... စဉ်းစားစရာပါ...

ပထမအနေနဲ့ ဒေါ်စုက မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့မှုတွေ မရုပ်သိမ်းအောင် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် အမေရိကန် မသွားခင်မှာ အချိန်ကိုက် မြန်မာပြည်က စီးပွားရေး ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုတွေကို လူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေ အပေါ် သိပ်ကို အကောင်း မြင်လွန်းကြတယ် မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေဟာ နောက်ကြောင်း ပြန်မလှည့်ဘူးလို့ တရားသေ သတ်မှတ်လို့ မရတဲ့ အတွက် သတိထားပြီး ရုပ်သိမ်း ပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်...

ဒီနေရာမှာ ဒေါ်စု ပြောခဲ့တဲ့ နောက်ပြန်လှည့် နိုင်တယ် ဆိုတာပါပဲ... ပုံမှန်အား ဖြင့်ကတော့ စစ်တပ်ကလည်း ၂၅%နဲ့ လွှတ်တော်ထဲမှာ ပါပြီးနေပြီ အာဏာသိမ်းဖို့ရာလဲ မရှိ ဆူပူလို့ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်ခဲ့ရင်တောင် အခြေခံဥပဒေအရ ၁ နှစ်ပဲ အာဏာလွဲယူခွင့် ရှိတာပါ... တိုင်းရင်းသားတွေနဲ့ ပိုပြီးစည်းစည်းလုံးလုံး ဖြစ်အောင် အခုအနေအထားကနေ နောက်ထပ် ပြန်မလှည့်ဖို့ကလည်း အရေးကြီးနေပါတယ်... ပြန်လှည့်လိုက်ရင် တိုင်းရင်းသား အရေးက အခုလို အခြေအနေ ကောင်းတွေကနေ ဆိုးသွားနိုင်ပါတယ်... ဒါကြောင့် ပြန်လှည့်ဖို့ရာ မသေချာ မရေရာတဲ့ အခြေအနေကို ဒေါ်စုက ဘာကြောင့် နောက်ပြန်လှည့်သွားနိုင်တယ် လို့ ပြောခဲ့ရတာလဲ?

အဲဒီလို ပြောခဲ့ပြီး မကြာခင်မှာ... ဆူပူမှုတွေ ငြိမ်နေရာကနေ ပြင်းပြင်း ထန်ထန် နီးပါး စဖြစ်လာခဲ့တယ်... ၁၆ ရက်နေ့မှာ စဖြစ်ခဲ့တဲ့ အလုပ်သမား တွေ ဆန္ဒပြတာတွေလည်း အကြိမ်ကြိမ် ညိုနှိုင်းဆောင်ရွက် ပေးနေသူတွေ လုပ်ပေးနေသော်လည်း ငြိမ်မသွားပဲ စက်ရုံတော်တော်များများ ဆက်လက် ပါဝင် ဆန္ဒပြနေခဲ့တယ်... မီးရ ရေး ဆန္ဒပြသူတွေကို လည်း မီးစက်များ ယူ၍မီး ရနိုင်သလောက် ရအောင် ဆောင်ရွက် ပေးနေခဲ့သော်လည်း မီး ၂၄နာရီ ရရှိရေး ဆက်လက် ဆန္ဒပြနေခဲ့ကြပါတယ်...


ဒီနေရာမှာ ဒေါ်စုဟာ... မီးရရှိရေးကို ချက်ချင်း လုပ်ဆောင်လို့ မရနိုင်မှန်း သိနေပေမယ့်လည်း ဒီလို ဆန္ဒပြနေတာကို မိန်းမဥာဏ်နဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အာရုံရောက်သွားအောင် စနစ်ကိုလွဲချပြီး စနစ်မကောင်းလို့ မီးမရတာ ဖြစ်ကြောင်း မဆီမဆိုင် ပြောဆိုပြီး မီးရရှိရေး ဆန္ဒပြတာကို ထောက်ခံ အားပေးခဲ့ ပါတယ်..

နောက်ပြီး အခြေခံဥပဒေ ပြင်ဖို့ မဆီမဆိုင်နဲ့ မီးမှန်ရေး ဆန္ဒပြမှုမှာ လူတွေအနေနဲ့ လမ်းမှားအောင် လမ်းလွဲသွားအောင် အခြေခံဥပဒေ ပြင်ဆင်ရေးကို လှုံဆော်ခဲ့ပါတယ်... တကယ်လို့သာ မီးမှန်ရေးကနေ အခြေခံဥပဒေ ပြင်ဆင်ရေးကို သူတို့ အာရုံလွဲခဲ့သလို ဖြစ်သွားခဲ့ရင် ပြဿနာတွေ ကြီးကြီးမားမား တက်ရင်တက် တက်ခဲ့ရင်လည်း ဒေါ်စုပြောခဲ့သလို နောက်ပြန်လှည့် သွားနိုင်ပါလားဆိုပြီး နိုင်ငံတကာကနေ ထင်သွားမှာပါ အဲဒီလို အထင်တွေနဲ့ အတူ စီးပွားရေးလဲ ဆက်လက် အပိတ်ခံရမှာပါ... အခုလို မငြိမ်မသက် ဖြစ်နေရင်လည်း စီးပွားရေး ရင်နှီးမြုပ်နှံ သူတွေ အဖို့ လာမရင်းနှီးရဲ အောင် လုပ်ဆောင်နေသလို ဖြစ်နေပါတယ်... ဒါတွေက ဒေါ်စုတို့ အကြိုက်တွေ ဖြစ်နေတာတွေပါ... ဘာလို့လဲ ဆိုတော့ စီးပွားရေး မတိုးတက်ရင် တိုင်းပြည်လဲ တိုးတက်အောင် လုပ်လို့ မရဘူး ဒီတော့ ဒီအစိုးရ မကောင်းဘူး ပြောကြမှ သူ့ကို ထောက်ခံ အားပို ကောင်းလာမှာကိုး.. မဟုတ်ရင် သူ့ကို ထောက်ခံနေရာကနေ ဒီအစိုးရ ဘက်ကို အလေးသာ သွားမှာကို စိုးရိမ်းနေတာတွေလည်း ပါမှာပါ..

ဒါမှ မဟုတ် လက်ရှိ အစိုးရနဲ့ လွှတ်တော်က ပြည်သူဆန္ဒကို အကောင်အထည် ဖော်ပေးနေချိန် ဖြစ်လို့ အကောင် အထည်ဖော် ပေးရမယ်ဆိုပြီး မီဒီယာတွေက လည်း လွှင့်လာမယ် မဖြစ်မနေ အကောင်အထည် ဖော်ရတော့မယ် ဆိုတာနဲ့ ဒေါ်စုနဲ့ လွှတ်တော်ထဲရောက် သူ့ကို ထောက်ခံတဲ့ အမတ် တွေက တဆင့် ဒါတွေကို လုပ်ပေးဖို့ ဦးဆောင် ဆောင်ရွက်ဖို့ ထွက်လာနိုင်ပါတယ်... တစ်ချက်ခုတ် သုံးလေးချက် ပြတ်တဲ့ အစီအစဉ်တွေပါ...

ဒီလို အချိန်မှာ မြန်မာနိုင်ငံ တိုးတက်ဖို့ အတွက်နဲ့ ပြည်သူတွေ စားဝတ်နေရေး သက်သာချောင်ချိဖို့ အတွက် ဦးစားပေးပြီး ဆောင်ရွက်နေရမယ့် အချိန် ဖြစ်နေပေမယ့် ဒေါ်စုက ဘာကြောင့် အခြေခံ ဥပဒေကိုမှ ပြင်ဆင်နေရတာလဲ ဆိုတာလည်း စဉ်းစားစရာပါ...

ဒီဖြစ်စဉ်တွေမှာ ဒေါ်စုဟာ မြန်မာနိုင်ငံကို စီးပွားရေး ဆက်လက် ပိတ်ဆို့ထားဖို့နဲ့ မီးရရှိရေး ဆန္ဒပြမှုတွေမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို လမ်းလွဲအောင် ဖြစ်မြောက်အောင် ကြိုးပမ်းနေကြတယ်ဆိုတာ ထင်ရှားပါတယ်... ဒီလို ဆူပူမှုတွေ မဖြစ်ခင်မှာနဲ့ ဖြစ်နေတဲ့ အချိန်မှာ ဒေါ်စုဟာ ခေါင်းဆောင် တစ်ယောက်လို့ ကိုယ့်ကိုကိုယ် ခံယူထားပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင်နဲ့ အဆင်ပြေအောင် ကိုယ်တိုင်ကိုယ်ကျ လုပ်ပေး ဆောင်ရွက်ပေးခြင်း မရှိပဲ ခေါင်းဆောင် တစ်ယောက်နဲ့ မလျော်ညီပဲ အတင်းအဖျင်း စကားဆန်ဆန် နှမ်းဖြူးစကားတွေနဲ့ လက်တွေ့မရှိတဲ့ သီအိုရီတွေရွတ်၊ မရင့်ကျက်တဲ့ပုံစံ၊ ခေါင်းဆောင် ပီသမှုမရှိတဲ့ ရပ်ကွက်ထဲက ငါးစိမ်းတန်းထဲက အတင်းတုပ် အပုပ်ချနေကြတဲ့ မိန်းမလိုလို မီးစာထိုး ပေးနေ ခြင်းက အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင် အထည် ဖော်ဆောင်ရွက် နိုင်ဖို့ အရည်အချင်း မရှိဘူး ဆိုတာကို ပြနေသလိုပါပဲ....

ဒီလိုတွေ လုပ်နေတာတွေက တိုင်းပြည်နဲ့ ပြည်သူအတွက် ဒေါ်စု လက်တွေ့ ပူးပေါင်း ဆောင်ရွက်ခြင်းလား? ကန့်လန့်တိုက်ခြင်းလား?

(သွေးသစ္စာ)

0 comments:

Post a Comment

LIKE BOX